Main menu

Background

ထိုင်းနိုင်ငံက ပါကစ္စတန်၊ တူရကီ နိုင်ငံတို့နှင်FTA ဆွေးနွေးမှု ပြန်လည်စတင်မည်

Wed, 02/18/2015 - 20:09 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

     ထိုင်းနိုင်ငံသည် ပါကစ္စတန်၊ တူရကီနိုင်ငံတို့နှင့်လွတ်လပ်စွာကုန် သွယ်မှုဒေသ (FTA)  တည်ထောင်ရေး ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည် စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာနမှ ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာအသေးစိတ်အချက်အလက်များကို ဝန်ကြီး မစ္စတာချတ်ချိုင့်သို့ တင်ပြထား ပြီး ဖြစ်ပါသည်။
ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့ သည် ဖွံ့ဖြိုးလာသောနိုင်ငံများ(သို့ မဟုတ်) ထွန်းသစ်စဈေးကွက်များ  (emerging markets)  ဖြစ်ကြောင်း၊ အဆို ပါနိုင်ငံများသည် ထိုင်းနိုင်ငံနှင့်လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုရန် စိတ်အားထက်သန်လျက်ရှိကြောင်း ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာသာဝပ်ချိုင်းက ပြောကြားခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံအနေဖြင့် ၎င်းင်း၏ စက်မှုကုန်ထုတ်လုပ်ငန်းများအထူး သဖြင့် စားသောက်ကုန်ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ၏ ကူညီမှုကိုရယူလိုကြောင်း၊ ပါကစ္စတန်သည် ထိုင်း နိုင်ငံ၏ အရေးပါသော ကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သကဲ့သို့ အဓိကပို့ကုန်ဈေးကွက်လည်းဖြစ်ကြောင်းသိရှိရပါသည်။
     ၂၀၁၃ ခုနှစ်က ထိုင်း-ပါကစ္စတန် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံကုန်ပစ္စည်းများ ပါကစ္စတန်နိုင်ငံ သို့ တင်ပို့မှုသည်အမေရိကန်ဒေါ်လာ သန်း ၉၄၀ ဖြစ်ပြီး၊ ပါကစ္စတန်ကုန်ပစ္စည်းများအရ ထိုင်းနိုင်ငံမှတင်သွင်းမှုသည် အမေရိကန် ဒေါ်လာ ၉၉ သန်းဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံသို့ အဓိကတင်ပို့သည့် ကုန် စည်များမှာ ကားနှင့်အပိုပစ္စည်း များ၊ ဓါတုပစ္စည်းများ၊ ရော်ဘာထုတ်ကုန် များ၊ သံနှင့်သံမဏိ၊ စက်ယန္တရား များနှင့်အပိုပစ္စည်းများ စသည်တို့ဖြစ်ပါသည်။
    ထိုင်းနိုင်ငံနှင့်ပါကစ္စတန် နှစ်နိုင်ငံတို့သည်နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် ၂၀၁၃ ခုနှစ် ပူးတွဲကုန်သွယ်ရေးကော်မတီ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် ပါကစ္စတန် နိုင်ငံ၌ ကျင်းပခဲ့သောပူးတွဲကုန်သွယ်ရေး ကော်မတီ၏ ပထမအကြိမ်အစည်း အဝေး၌ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် ထိုင်း-ပါကစ္စတန် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာ ချုပ် ချုပ်ဆိုရန် သဘောတူခဲ့ကြပါ သည်။
တူရကီနိုင်ငံသည်လည်း အီယူနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များသို့ ဝင်ရောက်နိုင်ရန် စတင်ဝင်ရောက် သည့်ဈေးကွက်အဖြစ်ရှိနေသောကြောင့် ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုအတွက် အရေးပါသောဈေးကွက်တစ်ခုဖြစ်ပါ သည်။ တူရကီသို့ အဓိကတင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းများမှာ စားသောက် ကုန်၊ ရေခဲသေတ္တာ၊ ပလပ်စတစ်၊ ကား နှင့်အပိုပစ္စည်းများ၊ ရော်ဘာထုတ်ကုန် များဖြစ်ပြီး တူရကီနိုင်ငံမှတင်သွင်းလျက် ရှိသောကုန်ပစ္စည်းများမှာစကျင် ကျောက်၊ ကျောက်မျက်ရတနာများ၊ လက်ဝတ်ရတနာများ၊ အဝတ်အထည် များ ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်၌ ထိုင်း-တူရကီနှစ် နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ် လာ ၁ ဒသမ ၄၃ ဘီလီယံရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ တူရကီနိုင်ငံသို့ တင်ပို့မှု သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁ ဘီလီယံဖြစ်ပြီး၊ ထိုင်းနိုင်ငံ သို့ တူရကီနိုင်ငံမှ တင်သွင်းမှုသည် အမေရိကန် ဒေါ်လာ ၃၁၉ သန်းဖြစ် ပါသည်။
လူဦးရေသန်း ၈၀ ခန့်ရှိသော တူရကီနိုင်ငံသည် ဥရောပနှင့်အာရှကို ဆက်သွယ်ပေးသည့် မဟာဗျူဟာကျသောနေရာအဖြစ်တည်ရှိပါသည်။ သို့ဖြစ်ရာ တူရကီနိုင်ငံသည် ထိုင်းနိုင်ငံ အတွက် အီးယူ၊ ဥရောပအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက စသည့် ဈေးကွက်များသို့ ဝင်ရောက်နိုင် ရန် အထောက်အကူပြုသည့် ဈေးကွက်ဖြစ်နိုင်ကြောင်း သိရှိရပါသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဘန်ကောက်မြို့