အတွဲ(၁၅)အမှတ်(၂၃)
အချိန်ကြာမြင့်စွာက အဆိုပြုခဲ့ သော ကရာတူးမြောင်း စီမံကိန်းဆိုင်ရာ သတင်းများသည် မကြာသေးခင်က ပြန်လည်ထွက်ပေါ်လာခဲ့ပါသည်။ အဆိုပါစီမံကိန်းသည် ဆယ်စုနှစ်များ စွာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေခဲ့ သော စီမံကိန်းဖြစ်ပါသည်။ အိန္ဒိယ သမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာအကြား ကုန်စည်ပို့ဆောင်မှု ပိုမိုမြန်ဆန်စေရန် (ရေလမ်းကြောင်းအား ၁၂၀၀ ကီလို မီတာခန့်လျော့သွားစေရန်) တူးမြောင်း တူးဖော်မည့် အယူအဆသည် ဆွဲ ဆောင်မှု ရှိနေဆဲဖြစ်သည်။ သို့ရာတွင် အကောင်အထည်ဖော် ဆောင်ရွက်မှု နှင့်ပတ်သက်၍ ဆွေးနွေးစရာများရှိ နေဆဲပင်ဖြစ်သည်။၁၉၃၀ ခုနှစ်လွန်ပိုင်းမှစ၍ ထိုင်း နိုင်ငံခေါင်းဆောင်များစွာသည် မလက် ကာရေလက်ကြားသို့ သွားရောက်ရန် အစားထိုးရေလမ်းကြောင်းအဖြစ် ကရာတူးမြောင်းစီမံကိန်းကို အကြံပြုခဲ့ ကြကြောင်း၊ သို့ရာတွင် ၎င်းင်း၏ကုန်ကျစရိတ်ကြီးမားခြင်းနှင့်ထိုင်းနိုင်ငံတောင် ပိုင်းရှိ ဒေသခံအသိုင်းအဝိုင်းနှင့်ပတ် ဝန်းကျင်အပေါ် ထိခိုက်မှု ဖြစ်နိုင်ချေ များရှိသောကြောင့် အကောင်အထည် ပေါ်လာခဲ့ခြင်းမရှိကြောင်းသိရှိရပါ သည်။ဝန်ကြီးချုပ်ဟောင်း ချာဗာလစ် ယောင်ချိုင်ယုသည် ရည်ရွယ်ချက် ကြီးမားသည့် ကရာတူးမြောင်းစီမံကိန်း ကို အကောင် အထည်ေ ဖာ် ဆောင်ရွက် ရန်အတွက် ထိုင်း-တရုတ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည် ဟူသောသတင်း ထွက်ပေါ်လာခဲ့ပါ သည်။ သို့ရာတွင် ချာဗာလစ်ကမဟုတ် ကြောင်း ငြင်းဆိုခဲ့သည်ဟု သိရှိရပါ သည်။အိန္ဒိယ သမုဒ္ဒရာရှိ အန်ဒမန်ပင် လယ်နှင့်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တောင်တရုတ်ပင်လယ်အကြား သင်္ဘော သွားလာချိန် (ကုန်စည်ပို့ဆောင်ရန် ကြာချိန်) လျော့နည်းသွားစေမည့် ပင်လယ်ရေကြောင်းအသစ် ဖော်ထုတ် သည့် အယူအဆ၏ အား ကောင်းသော ဆွဲဆောင်မှုသည် ပျောက်ဆုံးသွားခြင်း မရှိကြောင်း၊ အမှန်တကယ်အားဖြင့် စီးပွားရေးကဏ္ဍတွင် သာမက ဒေသ တွင်းလုံခြုံရေး၊ လူမှုရေးကဏ္ဍများတွင် ပါ ဂယက်ရိုက်ခတ်မှုများ ရှိနိုင်ကြောင်း (အကျိုးဆက်များ ဖြစ်ပေါ်စေနိုင် ကြောင်း) ဇွန်လ ၈ရက်နေ့ ထုတ်The Nation သတင်းစာ၌ ဖော်ပြထားပါသည်။
မြန်မာနိုင်ငံရှိ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း၏ အကျိုးသက် ရောက်နိုင်မှုများကို မကြာသေးခင်က ထိုင်းနိုင်ငံရေတပ်ဌာန၌ အဆင့်မြင့် အကြံပေးပုဂ္ဂိုလ်များအား တင်ပြခဲ့ပြီး ဖြစ်ကြောင်း ITD Group ၏ Dawei Development Co. မှ မန်နေဂျင်း ဒါရိုက်တာSomjet ကပြောကြားခဲ့ပါ သည်။တရုတ်နှင့် ထိုင်းနိုင်ငံတို့ သည် ထိုင်းနိုင်ငံတောင်ပိုင်း (၎င်းင်း၏စီးပွား ရေး၊ နိုင်ငံရေးနှင့်အခြားသော ဂယက် ရိုက်ခတ်မှုများသည် အရေးပါ ဖွယ်ရှိ သောဒေသ)တွင် ကရာတူးမြောင်းအစီ အစဉ်ကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိ သည်ဟူသော သတင်းများကြားသိရ ကြောင်း၊ အဆိုပါဆက်သွယ်မှု၏ မဟာ ဗျူဟာနှင့် လုံခြုံရေးအရ အရေးပါမှု (ထားဝယ်ဆိပ်ကမ်း စီမံကိန်းမှဖန်တီးထားသည့်အတိုင်း) သည် ဂယက်ရိုက် ခတ်မှုများစွာဖြင့် ဒေသတွင်း၌ သြဇာ အာဏာဟန်ချက်ညီမှုကို ထိခိုက်စေ မည် ဖြစ်ကြောင်းလည်း Somjet က ပြောကြားခဲ့ပါသည်။
ယခုလက်ရှိ အနေအထားတွင် အခြေအမြစ်ကင်းမဲ့သောကြောင့် ကရာ တူးမြောင်းစီမံကိန်း အကောင်အထည် ဖော်ခြင်းအား ထည့်သွင်းစဉ်းစားခြင်း မရှိသော်လည်း သြဇာအာဏာအားပြိုင် နေမှုများ အထူး သဖြင့် အမေရိကန်နှင့် တရုတ်ကြား အားပြိုင်မှုကို ပြဆိုနေပါ သည်။အရေးကြီးဆုံးအနေဖြင့် ဖိလစ် ပိုင်နှင့်အခြားသောအရှေ့ တောင်အာရှ နိုင်ငံများတွင် အရေးပါ သောကဏ္ဍမှပါဝင်ခြင်းဖြင့် အရှေ့ တောင်အာရှ ၌ ပြန်လည်ထိန်းညှိ သည့် အမေရိကန်၏မဟာဗျူဟာကို မြင်တွေ့ခဲ့ရပြီဖြစ် ကြောင်း၊ အထူးသဖြင့် တောင်တရုတ် ပင်လယ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ နှင့်အငြင်းပွားသည့် နိုင်ငံ များတွင်ဖြစ် ကြောင်း Somjet ကသုံး သပ်ခဲ့ပါသည်။
ထို့ပြင် ယခုအချိန်တွင် အမေရိ ကန်သည် အရှေ့တောင်အာရှ ကို ပိုမို စိတ်ဝင်စားလျက်ရှိကြောင်း၊ ၎င်းင်း အနေ ဖြင့် ဒါဝင်မြို့၌ အခြေစိုက်ပြီး ဖြစ် ကြောင်း၊ တရုတ်နိုင်ငံ၏ဧက ၂၀၀၀ ရှိသော ကျွန်းအားပိုင်ဆိုင်ခွင့် ပြန် လည် တောင်းဆိုမှုကိုလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ကြောင်း ၊ ပစိဖိတ်သမုဒ္ဒရာအပြင် အိန္ဒိယသမုဒ္ဒရာအား ထိန်းချုပ်ခြင်း သည်လည်း အလွန်အရေးပါ လာပြီဖြစ် ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်၊ နှစ်နှစ် အတွင်း အမေရိကန်၏ လှုပ်ရှားမှုများ က သက်သေပြနေကြောင်း Somjet က ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရှိ ထားဝယ်ဆိပ် ကမ်းစီမံကိန်းအား ထည့်သွင်းစဉ်းစားသုံးသပ်မည်ဆိုပါကလည်း များစွာ သော စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး အရ အကျိုးဆက်များစွာ(ဂယက်ရိုက် ခတ်မှုများစွာ) ရှိနေကြောင်း၊ တရုတ် နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသမှ ရေနံသယ်ယူမှုအတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ်ခေငူငအပ ကို အသုံးပြုနေ သော်လည်း ၎င်းင်း၏တောင်ပိုင်းဒေသ သည် ပင်လယ်သို့ထွက်ပေါက် အနည်း ငယ်သာရှိနေဆဲဖြစ်ကြောင်း အဆိုပါ ်ခေငူငအပ သည် တပ်သို့မဟုတ်လုံခြုံရေး အတွက် မသင့်တော်ကြောင်း သုံးသပ် ထားပါသည်။
ကရာတူးမြောင်း စီမံကိန်း ဆောင်ရွက်ပါက ပိုမိုရှုပ်ထွေးမည်ဖြစ် ကြောင်း စက်မှုနယ်မြေအာဏာပိုင် ဥက္ကဋ္ဌဟောင်းဖြစ်သူ ကယူဆပါ သည်။ ပင်လယ်ရေကြောင်း သို့မဟုတ် ရေလမ်း ဆက်သွယ်မှုဖန်တီးရန်ထိုင်းနိုင် ငံတောင် ပိုင်းရှိ မြေအချို့အား ဖြတ်တောက်သည့် အယူအဆသည် နှစ်ပေါင်းနှစ်ရာကျော်တိုင် ရှိနေပြီဖြစ် ကြောင်း သိရှိရပါသည်။ကရာတူးမြောင်း စီမံကိန်းသည် အယူအဆအားဖြင့် ကောင်းသော် လည်း အကောင်အထည်ေ ဖာ်ေ ဆာင် ရွက် ရန် အလွန်ခက်ခဲသောလုပ်ငန်းဖြစ် ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် စီမံကိန်း မစခင်မှာပင် များစွာသော အဖျက် သဘောဆောင်သည့် အချက်များကို ရင်ဆိုင်ကျော်လွှားရမည်ဖြစ်ကြောင်း ှသာနြအ မှပြောကြား ခဲ့ပါသည်။အကောင်အထည်ဖော် ဆောင် ရွက်မည့်နည်းလမ်းသို့မဟုတ်လုံခြုံရေး မဟာဗျူဟာ အပေါ်မူတည်၍ ကရာ တူးမြောင်းစီမံကိန်းသည် ထိုင်းနိုင်ငံ၏လုံခြုံရေးကို မြှင့်တင်ပေးနိုင်သကဲ့သို့ ထိခိုက်မှုလည်း ရှိနိုင်ကြောင်း၊ လုံခြုံ ရေးအရ စိန်ခေါ်မှုကို ကျော်လွှားနိုင်ပြီး အားသာချက်အဖြစ် ပြောင်းလဲနိုင်ပါက (အဆိုပါနေရာ၌ ရေတပ်စခန်း တည် ဆောက်ခြင်း စသည်)အကျိုးကျေးဇူး ရှိသော စီမံကိန်း ဖြစ်လာပြီး စီးပွားရေး အရသာမက လူမှုရေးအရပါ(ဆယ်စုနှစ် များစွာအထိ) အကျိုးအမြတ်များစွာ ရရှိလာနိုင်ကြောင်း ှသာနြအ က သုံးသပ် ပြောကြား ခဲ့ပါသည်။တရုတ်နှင့် အရှေ့ အာရှသည် ကမ္ဘာတွင် နေရာရလာပြီဖြစ်ရာ ကရာ တူးမြောင်းသည် ပနားမားနှင့် စူးအက် တူးမြောင်းများကို ယှဉ်နိုင်ဖွယ်ရှိကြောင်း ယနေ့ခေတ်တရုတ်နိုင်ငံနှင့် ကျန်အာရှ နှင့်ဥရောပနိုင်ငံတို့ကို ဆက်သွယ်ပေး သည့် အဝေးပြေးကားလမ်းနှင့် ရထား လမ်း(ပိုးလမ်းများ)ကို ဖြည့်စွက်ပေး မည့် (တရုတ်နိုင်ငံ၏ဒီဇိုင်း )ရေကြောင်း ပိုးလမ်းမအတွက် လစ်လပ်နေသော အဆက် တစ်ခုအဖြစ်ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြထားပါသည်။အလားတူပင် ထိုင်းနိုင်ငံသည် ကရာကျွန်းဆက် (kra lsthmus)ကို ဖြတ်၍ (ရေကြောင်းလမ်းသစ်အတွက်) တူးမြောင်းတူးဖော်ရန် တရုတ်နိုင်ငံနှင့် သဘောတူစာချုပ်လက်မှတ် ရေးထိုး