Main menu

Background

ထိုင်းနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများ၏ စီးပွားရေး တိုးတက်မှု နှေးကွေးလျက်ရှိ

Wed, 09/02/2015 - 16:38 -- journal_editor

       ထိုင်းနိုင်ငံ၏ မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်သည် ဆိုးရွားသော အခြေ အနေများနှင့် ပြောင်းလဲမှုများကို ရင်ဆိုင်နေရသော်လည်း နိုင်ငံ၏ စီးပွားရေးအခြေခံများသည် ခိုင်မာနေ ဆဲဖြစ်ကြောင်း ၊ နိုင်ငံ၏ သာမန် ငွေစာရင်း တွင် ပိုငွေပြလျက်ရှိခြင်း၊ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်ခြင်း၊ အလုပ်လက်မဲ့နှုန်း နိမ့်နေခြင်းတို့က ဤအခြေအနေကို ထင်ဟပ်လျက်ရှိ ကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ်က ခိုင်မာ စွာပြောဆိုခဲ့ပါသည်။
     လယ်သမားများ၊  အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများ လျော့ပါးသက်သာစေ ရန် ရည်ရွယ်၍ဆောင်ရွက်လျက်ရှိသော အစိုးရ၏ စီမံချက်များသည် ဖြစ်နိုင်ချေ  ရှိကြောင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေး တိုး တက်မှုအလားအလာ အားပျော့နေရ ခြင်းမှာ အဓိကအားဖြင့် ပြည်ပတင်ပို့မှု ကျဆင်းနေခြင်းကို အရင်းခံ၍ ဖြစ်ပေါ် လာကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ မစ္စတာပရာဆမ် ကပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ စီးပွားရေး နာလန် ထူလာမှုနှေးကွေးနေခြင်းနှင့် ကမ္ဘာ့ စီးပွားရေးကျဆင်းမှု ကြာရှည်နေခြင်း တို့သည် ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ GDP  တိုးတက်မှုနှုန်း ခန့်မှန်းချက်ကို လျှော့ ချရန် လှုံ့ဆော်ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ ခန့်မှန်းချက်အသစ်ကို ငွေကြေးမူဝါဒအစီရင်ခံ စာ ထုတ်ပြန် သည့်  စက်တင်ဘာလ ၂၅ ရက်တွင် ကြေညာမည်ဖြစ်ပါသည်။
     ထိုင်းနိုင်ငံ၏ စီးပွားရေး တိုး တက်မှုသည် နှေးကွေးလျက်ရှိပြီး ယခု နှစ် ဒုတိယသုံးလပတ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း အမျိုးသားစီးပွားရေး နှင့်လူမှုရေးဖွံ့ဖြိုး မှုအဖွဲ့ (NESDB) မှ ပြောကြားခဲ့ပါ သည်။ယခုနှစ် ပထမနှစ်ဝက်၌ ထိုင်း နိုင်ငံ၏ စီးပွားရေးသည် ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ပထမနှစ်ဝက်၌ သုည ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒုတိယနှစ်ဝက် ၌ ၁  ဒသမ ၆ ရာခိုင်နှုန်း    တိုးတက် ခဲ့ ကြောင်း၊ ပြည်ပတင်ပို့မှုသည် ကမ္ဘာ့     စီးပွားရေးကျဆင်းမှုဒဏ်ကိုခံနေရစဉ် တွင် စီးပွားရေး  တိုးတက်မှုအတွက် အဓိက အထောက်အကူဖြစ်စေခဲ့သော ကဏ္ဍများမှာ အစိုးရရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွား လုပ်ငန်း တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ဟိုတယ်လုပ်ငန်း၊ စားသောက် ဆိုင်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း များ သိသိသာသာ တိုးတက်ခဲ့သော် လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် မိုးခေါင်မှု၏ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ခဲ့ရပါသည်။ စက်မှုကုန်ထုတ် လုပ်မှုကဏ္ဍ ကျဆင်းခြင်းသည် ပြည်ပ တင်ပို့မှုဦးစားပေးလုပ်ငန်းများ ကျဆင်း မှုကို ထင်ဟပ်ပြနေပါသည်။
    ယခုနှစ် ဒုတိယ သုံးလပတ် စီးပွားရေးအခြေအနေသည် အားရ စရာ မရှိသောကြောငNESDB သည် ၂၀၁၅ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်း ကို မေလ၌ ၃- ၄ ရာခိုင်နှုန်းဟု ခန့်မှန်း ခဲ့ရာမှ သြဂုတ်လ ၁၇ ရက်နေ့၌၎င်းင်း၏ ခန့်မှန်းချက်ကို ၂ ဒသမ ၇ -၃ ဒသမ ၂ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါသည်။ ယခင် က သုည ဒသမ ၂ ရာခိုင်နှုန်း တိုးတက် မည်ဟု ခန့်မှန်းခဲ့သော ယခုနှစ် ပြည်ပ တင်ပို့မှု တိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း လိမ့်မည်ဟု ပြင်ဆင်ခန့်မှန်းခဲ့ပါသည်။
     ယခုနှစ် ဒုတိယနှစ်ဝက်တွင် အမေရိကန်မှလွဲ၍ အခြားသောအဓိက ကုန်သွယ်ဖက်နိုင်ငံများအားလုံးနီးပါး  သို့တင်ပို့မှုသည် ကျဆင်းခဲ့ကြောင်း၊ အစိုးရအနေဖြင့် ယခုနှစ်ကျန်ရှိသော ကာလများတွင် အစိုးရသုံးစွဲမှုနှင့် ရင်းနှီး မြှုပ်နှံ မှုကို အရှိန်မြှင့်တင် ဆောင်ရွက် သင့်ကြောင်းNESDB အတွင်းရေးမှူး ချုပ်Mr.Arkhom ာ ကပြောကြားခဲ့ပါ သည်။ စီးပွားရေးတိုးတက်မှုနှုန်း နှေးနေ ခြင်းသည် ထိုင်းနိုင်ငံ တစ်နိုင်ငံတည်း တွင်သာ ဖြစ်ပေါ်နေခြင်း မဟုတ် ကြောင်း၊ အခြားသောနိုင်ငံများ အထူး သဖြင့် အာရှနိုင်ငံများသည်လည်း ၎င်းင်း တို့၏ တိုးတက်မှုနှုန်း ခန့်မှန်းချက်များ ကို ပြင်ဆင်လျှော့ချလျက်ရှိကြောင်း၊ အာရှနိုင်ငံများ၏ စီးပွားရေးတိုးတက် မှုနှုန်းခန့်မှန်းချက် ပြင်ဆင်လျှော့ချရ ခြင်း၏ အဓိကအကြောင်းရင်းများ အနက်တစ်ခုမှာ ပြည်ပတင်ပို့မှု နှေးကွေးကျဆင်းနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့