တည်ငြိမ်အေးချမ်းမှု၊ လူနှင့်သဘာဝအရင်းအမြစ်များ၏ လိုက်ဖက်ပြွေါကယ်ဝမှု၊ ပထဝီအနေအထားအရ ထိစပ်မှုရှိသည့် အားသာချက်များကို ဆုပ်ကိုင်၍ မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ ခြောက်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ(ယူနန်ပြည်နယ်)၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးအတွက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် Greater Mekong Subregion Economic Cooperation) တစ်ရပ်ကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးမှုဖြင့် ၁၉၉၂ခုနှစ်တွင် စတင်ဆောင် ရွက်ခဲ့ကြသည်။
GMSအစီအစဉ်အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြုပြင်ပြောင်းလဲမှုများ၊ ရှေ့သွားနောက်လိုက်ညီညွတ်မှုများ၊ ဈေးကွက်ဖွင့်လှစ်ရေး အစီအမံ များနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် မှုကြောင့် မဟာဒေသခွဲသည် အရှေ့တောင်အာရှအလယ်ပိုင်းတွင် တကြွ်ကသော စီးပွားရေး ဒေသတစ်ခု ဖန်တီးရာ၌ အားမာန်အပြည့် ဖြင့် ဆက်လက်ချီတက်လျက်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ်နှင့်ကပ်လျက် Guargxi Zhuang Autonomous Regionပါဝင်လာပြီဖြစ်သည်။
မဟာမဲခေါင်ဒေသခွဲမှ ဒေသအားလုံးနှင့်လူမျိုးစုများအတွက် သိသိသာသာ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ၊ ဆင်းရဲမွဲတေမှုမှ လူထုကို လွတ်မြောက်စေခြင်းဖြင့် မဟာမဲခေါင်ဒေသခွဲသည် ၎င်း၏ ကြီးမားသော အလားအလာကို ပြည့်ပြည့်ဝ၀ ဆောင်ရွက်ရန် မျှော် မှန်းချက်ထားရှိသည်။ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ် သည်-
(က) မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွင်း စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊
(ခ) ဒေသခွဲအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေ ထုတ်ရန်၊
(ဂ) အခြေခံစီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း များကို အကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း စက်မှု လယ်ယာ၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ရေး အတွက် ပူး ပေါင်းဆောင်ရွက်ရန်။
မဟာမဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအမြစ် မျှဝေ ခံစားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခွဲအတွင်း လူနှင့်ကုန်ပစ္စည်း များ လွတ်လွတ်လပ်လပ် စီးဆင်းသွားလာရေးကို အထောက်အကူပြု ရန်ဖြစ်သည်။ မဟာမဲခေါင်ဒေသခွဲ၏ အဓိကဆောင်ပုဒ်မှာ ဆက် သွယ်၊ ယှက်နွှယ်၊ ပေါင်းစည်းကြမယ်ဟူသော Three Csဖြစ်သည့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှု Connectivity)၊ ပြိုင်ဆိုင်မှု (Competitiveness) နှင့် ပေါင်းစည်းမှုCommunity)တို့ကို ရှေးရှု ဆောင်ရွက်ရန် ဖြစ်သည်။ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဓိက ဦးစားပေးကဏ္ဍများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) သယ်ယူပို့ဆောင်ရေး (Transport)
(ခ) ဆက်သွယ်ရေး (Communication)
(ဂ) စွမ်းအင် (Energy)
(ဃ) ကုန်သွယ်ရေး Trade))
(င) ရင်းနှီးမြှုပ်နှံမှု Investment)
(စ) စိုက်ပျိုးရေး (Agriculture)
(ဆ) သဘာဝပတ်ဝန်းကျင် (Environment)
(ဇ) ခရီးသွားလုပ်ငန်း Tourism
(ဈ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး
Human Resources Development)
အရှေ့အနောက်စီးပွားရေးစင်္ကြံသည် ဗီယက်နမ်နိုင်ငံ ဒါနန်း ဆိပ်ကမ်းမှလာအိုနိုင်ငံကိုဖြတ်ကာ ထိုင်းနှင့်မြန်မာနိုင်ငံရှိမော်လမြိုင် ဆိပ်ကမ်းတို့အထိ ဖြတ်သန်းသွားမည်ဖြစ်သည်။ ၎င်းသည် ကီလို မီတာ ၁၃၂၀ ရှည်လျားပြီး ထိုင်းနိုင်ငံH Tak နှင့်Phitsanulok ပြည် နယ်များရှိ မြောက်-တောင်စီးပွားရေးစင်္ကြံလမ်းကို ဖြတ်ထားသည်။ အရှေ့အနောက်စီးပွားရေးစင်္ကြံသည် အောက်ဖော်ပြပါ အရေးကြီး သည့် ကူးသန်းရောင်းဝယ်ရေးနယ်ပယ်များကို ချိတ်ဆက်ပေးထား သည်။
