ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရရှိရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်းမှ သိရသည်။
ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့ရန် လျာထားပြီး ယင်းမှ ပို့ကုန်ဝင်ငွေဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ခန့်ရရှိရန် မျှော်မှန်းထားသည်။
လက်ရှိတွင်ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအဝင် ဥရောပဈေးကွက်သို့လည်း တင်ပို့ လျက်ရှိသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတင်ပို့မှုမှ ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ ရရှိခဲ့ပြီး ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရ သည်။
နိုင်ငံတစ်ဝန်း ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတွင် တစ် နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့် သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ ၇၂ ရာခိုင်နှုန်း သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများဖြစ်ပြီး ပဲလွမ်း၊ မြေ ထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲ နှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
ကိုတိုး
