Main menu

Background

ရော်ဘာ တစ်ဧက ပေါင်တစ်ထောင်နှင့်အထက် ထွက်ရှိရေး စီမံချက်ရေးဆွဲ

Mon, 12/01/2025 - 11:12 -- journal_editor

ရော်ဘာစိုက်ပျိုးဧကများတွင် ပန်းတိုင် အထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် တစ် ဧက ပေါင် ၁၀ဝ၀ နှင့်အထက် ထွက်ရှိရေး စီမံ ချက် ရေးဆွဲဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး ဦးစီးဌာန (ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲက သိရ သည်။ မြန်မာနိုင်ငံ၌ ရော်ဘာ သီးနှံစိုက်ဧက  ၁ ဒသမ ၆ သန်း ဝန်းကျင်ရှိပြီး  တနင်္သာရီတိုင်း ဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိက စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။
အထွက်နှုန်းတိုးရန် သုတေသနပြုရေးဆွဲ ထားသည့်နည်းလမ်းများရှိပြီး  သက်တမ်းလွန် ပင်အိုများကို ခုတ်လှဲပြီး မျိုးကောင်းမျိုးသန့်များ ပြန်လည်အစားထိုး  ရွေးချယ်စိုက်ပျိုးသွားမည် ဆိုပါက  အထွက်နှုန်း  ပိုမိုမြင့်မားလာမည်ဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ရော်ဘာ တန်ချိန် ၃၄၆၇၇၀ ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်ပသို့ တန် ၂၉၉၆၄၀ တင်ပို့နိုင်ခဲ့ကာ စုစုပေါင်း ထုတ် လုပ်မှု၏ ၈၆ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့နိုင်ခဲ့၍ အမေရိကန်ဒေါ်လာ ၄၈၁ ဒသမ ဝ၄၂ သန်း ရရှိ ခဲ့ကြောင်း သိရသည်။
ထို့ပြင် တစ်ဧက ပျမ်းမျှအထွက်နှုန်း၇၂၇ ဒသမ ၄၉ ပေါင် ထွက်ရှိရာမှ ပေါင် ၁၀ဝ၀ နှင့် ထွက်ထိ ပန်းတိုင်းအထွက်နှုန်းရရှိရန် ဆောင် ရွက်နေပြီး ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။                              

 

 ကိုတိုး