Main menu

Background

ပြည်ပပို့ကုန် ပဲမိုျးစုံကို တန်ဖိုးမြှင့်ထုတ်ကုန် (Value added) အဖြစ် တိုးမြှင့်ထုတ်လုပ်ပြီး အဆင့်မြင့်ဈေးကွက် ထိုးဖောက်တင်ပို့နိုင်ဖို့ ပုဂ္ဂလိက ကဏ္ဍ၏ကြိုးပမ်းမှုများ

Tue, 03/09/2010 - 10:00 -- Anonymous (not verified)

စိုက်ပိုျးရေးအခြေခံသီးနံှများထဲက ပဲအမျိုးမျိုးကို ပြည်ပနိုင်ငံများသို့တင်ပို့ရာမှာ အဆင့်မြင့်ဈေးကွက်ကို ထိုး ဖောက်တင်ပို့နိုင်ရန်အတွက် အရည်အသွေးမြင့်မားရပါမယ်။ ပဲအမျိုးမျိုးကို ခေတ်မီစက်ကိရိယာများသုံးပြီး တန်ဖိုးမြင့်ထုတ်ကုန် (Value added) အဖြစ် ထုတ်လုပ်တင်ပို့ရောင်းချနေတဲ့ ရွှေသဇင်ကုမ္ပဏီနဲ့ အာကာဦး ကုမ္ပဏီများသို့ ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချဌာနခွဲ    -၂ (PTAC - 2) မှ သွားရောက်မေး မြန်းခဲ့တာ တွေကို Commerce ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ဦးစိန်သန်း (မန်နေဂျင်းဒါရိုက်တာ၊ ရွှေသဇင်ကုမ္ပဏီ)    ပဲမျိုးစုံသန့်စင်ရာမှာ ပဲသန့်စင်စက်များနဲ့ သန့်စင်ပြီးဇကာတွေရဲ့ အရွယ်အစားကို လိုသလိုခွဲပြီးရင် ပဲတွေမှာရောနှောနေတဲ့ အရောင်မညီ၊ အရောင်ပျက်တွေနဲ့ မျိုးကွဲသီးနှံတွေကို အရင်ကလူအင်အားသုံးပြီး ရွေးချယ်ရတဲ့အတွက် တင်ပို့ရမယ့်ပမာဏရဖို့ အချိန်ကြာပါတယ်။ လူအင်အား ၂၀၀ လောက်သုံးရပြီး အရည်အသွေးကိုလည်း အာမမခံနိုင်ပါဘူး။ ဒါကြောင့်မို့ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလမှာ Satake Color Sorter (Japan) တစ်လုံး ဝယ်ယူတပ်ဆင် အသုံးပြုခဲ့ပါတယ်။ စက်တန်ဖိုးက ၇၂၀၀၀ USD နဲ့ တပ်ဆင်စရိတ်အပါအဝင် ကျပ်သိန်း ၉၀၀ နီးပါးခန့်ကုန်ကျခဲ့ပေမယ့် စက်တပ်ဆင်ထားတဲ့အတွက် စက်ကိုင်အော်ပရေတာ ဝန် ထမ်းသုံးဦးနဲ့ အိတ်သွပ်၊ အိတ်ချုပ်နှစ်ဦးပဲ လိုအပ်ပါတယ်။ တစ်နာရီ ၃ တန်ကျနှုန်းနဲ့ အရောင်မညီ ပဲတွေနဲ့ မျိုးကွဲသီးနှံတွေကို ရွေးထုတ်ပေးနိုင်လို့ အချိန်ကုန်သက်သာပြီး အရည်အသွေးမြင့်တဲ့ ပဲတွေကို တစ်နေ့ကွန်တိန်နာ တစ်လုံးမှ နှစ်လုံးအထိ ထုတ်လုပ်နိုင်ပြီး အချိန်မီသင်္ဘော တင်နိုင်တဲ့အပြင် ပဲတစ်တန်ကို (25-30) USD အထိပိုရပြီး တွက်ခြေကိုက်ပါတယ်။     မိမိတို့ကုမ္ပဏီအနေနဲ့ နောက်ထပ် တစ်နာရီ ၄ တန်ကျ IDEAL Color Sorter (Korea) တစ်လုံး တပ်ဆင်နေပါတယ်။  စက် တန်ဖိုးက ၆၂၀၀၀ USD  ဖြစ်ပြီး၊ စက်တပ်ဆင်ပြီး ကုန်ကျစရိတ် ကျပ်သိန်း ၇၀၀ ခန့် ကုန်ကျမှာဖြစ်ပါတယ်။ မနှစ်က ပဲမျိုးစုံ တန်ချိန်  နှစ်သောင်းကျော်ခန့် တင်ပို့ခဲ့ရာမှာ ဥရောပဈေးကွက်ကို ပဲတီစိမ်းနဲ့ မြေထောက်ပဲ တန်ချိန် ၃၀၀၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ Color Sorter နှစ်လုံးနဲ့ လည်ပတ်မှာဖြစ်လို့ ဥရောပဈေးကွက်ကို ပိုမိုတိုးချဲ့ တင်ပို့နိုင်မှာ သေချာပါတယ်။     အခြားကုမ္ပဏီတွေအနေနဲ့လည်းပဲ သန့်စင်စက်တွေက တပ်ဆင်ပြီးသားရှိနေလို့  Color Sorter တစ်လုံး  ထပ်မံတပ်ဆင်လိုက် မယ်ဆိုရင် စက်တန်ဖိုးနဲ့ တပ်ဆင်စရိတ် အပါအဝင် သိန်း ၇၀၀ ကျပ်ခန့်သာ ထပ်မံရင်းနှီး ရမှာဖြစ်ပါတယ်။ ဒီပမာဏဟာ ပဲတင်ပို့သူတွေ အတွက် လုပ်သာကိုင်သာရှိတဲ့ ရင်းနှီးငွေပမာဏလို့ ထင်ပါတယ်။ တကယ်လို့ Color Sorter တပ်ဆင်ခြင်း အတွက် အခက်အခဲရှိနေရင်လည်း ဘဏ်ချေးငွေ (သို့) အခြားနည်း လမ်းများရှာပြီး ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ သို့မှသာ အရည်အသွေးကောင်းတဲ့ပဲတွေကို အများအပြား ထုတ်လုပ်နိုင်ပြီး အဆင့်မြင့်ဈေးကွက်ကို ထိုးဖောက်တင်ပို့လာနိုင် မယ်လို့ ယုံကြည်ပါတယ်။ဦးကျော်မင်းထွန်း (ပို့ကုန်မန်နေဂျာ၊ ရွှေသဇင်ကုမ္ပဏီ)    ရွှေသဇင်  ကုမ္ပဏီအနေနဲ့ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ မြေထောက်ပဲ၊ ပဲပိစပ်၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲယင်းစတဲ့ ပဲမျိုးစုံအမယ် ပေါင်း ၂၀ခန့်နဲ့ နှမ်းနက်၊ နှမ်းဖြူတွေကို သန့်စင်ပြီး Value added အနေနဲ့ နိုင်ငံခြားကို တင်ပို့ရောင်းချနေပါတယ်။  ရောင်းချတဲ့  နိုင်ငံတွေကတော့ အိန္ဒိယ၊  အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်ဝမ်၊ အီဂျစ်၊  ယူကေ၊  နယ်သာလန်၊   ဘယ်ဂျီယမ်နဲ့ အာရပ်စော်ဘွားများနိုင်ငံ (ဒူဘိုင်း)တို့ကို တင်ပို့ပါတယ်။ရွှေသဇင်ကုမ္ပဏီမှာ ပဲသန့်စင်စက် လေးလုံးရှိပြီး၊  Blower,  Gravity, Separator နဲ့ Destoner တွေကို တရုတ်(တိုင်ပေ)ကနေ ဝယ်ယူပြီး၊ ကျန်အစိတ်အပိုင်းတွေကိုတော့ ပြည်တွင်းက နေထုတ်လုပ်တပ်ဆင်ထားပါတယ်။ ပဲသန့်စင်စက်များဟာ ပဲအမျိုးအစား လိုက်ပြီး တစ်နေ့ကို ကုန်ချောတန် ၄၀ ကနေ တန် ၆၀ အထိ သန့်စင်နိုင်ပါတယ်။ Color Sorter ကိုလည်း နှစ်လုံးအထိ တိုးချဲ့ တပ်ဆင်နိုင်ပြီဖြစ်လို့  ပြည်ပတင်ပို့ရေး  ကိစ္စတွေက အခက်အခဲ မရှိတော့ပါဘူး။ ၂၀၀၉ ခုနှစ်မှာ အီဂျစ်ကို ပဲလွန်းဖြူအများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှာအဆင့်မြင့် (ဥရော ပဈေးကွက်) ကို ပိုမိုထိုးဖောက်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ Kin Young Hyun (အထွေထွေမန်နေဂျာ)  MIWON SHWE THAZIN Co., Ltd.    