Main menu

Background

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 05/23/2023 - 12:37 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ မေ ၆  ရက်မှ ၁၂  ရက်အထိ တစ်ပတ်အတွင်း အများဆုံတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်း  ၁၀ မျိုးမှာ မြေပဲဆန် ၇၆၉ တန်၊ တန်ဖိုး  ၁ဒသမ၁၉၃ ဒေါ်လာသန်း၊ ပဲတီစိမ်း ၁၂၅၆ဒသမ ၇၅၀  တန်၊ တန်ဖိုး သုည ဒသမ ၇၅၆  ဒေါ်လာသန်း၊ ဆန်ကွဲ  ၁၃၅၀ ဒသမ ၅၀ဝ တန်၊ တန်ဖိုး သုည ဒသမ ၅၂၂ ဒေါ်လာသန်း၊ နှမ်းနက်  ၂၀၁ ဒသမ ၅၀ဝ  တန်၊ တန်ဖိုး သုညဒသမ၂၉၂  ဒေါ်လာသန်း၊ လက်ဖက် ခြောက် ၂၃၃ ဒသမ ၃၅၂ တန်၊ တန်ဖိုး သုည  ဒသမ၂၂၅ ဒေါ်လာသန်း၊ ဝဥခြောက် ၁၀၃ ဒသမ ၁၂၀  တန်၊ တန်ဖိုး သုည ဒသမ ၁၇၇  ဒေါ်လာသန်း၊ ရော်ဘာ ၁၃၈ ဒသမ ၅၀ဝ တန်၊ တန်ဖိုး သုည ဒသမ ၁၆၀ ဒေါ်လာသန်း၊ ရော်ဘာကြမ်း  ၁၅၄ တန်၊ တန်ဖိုး သုည ဒသမ ၁၁၂ ဒေါ်လာသန်း၊ ပဲယင်း  ၆၈  တန်၊ တန်ဖိုး သုည ဒသမ ဝ၅၅ ဒေါ်လာသန်း၊ ပြောင်း ၁၃၇ ဒသမ ၅၀ဝ  တန်၊ တန်ဖိုး သုည ဒသမ ဝ၄၅ ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့သည်။
အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း ၁၀မျိုးမှာ ချည်ထည်များ  ၂ဒသမ ၉၁၁  ဒေါ်လာသန်း၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ  ၂ဒသမ၂၈၂ ဒေါ်လာသန်း၊ သံနှင့် သံမဏိပစ္စည်း  ၁ ဒသမ ၉၀၇  ဒေါ်လာသန်း၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များ  ၁ဒသမ ၈၁၂ ဒေါ်လာ သန်း၊ ဓာတ်မြေသြဇာ  ၁ ဒသမ ၃၅၂ ဒေါ်လာသန်း၊ အခြား ပစ္စည်းများ သုည ဒသမ ၅၃၀  ဒေါ်လာ သန်း၊ အချိုမှုန့် သုည ဒသမ ၄၂၉ ဒေါ်လာသန်း၊ ပလတ်စတစ်ကုန်ကြမ်း ပစ္စည်းများ သုည ဒသမ ၃၉၇ ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ သုည ဒသမ ၃၈၆ ဒေါ်လာသန်း၊ လေအေးပေးစက်များ သုည ဒသမ ၂၃၀ ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။
ကုန်စည်သယ်ယူစရိတ်အနေဖြင့်  မန္တလေးမှ ချင်း ရွှေဟော်သို့ ယခုပတ်တွင် ပို့ကုန်တစ်တန်လျှင် ကျပ် ၆၀ဝ၀ဝ ရှိကြောင်း သိရှိရသည်။  လယ်ယာထွက်ကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်းမှာ ဆန် ၃၂၀ဝ  ယွမ်နှုန်း၊ ဆန်ကွဲ ၃၁၀ဝ  ယွမ်နှုန်း၊ ပဲတီစိမ်း  ၅၉၀ဝ ယွမ်နှုန်း၊ မြေထောက်ပဲ ၈၀ဝ၀  ယွမ်နှုန်း၊ ပဲလွမ်းဖြူ ၄၂၀ဝ  ယွမ်နှုန်း၊ ပြောင်း ၂၃၀ဝ ယွမ်နှုန်း၊ နှမ်း  ၁၂၀ဝ၀ ယွမ်နှုန်း၊ ရော် ဘာ  ၈၀ဝ၀  ယွမ်နှုန်း၊ ငရုတ်အစို  ၅၀ဝ၀  ယွမ်နှုန်း၊ ငရုတ်ခြောက်  ၉၀ဝ၀  ယွမ်နှုန်း ရှိခဲ့ကြောင်း သိရှိရသည်။ 

 

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း