Main menu

Background

နယ်စပ်ဒေသများရှိ စီးပွားရေးဇုန်များ၌ စင်ကာပူကုမ္ပဏီများ အား ရင်းနှီးမြှုပ်နှံမှုပြုရန် ထိုင်းဝန်ကြီးချုပ်မှ ဖိတ်ခေါ်

Mon, 06/29/2015 - 20:30 -- journal_editor

     ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာသည် ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်နှင့်၁၂ ရက်နေ့များတွင် စင်ကာပူ နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ ရာ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက လက်ခံတွေ့ဆုံလျက် နှစ်နိုင်ငံကြားကုန် သွယ်မှုနှင့်စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။ဇွန် ၁၁ ရက်နေ့တွင် ပြုလုပ်သည့် နှစ်နိုင်ငံခေါင်းဆောင်များဆွေးနွေးပွဲ၌ စင်ကာပူနှင့်ထိုင်းနိုင်ငံတို့အကြား ၁၉၇၅ ခုနှစ် အတွင်းက ချုပ် ဆိုခဲ့သော စာချုပ်အပေါ်စကားရပ်များပြင်ဆင် လျက် အခွန်နှစ်ကြိမ်ထပ်ကောက်ခံမှု ရှောင်ကြဉ်ရေးသဘောတူညီချက(Revised Avoidance of Double Taxation Agreement)  အသစ်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကေ ရှန်မူဂန်နှင့်ထိုင်းနိုင်ငံခြားဝန်ကြီးတနာ ဆတ်ပါတီမပရာဂွန်တို့က လက်မှတ် ရေးထိုးခဲ့ပါသည်။ ထို့အပြင်နှစ်နိုင်ငံ အကြားပင်လယ်ရေကြောင်း အပျော် ခရီးသွား လာမှုလုပ်ငန်းတိုး တက်စေရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည် မှု စာချွန်လွှာကိုလည်းလက်မှတ်ရေး ထိုးခဲ့ ပါသည်။
      အလားတူစင်ကာပူနိုင်ငံ ကုန် ထုတ်လုပ်ငန်းရှင်များအသင်းချုပ်(SMF))နှင့်ထိုင်းနိုင်ငံစက်မှုလုပ်ငန်းရှင် များအသင်းချုပ်(TFI)တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာ နားလည်မှုစာချွန်လွှာ(MOU on promoting economic cooperation) ကိုလည်းကောင်း၊  စင်ကာပူနိုင်ငံ သတင်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့နှင့်ထိုင်းနိုင်ငံဆော့ဖ်ဝဲကုန်ထုတ်လုပ်ငန်းများ တိုးမြှင့် ရေး အေဂျင်စီတို့အကြား ရုပ်သံထုတ် လွှင့်မှု၊ ရုပ်ပုံနည်းပညာအသုံးချဖန်တီး မှု၊ ဂိမ်းများထုတ်လုပ်မှုနှင့်သတင်းမီဒီယာနယ်ပယ်တို့၌ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU on promoting economic cooperation) ကိုလည်း ကောင်း လက်မှတ်ရေးထိုးခဲ့ကြပါ သည်။
    SMF နှင့်TFI တို့၏သဘောတူ ညီချက်များအရ နှစ်နိုင်ငံစီးပွားရေး အဖွဲ့အစည်းများ အကြားအထူးသဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ် နှံမှု၊ စီးပွားရေးရာလှုပ်ရှားဆောင်ရွက်မှု များနှင့်လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများ တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် နိုင်မည်ဖြစ်ပါသည်။ထိုင်းနိုင်ငံဝန်ကြီး ချုပ် ပရာ ယွတ် ချန်အိုချာဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ဇွန် ၁၂ ရက်နေ့တွင် စင်ကာပူအပြည်ပြည်ဆိုင်ရာစီးပွားရေး အဖွဲ့အစည်း (IE Singapore)  မှစီစဉ် ကျင်းပသော စင်ကာပူစီးပွားရေးလုပ် ငန်းရှင်များနှင့်တံခါးပိတ်တွေ့ဆုံ ဆွေး နွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။        စင်ကာပူနိုင်ငံဘက်မှ ရေအရင်းအမြစ် နှင့်ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဗီဗီယန် ဘာလာခရစ်ရှ်နန်၊IE Singapore ၏ အမှုဆောင်အရာရှိချုပ် တီအိုအန်ချိ အွန်တို့ ဦးဆောင်လျက် စင်ကာပူနိုင်ငံရှိ သယ်ယူပို့ဆောင်ရေး၊ အိမ်ခြံမြေ၊ အဆင့်မြင့်နည်းပညာနှင့် ကုန်ထုတ် လုပ်ငန်းနယ်ပယ်များမှ ထိပ်သီးစီးပွား ရေးခေါင်းဆောင် ၁၇ ဦးတို့တက် ရောက်ခဲ့ကြပါသည်။ ၎င်းင်းဆွေးနွေးပွဲ၌ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံ၌ နိုင်ငံ ရေးမငြိမ်မသက်ဖြစ်ပေါ်ခဲ့မှုကြောင့် စိန် ခေါ်မှုပေါင်းများစွာကျန်ရှိနေသော် လည်းအခြေခံအဆောက်အအုံနှင့် စား သုံးသူ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ၌ စင်ကာပူကုမ္ပဏီများ ဝင်ရောက်လုပ် ကိုင်နိုင်မည့်အခွင့်အလမ်းများစွာရှိနေ ကြောင်း၊ စင်ကာပူလုပ်ငန်းရှင်များ အ နေဖြင့် ထိုင်းနိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံ များနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသတစ်လျောက်တွင် တည်ထောင် လျက် ရှိသော အထူးစီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံမှုပြုရန် ဖိတ်ခေါ်ပါကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် ထိုင်းဝန်ကြီးချုပ်သည် စင်ကာပူနိုင်ငံMarina Bay Cruise Centre  သို့ သွား ရောက်လေ့လာခဲ့သည်။
အဆိုပါဆွေးနွေးပွဲအပြီးIE Singapore ၏သတင်းထုတ်ပြန်ချက် အရ ထိုင်းနိုင်ငံအစိုးရသည် ဘတ်ငွေ ၃ ဒသမ ၃ ထရီလီယံတန်ဖိုးရှိသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်ရေး စီမံချက်တစ်ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန်ရှိကြောင်း၊ စင်ကာပူကုမ္ပဏီများအနေဖြင့် အဆိုပါ စီမံချက်အရ ဆောင်ရွက်မည့် သုဝဏ္ဏ ဘူမိလေဆိပ်တိုးချဲ့မှုလုပ်ငန်း၊ ပင်လယ် အပျော်ခရီးသွားဆိပ်ကမ်းတည်  ဆောက်မှုလုပ်ငန်းနှင့်မြို့ပြစီမံကိန်း များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း၊ ၎င်းင်း စီမံကိန်းများ၌ စီမံခန့်ခွဲခြင်း၊ စက်မှုနှင့် လျှပ်စစ်ဆိုင်ရာအတိုင်ပင်ခံဆောင် ရွက်ခြင်း၊ စက်ပစ္စည်းကိရိယာ များပေး သွင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းစသည် တို့ကိုလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင်ဖရန်ချိုက်လုပ်ငန်း သဘော တူညီချက်များအရ စားသုံးသူ ဈေး ကွက်ဝန်ဆောင်မှုတွင်လည်း လုပ် ကိုင်ရန် အခွင့်အရေးများရှိကြောင်းဖြင့် ဖော်ပြပါသည်။
    နှစ်နိုင်ငံအကြားခရီးသည်များ သွားလာမှုမှာ တိုးတက်လျက်ရှိပြီး ၂၀၁၄  ခုနှစ်တွင် စင်ကာပူနိုင်ငံသား ခရီးသည်ဦးရေရှစ်သိန်းကျော်သည် ထိုင်းနိုင်ငံသို့လည်းကောင်း၊ ထိုင်းနိုင်ငံ သားငါးသိန်းကျော်သည် စင်ကာပူသို့ လည်းကောင်း ခရီးသွားလာခဲ့ကြောင်း သိရှိရပါသည်။ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ လွန်ခဲ့သောဆယ်စုနှစ်တာ ကာလအတွင်းတိုးတက်လာခဲ့ရာ ၂၀၁၄ခုနှစ်၌ စင်ကာပူဒေါ်လာ ၃၀ ဘီလီယံအထိရောက်ရှိခဲ့ပါသည်။ ယခင်နှစ်က ထိုင်းနိုင်ငံသည် စင်ကာပူ ၏ ကိုးနိုင်ငံမြောက်အဓိကကုန်သွယ် ဖက်နိုင်ငံအဖြစ် တည်ရှိခဲ့ပြီး စင်ကာပူ နိုင်ငံသည်လည်း ထိုင်းနိုင်ငံ၏ဒုတိယ မြောက်ပြည်ပရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။