သည်ဆိုသော သတင်းသည် မဟုတ်မှန် ကြောင်း ထိုင်းအစိုးရအရာရှိများမှ ငြင်း ဆိုခဲ့သည်ဟုလည်းchannel-newsasia သတင်းတွင် ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း ကရာတူးမြောင်း စီမံကိန်းနှင့်ပတ်သက်၍လည်း ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံအစိုးရတို့အကြား သဘောတူစာချုပ်ချုပ်ဆိုထားခြင်း မရှိ ကြောင်း ပြောကြားသကဲ့သို့ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ လည်း ကရာတူးမြောင်းစီမံကိန်းကို ဆောင်ရွက်ခြင်း မရှိကြောင်းပြောဆို ခဲ့သည်ဟု သိရှိရပါသည်။ကရာတူးမြောင်းစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်မည် ဆိုပါက ဆယ်နှစ်ခန့်ကြာနိုင်ပြီး ကုန်ကျ စရိတ်သည် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံခန့်ရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ကရာတူးမြောင်း တည် ဆောက်ရေးအတွက် တွန်းအားပေးမည် မှာ သေချာသည်ဟု ယူဆကြကြောင်း၊ စီမံကိန်းနာမည်ပြောင်း၍ ဆောင်ရွက် ဖွယ်ရှိကြောင်းလည်း channel-newsasia သတင်းတွင် ပါရှိပါသည်။ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ လုံခြုံ ရေးအတွက် စိုးရိမ်သောကြောင့် ကရာ စီမံကိန်းကို သဘောတူဖွယ်မရှိကြောင်း၊ စီမံကိန်းဖြစ်နိုင်ချေ လေ့လာရေး ဆောင်ရွက်သော ထိုင်းနိုင်ငံရှိ ကရာ တူးမြောင်းကော်မတီတွင် ထိုင်း စီးပွား ရေးလုပ်ငန်းရှင်များနှင့် ယခင် အရာရှိ များပါဝင်ကြောင်း၊ သို့ရာတွင် နှစ်နိုင်ငံ အစိုးရများအနေဖြင့် စီမံကိန်းအား တရားဝင်စတင်ခြင်း မရှိကြောင်း သိရှိရ ပါသည်။ကရာတူးမြောင်းစီမံကိန်းသည် တရုတ်နှင့်အမေရိကန်အားပြိုင်မှုဖြစ် ကြောင်း၊ ထို့ပြင်စင်ကာပူနိုင်ငံ၏ ထားဝယ်စီမံကိန်း ပျက်ပြားရေး အစီ အမံအား အထောက် အကူပြုတွန်း အား ပေးမှုဖြစ်သည့်အပြင် ပြိုင်ဘက်ထိုင်း နိုင်ငံ၏ နိုင်ငံရေးအခြေအနေ ရှုပ်ထွေး နေစဉ် စီးပွားရေးစီမံကိန်းများအား မှား ယွင်းစွာ ဆောင်ရွက်စေရန် စီးပွားရေး ကစားကွက်များ ဖြစ်သည်ဟုယူဆနိုင် သည့်အပြင် ထိုင်းနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံအား ပူးတွဲဆောင်ရွက်ရ မည့် ထားဝယ်စီမံကိန်းအပြင်၎င်းင်းတို့ အစီအစဉ်ဖြင့်လည်း ကရာတူးမြောင်း မတ်တာဖုဆိပ်ကမ်း စီမံကိန်းများ တိုး ချဲ့လုပ်ဆောင်နိုင်ကြောင်း ပြသသည့် စီးပွားရေး ကစား ကွက်ပင်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့