Main menu

Background

ပိုမိုပူနွေးပြီး အောက်စီဂျင်နည်းသည့် ရေပြင်သည် ရေနေသတ္တဝါများအား နေရာရွှေ့ပြောင်းကျက်စားရန် တွန်းအားပေးလျက်ရှိကြောင်း သုတေသီများက ထုတ်ဖော်ပြောကြား

Mon, 06/29/2015 - 20:32 -- journal_editor

 ကမ္ဘာကြီးပိုမိုပူနွေးလာမှုကြောင့် ရေမျက်နှာပြင်များ၏အပူချိန် မြင့်တက် လျက်ရှိပြီး အနာဂတ်တွင်လည်း ရေပြင်အပူချိန်ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းကြောင်း ယင်းကဲ့သို့ရေပြင်ပိုမိုပူနွေးလာမှုသည် ရေနေသတ္တဝါများ၏ ဇီဝဖြစ်စဉ် အတွက် အောက်စီဂျင်လိုအပ်မှုကို ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်စေနိုင် သော်လည်း ပူနွေး သည့်ရေသည် အောက်စီဂျင်ကို ထိန်းသိမ်းနိုင်မှုလျော့နည်း ကြောင်း၊ သို့ဖြစ်၍ပူနွေး သည့်ရေပြင်သည် ရေနေသတ္တဝါများအား နေရာရွှေ့ ပြောင်း ကျက်စားရန်ဖြစ်ပေါ်စေနိုင်ကြောင်း ဝါရှင်တန်တက္ကသိုလ်မှ သုတေသီ များနှင့်ပူးပေါင်းဆောင်ရွက်သူ များက၎င်းင်းတို့၏ ရှာဖွေတွေ့ရှိချက်ကို ယခုလ အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့ ပါသည်။
ကမ္ဘာ့ရေမျက်နှာပြင် ပိုမိုပူနွေးလာမှုသည် ရေနေသတ္တဝါများ၏ ဇီ၀ ဖြစ်စဉ်ကို ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်စေခြင်းကြောင့် သတ္တဝါများအနေဖြင့် အောက် စီဂျင်လိုအပ်မှု ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ ယခုအခါ သမုဒ္ဒရာများတွင် ရာသီဥတုပူနွေး လာမှုကြောင့် အောက်စီဂျင်လျော့ကျလျက်ရှိပြီး ဆက်လက်၍ လျော့ကျနိုင်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားပါသည်။အဆိုပါသုတေသနအဖွဲ့သည် အတ္တလန္တိတ်သမုဒ္ဒရာရှိ သတ္တဝါမျိုး စိတ် လေး ခုဖြစ်သည့် Atlantic cod, Atlantic rock crab, sharp snout seabream  နှင့် eelpout တို့အပေါ်အဓိကထား၍ သုတေသနပြုခဲ့ပါသည်။ ကမ္ဘာကြီးတွင် ယခုနှုန်းအတိုင်း ဓာတ်ငွေ့ဆက် လက်ထုတ်လွှတ်နေမည်ဆိုပါက ၂၁ ရာစု အကုန်တွင် သမုဒ္ဒရာရေ မျက်နှာပြင်၏ အပူချိန်သည်များစွာ မြင့်တက်မည်ဟု ခန့်မှန်းကြောင်း၊ အဆိုပါအပူ ချိန်၌ အောက်စီဂျင်ကို ထိန်းသိမ်းထားနိုင်မှုသည် ယခုထိန်းသိမ်းထားနိုင်မှုထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဖြစ် ကြောင်း သိရှိရပါသည်။  
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဝါရှင်တန်မြို့။