ယခုတပ်ဆင်နေတဲ့ Color Sorter ကတော့ တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်ပြီး ကွန်ပျူတာစနစ်နဲ့ အသုံးပြုနိုင်လို့ ပဲမျိုးစုံ အတွက် အဓိကထားထုတ်လုပ်ထားတာဖြစ်ပါတယ်။  ဒီစက်ဟာ Computer စနစ်ကဲ့သို့ Command ပေးတဲ့အတိုင်း လုပ်ကိုင် ဆောင်ရွက်ပါတယ်။ သန့်စင်လိုတဲ့ ပဲအမျိုးအစားများအလိုက် လိုချင်တဲ့အဆင့် အတန်းမျိုးရရှိတဲ့အထိ ကိုရီးယားနိုင်ငံမှ ပညာရှင် များက စမ်းသပ်တပ်ဆင် လည်ပတ်လျက်ရှိပြီး၊ နည်းပညာကိုလည်း လွှဲပြောင်းသင်ကြားပေးလျက် ရှိပါတယ်။ ကွန်ပျူတာထိန်းချုပ် စနစ်ကို အလွယ်တကူနားလည်နိုင်ဖို့အတွက် အင်္ဂလိပ်၊ မြန်မာ၊ တရုတ်ဘာသာတွေနဲ့ ပြောင်းလဲအသုံးပြုဖို့လည်း စီစဉ်ထား ပါတယ်။    Color Sorter စက်ကို သီးခြားအခန်းဖွဲ့ စည်းပေးထားပြီးလေအေးစက် တပ်ဆင်ပေးရပါတယ်။ လက်ရှိ စမ်းသပ်မှုအရ ပဲလွန်း ဖြူကိုတစ်နာရီ ၄တန်ကျ အရောင်ခွဲခြားသန့်စင်ပေးနိုင်ပြီး၊ ၂၄ နာရီ အသုံးပြုနိုင်ပါတယ်။  မြန်မာနိုင်ငံဟာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့နေတဲ့အတွက် ဒီလို ခေတ်မီစက်တွေနဲ့ သန့်စင်ပြီးတင်ပို့မယ်ဆိုရင် အဆင့်မြင့်ဈေးကွက်ကို ထိုးဖောက်နိုင်မှာဖြစ်လို့ ခေတ်မီ စက်ကိရိယာတွေ ပိုပြီးအသုံးပြုဖို့ လိုအပ်နေပါတယ်။ဦးအောင်သန်းဦး (ဒါရိုက်တာ၊ အာကာဦးကုမ္ပဏီ)    အာကာဦးကုမ္ပဏီအနေနဲ့ ပဲတီစိမ်း၊ မတ်ပဲနဲ့ ပဲစဉ်းငုံတို့ကို ပဲခွဲခြမ်းအဖြစ်လည်းကောင်း၊ ပဲတီစိမ်းနဲ့ မတ်ပဲကို အလုံးလိုက် အခွံချွတ်၊ အရောင်တင်ပြီး လည်းကောင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်အနေနဲ့ နိုင်ငံခြားကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဒူဘိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ စင်ကာပူ၊ ကနေဒါနဲ့ အင်္ဂလန်တို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီမှာ ပဲသန့်စင်စက် နှစ်လုံး၊ ပဲအခြမ်းခွဲစက် နှစ်လုံးနဲ့ Color Sorter (England) တစ်လုံး  တပ်ဆင်ထားပါတယ်။ Color Sorter ကို ၂၀၀၉ ခုနှစ်၊ မေလမှာ စတင်တပ်ဆင်ခဲ့ကာ သန့်စင်ပြီး ပဲအခြမ်းခွဲပြီးတဲ့ ပဲတွေနဲ့ အလုံးလိုက် အခွံချွတ်၊ အရောင်တင်ပြီးတဲ့ ပဲတွေထဲက အခွံမကျွတ်တဲ့ပဲတွေ၊ မျိုးကွဲသီးနှံတွေကို Color Sorter နဲ့ ရွေးထုတ်သန့်စင်ပြီး အရည်အသွေးကောင်းတဲ့ ပဲတွေကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ယခင်က ထက် ၅၀ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီထက်ပိုပြီး အဆင်ြ့မင့်ဈေးကွက်ကို ထိုးဖောက်တင်ပို့လိုရင်တော့ ISO လက်မှတ်ရရှိတဲ့အဆင့်အထိ ကြိုး ပမ်းရမယ်လို့ ထင်ပါတယ်။              PTAC-2