Main menu

Background

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်၏ အဓိက ကုန်သွယ်ရေးစခန်း စစ်တွေနှင့် မောင်တော

Mon, 10/23/2023 - 15:09 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည်  အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ လျက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင် ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို စစ်တွေ ကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းများဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိသည်။ 
တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ မူဆယ်-မန္တလေး- ကျောက်ဖြူ ကီလိုမီတာ ၁၄၀ဝ ရှည်လျားသော အမြန်ရထား လမ်းဖြင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်နိုင်ရေး စီမံကိန်းများ ပါဝင်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် စစ်တွေဒေသသည် အရှေ့အာရှနိုင်ငံများနှင့် အနောက်အာရှနိုင်ငံများ၊ အာဖရိက နိုင်ငံများအကြား ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိကကျသော ဒေသတစ်ခုဖြစ်လာသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ကုန် များမှာ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ ဖြစ်ပြီး သွင်းကုန်များမှာ ပလတ်စတစ်ပစ္စည်း၊  A4 စက္ကူနှင့် အဝတ်အထည်များဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦး ရေ သိပ်သည်းဆ များပြားသောနိုင်ငံဖြစ်သည့်အလျောက် စားနပ်ရိက္ခာများ လုံလောက်မှုမရှိ၍ ပြည်ပမှတင်သွင်းရသည့် နိုင်ငံဖြစ်သဖြင့် မြန်မာနိုင်ငံမှ ဆန်နှင့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများကို  တင်သွင်းနေရသည်။ အလားတူ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်ထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ နှစ်စဉ်တန်ချိန် လေးသိန်းခန့် ဝယ်ယူရေးအတွက်G To G သဘောတူစာချုပ် ချုပ်ဆိုထားသည့်နိုင်ငံဖြစ်သည်။    
မြန်မာနိုင်ငံအနေဖြင့် စစ်တွေဆိပ်ကမ်းကို အသုံးပြု၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်နှင့် လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ပစ္စည်းများ တင်ပို့ခြင်းကိုလည်းကောင်း၊ အိန္ဒိယ နိုင်ငံသို့ ပဲတင်ပို့ခြင်းကိုလည်းကောင်း ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အိန္ဒိယ၊ အာရှအလယ်ပိုင်းနိုင်ငံများသို့လည်းကောင်း၊ အာဖရိကနိုင်ငံများသို့လည်းကောင်း ချိတ်ဆက်၍ ကုန်သွယ် မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 
လက်ရှိအခြေအနေတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန် သွယ်မှုမှာ ရခိုင်ပြည်နယ် ဒေသထွက်ကုန်များ အနည်းငယ် သာပါဝင်ပြီး ရခိုင်ပြည်နယ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့်  ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ ထုတ်လုပ်တင်ပို့နိုင်သည်အထိ လုပ်ဆောင်နိုင်သော အခွင့်အလမ်းများ ဖြစ်ပေါ်လျက်ရှိသည်။ ဒေသထွက်ကုန် များ ပိုမိုထွက်ရှိပါကMSME  လုပ်ငန်းများမှတစ်ဆင့် Value Added  ထုတ်ကုန်အဖြစ် ဆောင်ရွက်ခြင်းဖြင့် ဒေသအလုပ် အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာပါက ဒေသပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

 

စစ်တွေကုန်သွယ်ရေးစခန်း