Main menu

Background

၂၀၁၆ ခုနှစ်အတွင်း စီးပွားရေးတိုးတက်လာစေရန် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်မည်ဟု ကိုရီးယားစီးပွားရေး ခေါင်းဆောင်များ သိန္နိဋ္ဌာန်ပြု

Tue, 03/22/2016 - 13:28 -- journal_editor

   တောင်ကိုရီးယားနိုင်ငံ၏ စီးပွား ရေးခေါင်းဆောင်များသည် ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ ပြုပြင်ပြောင်း လဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု အလား အလာ များ ကောင်းမွန်စွာ ဆောင်ရွက် နိုင်ရေးအတွက် ၎င်းင်းတို့၏ ဆုံးဖြတ် ချက်ကို ဖော်ပြခြင်းအားဖြင့် နှစ်သစ်ကို စတင်ခဲ့ ကြသည်။ ယခုနှစ်သည် အစိုးရ၏ စီးပွား ရေးပြုပြင်ပြောင်းလဲမှု သုံးနှစ် စီမံကိန်းတွင် တတိယမြောက်နှစ်ဖြစ်ပြီး ၎င်းင်းတို့အနေဖြင့် ဆောင်ရွက်ခဲ့နိုင်သည့် ပြုပြင် ပြောင်းလဲမှုများကို ထုတ်ဖော် ပြသသင့်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။ လက်ရှိသမ္မတ   ပတ်ဂွင် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ဘဏ္ဍာရေး၊ ပြည်သူလူထု၊ အလုပ် သမားနှင့် ပညာရေးကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများကို တွန်း အား ပေး ဆောင်ရွက်ခဲ့ပြီး ယင်းကဏ္ဍများ တွင် တွေ့ကြုံရသည့် ပြဿနာများသည် စီးပွားရေးတိုးတက်မှု အလားအလာ အတွက် အတားအဆီးများဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။မဟာဗျူဟာနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်အတွက် စီးပွားရေးမူဝါဒ စီမံကိန်းသစ်တစ်ရပ် ကိုချမှတ်ခဲ့ပြီး၊ ယင်းစီမံကိန်းသည်ဇီဝနည်းပညာနှင့်အင်တာနက်ဆိုင်ရာ ပစ္စည်းများကဲ့သို့သောအနာဂတ်တွင် တိုးတက်လာနိုင်သည့် လုပ်ငန်းများဆိုင် ရာ စည်းမျဉ်းများပြန်လည်ချမှတ်ခြင်း ကိုဗဟိုပြုထားခြင်းဖြစ်သည်။ ဖန်တီး နိုင်သည့် စီးပွားရေးနှင့်ဆန်းသစ်တီထွင် မှုလုပ်ငန်းများအတွက် ဗဟိုဌာနများကို နိုင်ငံတစ်ဝန်းထားရှိနိုင်ခြင်းသည် လူငယ်များ အလုပ်အကိုင် ရရှိရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့ပါသည်။ လက်ရှိ စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် မိမိတို့၏ စွမ်းအားများကို စုစည်းပြီး တိုးတက်မှုအဆင့်ဆင့် တက်လှမ်းနိုင် ရေး ကြိုးစားဆောင် ရွက်ကြမည်ဖြစ်  ကြောင်းနှင့်ပြုပြင်ပြောင်းလဲမှုများ နှောင့်နှေးခြင်းသည် အကျပ်အတည်း ကို ပိုမိုကြီးထွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။တောင်ကိုရီးယားစီးပွားရေး သည် ၂၀၁၆ ခုနှစ်အတွင်း အမေရိကန် အတိုးနှုန်းြ မင့်မား မှု၊ အိမ်ထောင်စုေ<ကး မြီဆိုင်ရာကိစ္စများ၊ ပို့ကုန်ကျဆင်းခြင်း၊ လူငယ်အလုပ်လက်မဲ့နှုန်းမြင့်မားလာ ခြင်း အစရှိသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ အခွန်ဆိုင်ရာ အခွင့်အာဏာရှိသူများသည် ယခုနှစ် တွင် အခွန်တိမ်းရှောင်သူများကို ပြင်း ထန်စွာ အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်းNational  Tax Service     ကော်မရှင်အဖွဲ့ ဝင်ဖြစ်သူMr. LimHwan-soo ကပြော