ထိုင်းနိုင်ငံတွင်Mae Sot Phitsanulok Khon Kaen Kalasin Mukdahan မြန်မာနိုင်ငံတွင် မော်လမြိုင်-မြဝတီ၊ လာအိုနိုင်ငံတွင်Savannakhet Dandavanh နှင့် ဗီယက်နမ်နိုင်ငံတွင်Lao Bao-Hue-Dong Ha-Da Nang တို့ကို ချိတ်ဆက်ထားသည်။
မဟာမဲခေါင်ဒေသခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏အခန်းကဏ္ဍမှာမဟာမဲခေါင်ဒေသအတွင်း ဆက် စပ်လျက်ရှိသော နိုင်ငံများ၏နယ်စပ်ဒေသကိုဖြတ်ကျော်၍ကုန်သွယ် မှုများနှင့်ပတ်သက်၍ လွယ်ကူလျင်မြန်ချော့မွေ့စေရေး ဆောင်ရွက် ပေးရန်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရန် လူနှင့်ကုန်စည်များ၊ ယာဉ်များ ဝင်ထွက်သွားလာမှုမှန်ကန် မြန်ဆန်ရန်နှင့် နိုင်ငံကို ထိခိုက်နစ်နာစေမည့်ကိစ္စရပ်များ မဖြစ်ပေါ် စေရေး အခြားသက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ် သည်။
ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေ ရေးနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေး ဖြေလျှော့မှုများကို ဆောင်ရွက်ပေး လျက်ရှိပြီး ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး အတွက်လည်း သက် ဆိုင်ရာဌာနများနှင် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု အရ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် ထိုင်း နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး လွန်ခဲ့သော ငါးလခန့်က (၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ သြဂုတ်လအထိ) ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၈ ဘီလီယံကျော်ရှိပြီး သွင်းကုန် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၇၈၅ ဘီလီယံကျော်ရှိကာ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ဘီလီယံ ရှိကြောင်းသိရှိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ သည် မြန်မာနိုင်ငံ၏ အဓိကအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး ၎င်း၏နောက်တွင် စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့လည်း ပါဝင် ကြောင်း သိရှိရသည်။
လွန်ခဲ့သောနှစ်များ တနင်္သာရီတိုင်းဒေသကြီးမှ သဘာဝဓာတ် ငွေ့တင်ပို့မှုသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု တိုးမြှင့်မှုတွင် အဓိကအထောက်အပံ့ပေးလျက်ရှိသည်။ ယမန်နှစ်က ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုသည်လည်း သိသိသာသာ မြင့်တက်ခဲ့သည်။ မြန်မာ နိုင်ငံမှသဘာဝဓာတ်ငွေ့၊ ရေထွက်ပစ္စည်း၊ ကျောက်မီးသွေး၊ အုန်းသီး အစို/အခြောက်၊ ပဲ၊ ပြောင်း၊ မျှစ်၊ နှမ်း၊ အထည်အလိပ်၊ ဖိနပ်၊ ဆန် ကွဲနှင့်အခြားကုန်စည်များကို ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ စက်ပစ္စည်း၊ ဘိလပ်မြေနှင့် ဓာတ် မြေသြဇာကဲ့သို့သော စက်မှုကုန်ကြမ်းပစ္စည်းများနှင့် အလှကုန်၊ ဟင်း သီးဟင်းရွက်ဆီနှင့် အစားအစာကဲ့သို့သော လူသုံးကုန်ပစ္စည်းများကို တင်သွင်းသည်။
စီးပွားရေးစင်္ကြံများသည် များသောအားဖြင့် အဓိက လမ်းမကြီးများတစ်လျှောက်တွင် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ လှုပ်ရှားမှုအမျိုးမျိုးကို လက်ခံဆောင်ရွက်ပေးသည့် နယ်မြေများဖြစ် သည်။ ယင်းတွင် စက်ရုံ၊ အလုပ်ရုံများ ခရီးသွားလာရေး၊ ကုန်သွယ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စီးပွားရေးနှင့် ဧရိယာ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြားကဏ္ဍများ ပါဝင် နေသဖြင့် အဆိုပါကဏ္ဍများ တိုးတက်လာစေရေး အလားအလာ ကောင်းများရှိကြောင်း သုံးသပ်ရရှိပါသည်။
မြဝတီကုန်သွယ်ရေးစခန်း