Main menu

Background

တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှတင်သွင်းသည့် သစ်သီးဝလံနှင့်အဖျော်ယမကာ ဈေးနှုန်းများ ကြီးမြင့်လျက်ရှိ

Thu, 02/18/2016 - 09:12 -- journal_editor

        ပြည်ပမှတင်သွင်းသည့် သစ်သီး ဝလံများ၊ ယမကာ၊ အချိုရည်များ၏ဈေးနှုန်းများသည် တောင်ကိုရီးယား နိုင်ငံတွင် အခြားနိုင်ငံများထက်လွန် စွာ မြင့်မားလျက်ရှိသည်။ ကိုရီးယား စားသုံးသူများအဖွဲ့အနေဖြင့် အဓိကကုန် သွယ်ဘက်နိုင်ငံ ၁၃ နိုင်ငံ၏ ပြည်ပမှတင်သွင်းသည့် အစားအသောက်၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် စုစုပေါင်း ၃၅ မျိုးကို နှိုင်းယှဉ်လေ့လာကြည့်ခဲ့ကြသည်။ ယင်းသို့စစ်တမ်းကောက်ခံမှုအရ ေ တာင်ကိုရီးယားနိုင်ငံရှိ ပြည်ပမှတင်သွင်းသည့် အစိမ်းရောင် စပျစ်သီးနှင့် ဝိုင်တို့၏   ဈေးနှုန်းများသည် အခြားနိုင်ငံများထက် လွန်စွာမြင့်မား နေကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် အမေရိကန်မှ တင်သွင်းသည့် အစိမ်းရောင် စပျစ်သီးသည် ၈၀၀ ဂရမ်လျှင် ဝမ် ၇,၀၀၉ ဈေးရှိပြီး အမေရိကန်နိုင်ငံတွင် ဝယ်ယူနိုင်သည့်ဈေး နှုန်းထက် ၇၃ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေကြောင်း ပြည်ပမှတင်သွင်းသည့် ဝိုင်များသည်လည်း အခြားနိုင်ငံများ ထက် ၇၀ ရာခိုင်နှု န်းကျော် ခန့် ဈေးနှုန်း ပိုမိုမြင့်မားလျက်ရှိကြောင်း တွေ့ရှိရသည်။
          ပြည်ပမှတင်သွင်းလာသည့် စတားဘတ်ကော်ဖီ၊ အမဲသား၊ ဖိလစ်ပိုင် ငှက်ပျောသီး၊ အမေရိကန် လိမ္မော်သီးနှင့် စပျစ်သီး၊ ကိုကာကိုလာနှင့် ပက်ပ်စီအချိုရည်၊ ဟန်နီကန်ဘီယာ စသည်တို့၏ ဈေးနှုန်းများ မြင့်မားနေသည် ကိုလည်းတွေ့ရှိရသည်။ တင်သွင်းသည့်ကုန်ပစ္စည်းများ အပါအဝင်  လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ၃၅ မျိုး၏ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက တောင်ကိုရီးယားနိုင်ငံသည် ဈေးအကြီး ဆုံးငါးနိုင်ငံအုပ်စု စာ ရင်းတွင် ပါဝင်နေ ကြောင်း တွေ့ရှိရ သည်။ အချုပ်ဆိုရ သော် လယ်ယာထွက်၊ နို့ထွက်ပစ္စည်း များနှင့် အခြားစားသောက်ကုန်များ သည် အခြားသော နိုင်ငံများနှင့်နှိုင်း ယှဉ်ပါက ဈေးနှုန်းမြင့်မားလျက်ရှိသည်ကို တွေ့ရှိရသည်။
           လွတ်လပ်သောကုန်သွယ်မှုဆိုင် ရာသဘောတူညီချက်များ အသက်ဝင်လာပြီး သွင်းကုန် အခွန် နှုန်းများလျှော့ပေါ့ပေးသော်လည်း နိုင်ငံခြားဘီယာနှင့် ပြည်ပမှတင်သွင်းသည့် သစ်သီးများ ၏ဈေးနှုန်းများ ကျဆင်းမှု မရှိသ ည့်အပြင် ရောင်းချသူများအနေဖြင့်လည်း စားသုံးသူများ၏ အကျိုးစီးပွားကိုသယ်ပိုးပေးနိုင်သကဲ့သို့ ဟန်ဆောင်နေကြသည်။ သို့ဖြစ်ရာ အစိုးရအနေဖြင့် ကုန်စည်ဖြန့်ချိခြင်းနှင့် အခြားသောစနစ်များကို ပိုမိုတိုးမြှင့်လုပ်ဆောင်မှသာ အကောက်ခွန်နှုန်းများ လျှော့ချလိုက်ခြင်း၏ အကျိုးကျေးဇူးကို စားသုံးသူများ တိုက်ရိုက်ရရှိခံစားနိုင်မည်ဖြစ်သည်။

 

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဆိုးလ်မြို့