Main menu

Background

"Support to Civil Society Organizations (CSOs) in Myanmar'' အစီအစဉ်အတွက် အဆိုပြုလွှာများတင်သွင်းရန်အီးယူက ကြေညာချက်ထုတ်ပြန်

Tue, 03/31/2015 - 21:15 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

      မြန်မာနိုင်ငံရှိအရပ်ဘက်အဖွဲ့   အစည်းများ၏စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုး တက်စေရန်၊ နိုင်ငံတော်နှင့် ဒေသတွင်း အုပ်ချုပ်မှုလုပ်ငန်းစဉ်များတွင် အရပ် ဘက်အဖွဲ့အစည်းများ စုစုစည်းစည်း ဖြင့်တက်တက်<က<ကပါဝင်ဆောင်ရွက် နိုင်ရေးကိုကူညီထောက်ပံ့ရန်၊ အရပ် ဘက်အဖွဲ့အစည်းများ နှစ်ဦးနှစ်ဖက် နားလည်မှုတိုးတက်စေရန်နှင့် ဆက် သွယ်ရေးလမ်းကြောင်းများ ခိုင်မာမှု ရှိလာစေရန်အတွက် မီဒီယာ၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များနှင့် ဒေသအာဏာပိုင်များအကြား ဆက်ဆံ ရေးကို မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ် လျက် "Support to Civil Society Organizations (CSOs) in Myanmar'' အစီအစဉ်အတွက် ငွေကြေးထောက်ပံ့မှု(Grants)  ပေးနိုင်ရန် အဆိုပြုလွှာများ တင်သွင်းရန် ဥရောပကော်မရှင်က ကြေညာချက်ထုတ်ပြန် ထားပါသည်။
"Support to Civil Society Organizations (CSOs) in Myan-mar''အစီအစဉ်အရ လုပ်ငန်းစီမံချက် များအား အီးယူ၏ နေရာဒေသအလိုက် အစီအစဉ်များ  (Geographic Progra-mmes) အရငွေကြေးထောက်ပံ့ပေး မည်ဖြစ်ပါသည်။ အဆိုပြုသော လုပ်ငန်း ကဏ္ဍများသည်အီးယူ၏မြန်မာနိုင်ငံ ဆိုင်ရာMultiannual Indicative Programme (2014-2020)  တွင် သတ်မှတ်ထားသော အဓိကကဏ္ဍ လေး ရပ်ဖြစ်သည့် (က)ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး/စိုက်ပျိုးရေး/အစား အစာနှင့် အာဟာရဓာတ်ဖူလုံရေး၊ (ခ) ပညာရေး (ဂ) အုပ်ချုပ်မှုစနစ်၊ တရား ဥပဒေစိုးမိုးမှုနှင့် စွမ်းဆောင်မှုမြှင့်တင် ရေးနှင့်(ဃ)ငြိမ်းချမ်းမှုတည်ဆောက် ရေးကို အထောက်အကူပြုရေးတို့အား အဓိကအားဖြင့် ဦးတည်ရမည်ဖြစ် သည်။ လုပ်ငန်းစီမံချက်များအား မြန်မာ နိုင်ငံတွင်သာ အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။
"Support to Civil Society Organizations (CSOs) in Myanmar''  အစီအစဉ်အရ လျှောက်ထားနိုင်သောအဓိကအဖွဲ့အစည်းများမှာ မြန်မာနိုင်ငံ သို့မဟုတ် အီးယူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ တွင် တည်ထောင်ထားသော အကျိုး အမြတ်မရှာသော တရားဝင်အရပ်ဖက် အဖွဲ့အစည်းများဖြစ်ပါသည်။
အီးယူသည်ယင်းအစီအစဉ်အတွက် ယူရို ၃ ဒသမ ၇သန်းထောက်ပံ့ရန် လျာ ထားပါသည်။ စီမံချက်တစ်ခုစီအတွက် အများဆုံး ထောက်ပံ့ငွေမှာယူရို ၂ သန်းဖြစ်ပြီး အနည်းဆုံးထောက်ပံ့ငွေ မှာ ယူရို ၁ သန်းဖြစ်ပါသည်။ ခွင့်ပြုမည့် စရိတ်မှာ အနည်းဆုံးအားဖြင့် စီမံချက် ကုန်ကျငွေစုစုပေါင်း၏ ၅၀ရာခိုင်နှုန်း နှင့် အများဆုံးအားဖြင့်စီမံချက်ကုန်ကျ ငွေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းဖြစ်ပါ သည်။ လျှောက်ထားသည့်အဖွဲ့အစည်း သည် မြန်မာနိုင်ငံတွင် တည်ထောင် ထားသော အရပ်ဘက်အဖွဲ့အစည်းဖြစ် ပါက စီမံချက် ကုန်ကျငွေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ငွေရရှိနိုင် ပါသည်။
ပထမအဆင့်အနေဖြင့်EU Grants အားလျှောက်ထားလိုသည့် အရပ်ဘက် အဖွဲ့အစည်းများသည် ဥရောပကော်မရှင်၏ Website တစ်ခု ဖြစ်သော(PADOR -http//ec.europa.eu/europeaid/work /onlineservices/pador/index_en.htm)  တွင်ပထမဦး စွာမှတ်ပုံတင်ရပါမည်။ PADOR တွင် မှတ်ပုံတင်ခြင်းမပြုမီ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ရှင်းပြထား သည့် လမ်းညွှန်ချက်များအား ဖတ်ရှုရပါ မည်။ ထို့နောက် ကိုယ်ပိုင်စီမံချက်နှင့် သက်ဆိုင်သည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော  Concept Note Concept Note  အတွက် Checklist ? Concept Note လျှောက်ထားသူ ၏ကြေညာ ချက်တို့အား (မူရင်း၁စောင်၊ မိတ္တူ ၃စောင်၊ CD- Rom with the Concept Note in Electronic Version ) စာအိတ်တွင်းထည့် ချိတ်ပိတ်လျက် အောက်ပါလိပ်စာသို့ မှတ်ပုံတင်စာ အဖြစ်သော်လည်းကောင်း၊ ပုဂ္ဂလိက စာပို့ဝန်ဆောင်မှုဖြင့်သော်လည်းကောင်း၊ တိုက်ရိုက် လာရောက်၍သော်လည်း ကောင်း ပေးပို့ရပါမည်-
Delegation of the European Union to Myanmar
Hledan Centre- Corner of Pyay Road and Hledan Road,
6th Floor
Kamayut Township
Yangon, Myanmar
Tel: +95 (0)12305650

စာအိတ်ပေါ်တွင် လျှောက်ထား သည့် အဖွဲ့အစည်း၏အမည်နှင့်လိပ်စာ အပြည့်အစုံတို့နှင့်အတူ Call for Prop-osal ခေါင်းစဉ်နှင့် အညွှန်းနံပါတ်တို့ အား ဖော်ပြထားရပါမည်။ ထို့အပြင် ''Not to be opened before the opening session' စာသားကိုလည်း စာအိတ်ပေါ် တွင် ရေးသားဖော်ပြထားရပါမည်။
လျှောက်လွှာ https://webgate. ec. europa. eu/europeaid/online - services/index.cfm?do=publi. welcome&nb PubliList=15 &orderby =upd&order byad= Desc&searchtype =RS&aofr= 136680&userlanguage= enတွင် ကြည့်ရှုနိုင်ပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့