Main menu

Background

ထိုင်းနိုင်ငံနှင့်တူရကီတို့ လွတ်လပ်စွာ ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှု ပြန်လည်စတင်မည်

Mon, 06/29/2015 - 20:34 -- journal_editor

ထိုင်းနိုင်ငံနှင့်တူရကီနိုင်ငံတို့ သည် လွတ်လပ်စွာကုန်သွယ်မှုဒေသ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းဆွေး နွေးမှုများကို ပြန်လည်စတင်မည်ဖြစ်ပါ သည်။ ဆွေးနွေးညှိနှိုင်းမှုများကို တစ် နှစ်ခွဲအတွင်း အပြီးသတ်ဆွေးနွေးနိုင် လိမ့်မည်ဟု မျှော်လင့်ထားကြပါသည်။အစိုးရအဖွဲ့သို့ တင်ပြရန် ဆွေး နွေးညှိနှိုင်းမည့် မူဘောင်ကို ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများကို ယခုနှစ်အတွင်း စတင်နိုင်ဖွယ်ရှိ ကြောင်း၊ တူရကီနိုင်ငံသည် ထိုင်းနိုင် ငံ ပြည်ပ တင်ပို့မှုအတွက် အလွန်အရေးပါ သော ဈေးကွက်ဖြစ်ကြောင်း၊ တူရကီ နိုင်ငံသည် ဥရောပနှင့်အရှေ့အလယ် ပိုင်းဒေသသို့ တစ်ဆင့်ခံ ပြန်လည်တင် ပို့ရာနေရာဖြစ်ကြောင်း ကုန်သွယ်မှုစေ့ စပ်ညှိနှိုင်းရေး ဌာန ၏ ညွှန်ကြားရေးမှူး ချုပ်မစ္စတာသာဝပ်ချိုင်းကပြောကြား ခဲ့ပါသည်။၂၀၁၃ ခုနှစ်၌ ထိုင်းနိုင်ငံနှင့် တူရကီနိုင်ငံတို့၏ လွတ်လပ်စွာကုန် သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုခြင်း နှင့်ပတ်သက်၍ ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ် မှုပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံ၏စု စုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP) ) ကို သုည ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်စေနိုင်သည်ဟု တွေ့ရှိခဲ့ပါ သည်။တူရကီနိုင်ငံ သည် တစ်နှစ်လျှင် ခရီး သွား ဧည့်သည်သန်း၃၀ ကိုဆွဲ ဆောင် လျက်ရှိ သည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ထို့ပြင်G20 အဖွဲ့ဝင်ဖြစ်ပြီး ဥရောပနှင့်အာရှအကြား မဟာဗျူဟာ ကျသော ကွင်းဆက်(ဆက်သွယ်ပေး သောနေရာ)ဖြစ်ပါသည်။ ထိုင်းနိုင်ငံ အတွက် ဥရောပ၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက် ရန် အချက်အချာကျသောနေရာဖြစ် ပါသည်။ထိုင်း-တူရကီနှစ်နိုင်ငံ ကုန်သွယ် မှုသည် ၂၀၁၃ ခုနှစ်က ၈ ဒသမ ၁၉ ရာခိုင်နှုန်းမြင့် တက်၍ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံရှိခဲ့ ကြောင်း၊ တူရကီနိုင်ငံသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁ ဘီလီယံဖြစ်ပြီး တူရကီနိုင်ငံမှ တင်သွင်း မှုသည် အမေရိကန်ဒေါ်လာ ၃၁၉ သန်းဖြစ်ကြောင်း၊ တူရကီသို့ အဓိက တင်ပို့သောကုန်ပစ္စည်းများမှာ စား သောက်ကုန်၊ ရေခဲသေတ္တာ၊ ပလတ်စ တစ်၊ မော်တော်ကားနှင့် ကားအပို ပစ္စည်းများ၊ ရော်ဘာထုတ်ကုန်များဖြစ် ကြောင်း၊ တူရကီမှ စကျင်ကျောက် ၊ ကျောက်မျက်ရတနာ၊ အဝတ်အထည် စသည်တို့ကို အဓိကတင်သွင်းကြောင်း သိရှိရပါသည်။ထို့ပြင် ဖြစ်နိုင်ခြေလေ့လာမှု ပြီးစီးပါက ထိုင်းနိုင်ငံသည် အီးယူနှင့်  လညFTA  ဆွေးနွေးညှိနှိုင်းမှုများပြန် လည်စ တင်နိုင် ရန် ကြိုး ပမ်းမည်ဖြစ် ကြောင်း ပီရူးနိုင်ငံနှင်ါFTA  ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။            
 ရီရီမွန်၊ စီးပွားရေးသံမှူး၊
 မြန်မာသံရုံး၊ ဗန်ကောက်မြို့