ကြားခဲ့သည်။ အခွန်တိမ်းရှောင်ခြင်းနှင့် တမင်ရည်ရွယ်ပြုလုပ်သည့် မသမာမှု များကို ဖြစ်နိုင်သည့်နည်းလမ်းအားလုံး ဖြင့်အပြစ်ပေးသင့်ကြောင်းနှင့်အာဏာ ပိုင်များအနေဖြင့် အခွန်ရှောင်သူများ ရှာဖွေရာတွင် ပိုမိုအာရုံစိုက်ဆောင်ရွက် မည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့ သည်။ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီးဟောင်းဖြစ်သည့်Mr.Yoon Sang-jickကဝန်ကြီးဌာန အနေဖြင့် ပို့ကုန်နှင့်ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေရာမှ ပြန်လည်နာလန်ထူနိုင် ရန် အဓိကထား ဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုန်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုရီးယားနိုင်ငံကို တရုတ် နိုင်ငံနှင့် နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်မှ တစ်ဆင့် စီးပွား ရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ၂၀၁၆ ခုနှစ်ကို ပို့ကုန် ပြန်လည်တိုးတက် အောင်ပြုလုပ်သည့် ကာလအဖြစ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ဈေးကွက်အသစ်များကိုလည်း ချဲ့ထွင် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ သည်။ကိုရီးယားပို့ကုန်သည် ၂၀၁၅ ခုနှစ်တွင် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၉ ရာခိုင်နှုန်းလျော့နည်းကျ ဆင်းခဲ့ပြီး ရေနံစိမ်းဈေးနှုန်းများကျဆင်း ခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ရ ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ နိုင်ငံ ၏ ကုန်သွယ်မှုပမာဏသည်လည်း ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံသို့ ကျဆင်းခဲ့ပြီး ငါးနှစ် အတွင်း ပထမဆုံးကျဆင်းခဲ့ခြင်းဖြစ် သည်။ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ် ရေးသည် နှေးကွေးစွာပြန်လည်နာလန် ထူလာလိမ့်မည်ဟု မျှော်လင့်ရသော် လည်း အဓိကစီးပွားရေးနိုင်ငံများဖြစ် သည့် တရုတ်၊ ဘရာဇီးနှင့် ရုရှားနိုင်ငံတို့ ၏ စီးပွားရေးသည် ပြန်လည်နာလန်ထူ လာပုံမပေါ်သေးပေ။ ယင်းသို့သော မသေချာမှုများရှိသော်လည်း ကုန်သွယ် ရေး ဝန်ကြီးဌာနအနေဖြင့် အလှကုန် ကဲ့သို့သောလူသုံးကုန်ပစ္စည်းများကို ကိုရီးယား-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီမှုမှ တစ်ဆင့် အဓိကပို့ကုန်အဖြစ်ေ ဆာင်ရွက်နိုင်ရေး ကိုဦးတည်ဆောင်ရွက်သွားမည်ဖြစ် သည်။ ယင်းသို့ ဆောင်ရွက်ခြင်း သည် ခက်ခဲနေသည့် ကုန်သွယ်မှုဆိုင်ရာ အခြေအနေကို ကျော်လွှားနိုင်ရန် အတွက် ပို့ကုန်လုပ်ငန်းရှင်များကို အထောက်အပံ့ြ ဖစ်စေ မည် ဖြစ်သည်။ ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို အရှိန်မြှင့်တင်ဆောင် ရွက်ခြင်းဖြင့် နောင်တွင် တိုးတက်လာ နိုင်သည့် လုပ်ငန်းများနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်သည့် တန်ဖိုးမြှင့် ထုတ်ကုန်သစ်များ ဆက်လက်ဆောင် ရွက်နိုင်ရေးကိုလည်း ဦးတည်ဆောင် ရွက်သွားမည် ဖြစ်သည်။
ခင်မျိုးသော်၊ စီးပွားရေးသံမှူး           မြန်မာသံရုံး၊ ဆိုးလ်မြို့