Main menu

Background

သီးနှံဈေးနှုန်းများကို ကိုင်တွယ် ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့ကို ထိုင်းတွင်ဖွဲ့စည်းမည် ထိုင်းနိုင်ငံ၌ အဓိကသီးနှံ ဈေးနှုန်းများ

Tue, 02/24/2015 - 17:14 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

 

တည်ငြိမ်စေရေးအတွက် ကိုင် တွယ်ဖြေရှင်းဆောင်ရွက်ရန် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်        ရေး ဝန်ကြီးဌာနနှင့်လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနတို့သည် ပထမဆုံး ပူးတွဲ လုပ်ငန်းအဖွဲ့ (Joint Task Force)  ကို ဖွဲ့စည်းမည် ဖြစ်ပါသည်။ပူးတွဲလုပ်ငန်းအဖွဲ့တွင် ဝန်ကြီးဌာနနှစ်ခုစလုံးမှ အဆင့်မြင့်အရာရှိ ကြီးများ ပါဝင်မည်ဖြစ်ပြီး၊ အမြဲတမ်း အတွင်းဝန်များက ပူးတွဲဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်မည်ဖြစ်ပါသည်။ ပူးတွဲလုပ်ငန်းအဖွဲ့သည် ဆီအုန်း၊ စပါး၊ ပီလော ပီနံ၊ ပြောင်း၊ ရော်ဘာနှင့် သစ်သီးဝလံများစသည့်အဓိကသီးနှံခြောက်မျိုး အတွက် ထုတ်လုပ်ခြင်းမှသည် ဈေးကွက်မြှင့်တင်ရေးအထိ စီမံကိန်းများနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲမည်ဖြစ်ပါသည်။
ပူးတွဲလုပ်ငန်းအဖွဲ့အနေဖြင့် ရောင်းလိုအားပိုလျှံခြင်းများနှင့် ယခုနှစ် နှောင်းပိုင်းတွင် အာဆီယံစီးပွားရေး အသိုက်အဝန်း စတင်ပေါ်ပေါက်လာပြီးနောက် အိမ်နီးချင်းနိုင်ငံများမှ သီးနှံများ အလုံးအရင်းဖြင့် ဝင်ရောက်လာနိုင် ခြင်း စသည်တို့ကို ထိန်းချုပ်ဟန့်တားရန်လည်း တာဝန်ရှိပါသည်။

ပူးပေါင်း ဆောင်ရွက်မှုများနှင့် စီမံချက်များကို အကဲဖြတ်ရန် လစဉ်တွေ့ဆုံဆွေးနွေးကြ မည် ဖြစ်ပါသည်။ဝန်ကြီးဌာနနှစ်ခုသည် လောလောဆယ်တွင် စိုက်ပျိုးမွေးမြူရေးထုတ် ကုန်များ(Farm Products)ကို လွတ်လပ်စွာ (သီးခြားနီးပါး) ကိုင်တွယ်ဆောင်ရွက်လျက်ရှိပါသည်။ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနသည် အဓိက အားဖြင့် ထုတ်လုပ်မှုကို ကြီးကြပ်ပါ သည်။ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ရောင်းချခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းတို့ကို အဓိက ဆောင်ရွက်ပါသည်။ထိုင်းနိုင်ငံ အစိုးရအနေဖြင့်  Sanitary and Phytosanitary စံချိန် စံညွှန်း များနှင့်စနစ် စသည်တို့နှင့်ပတ်သက်၍ အခြားအာဆီယံ အဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်ကာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် စည်းမျဉ်း စည်းကမ်း များ အထူးသဖြင့် သစ်သီးဝလံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊အကောက်ခွန် မဟုတ်သော အတားအဆီးများကို ဖြေရှင်းဆောင်ရွက်သင့်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ Ms.Duangk-amol က ပြောကြားခဲ့ပါသည်။
ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံ သည် ထိုင်းနိုင်ငံမှ တင်ပို့သော သစ် သီးဝလံများကို ယခင်က စစ်ဆေးရေးဂိတ် ရှစ်ခုမှတင်သွင်းခွင့်ပြုခဲ့သော်လည်း ယခုအခါ ဂျာကာတာလေဆိပ်၊ ဆူရဘရ ဆိပ်ကမ်း၊ မယ်ဒန်ဆိပ်ကမ်း၊ မီကာဆာဆိပ်ကမ်းစသည့် စစ်ဆေးရေးဂိတ်လေးခုမှသာတင်သွင်းရန်သတ် မှတ်ထားပါသည်။ယခုကဲ့သို့ တင်သွင်းခွင့် ပြုသည့် ဂိတ်အရေအတွက် လျှော့ ချလိုက်ခြင်းသည်ထိုင်းသစ်သီးဝလံတင်ပို့သူများအတွက် အခက်အခဲ ဖြစ် စေပါသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် တောကြက်မောက်သီး တင်သွင်း မှုအတွက်ခွဲတမ်းသတ်မှတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံမှ တန်ချိန် ၆၀ç၀၀၀ သာ တင်သွင်းခွင့်ပြု ခဲ့ကြောင်း၊ ထိုင်းသစ်သီးဝလံများ တင်သွင်းခွင့်ပြုရာတွင် လည်း ကန့်သတ်ချက်များ ရှိနေကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည်လည်း ထိုင်းနိုင်ငံမှ သစ်သီးဝလံအမျိုးအစား အနည်းငယ်သာတင်သွင်းခွင့်ပြု ကြောင်း သိရှိရပါသည်။ 

ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘန်ကောက်မြို့