Main menu

Background

တရုတ်၌ လုပ်ငန်းသုံးစက်ရုပ်ထုတ်လုပ်မှု သုံးဆ မြှင့် တင်ရန် ရည်မှန်း

Fri, 05/20/2016 - 15:16 -- journal_editor

တရုတ်တွင်  လုပ်သားအခြေပြု စက်ရုံများ၌  တီထွင်ဆန်းသစ်မှုနည်း ပညာဖြင့် အထောက်အပံ့ဖြစ်စေရန် အတွက် လုပ်ငန်းသုံးစက်ရုပ်  ထုတ်လုပ် မှုကို ငါးနှစ်အတွင်း ယခင်ထက် သုံးဆ တိုးမြှင့်၍  အရေအတွက်  ၁၀၀ç၀၀၀ ထုတ်လုပ်မည်ဖြစ်ကြောင်း၊   စက်မှုနှင့် နည်းပညာဝန်ကြီးဌာနမှ ပြောကြားလိုက် ပါသည်။      ထို့ပြင် ၂၀၂၀ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်း တန်ဖိုးခန့်အထိ လုပ်ငန်းသုံးစက်ရုပ် ထုတ်လုပ်ရောင်းချနိုင် ရန် မျှော်မှန်းထား ကြောင်း၊ (၁၃) ကြိမ်မြောက် ငါးနှစ် စီမံကိန်း (၂၀၁၆ မှ ၂၀၂၀ ပြည့်နှစ်) တွင် တရုတ်၏   နည်းပညာနှင့်   အရည် အသွေးကို တိုးမြှင့်ရန်နှင့်စက်ရုပ်ထုတ် လုပ်သည့်  လုပ်ငန်းများကိုအားပေးရန် လုပ်ငန်းစဉ်များ ရေးဆွဲပါရှိကြောင်း သိရှိ ရပါသည်။
၂၀၁၃ ခုနှစ်တွင် တရုတ်သည် ဂျပန်နိုင်ငံကိုကျော်လွန်၍ ကမ္ဘာ့အကြီး ဆုံး လုပ်ငန်းသုံးစက်ရုပ်ဈေးကွက်ဖြစ် လာခဲ့ပြီး အနာဂတ်တွင်လည်း လုပ်ငန်း သုံးစက်ရုပ် အမျိုးအစားများစွာ ဝယ်လို အား   တိုးတက်လာမည်ဖြစ်ကြောင်း International Federation of Robotics မှ  ဖော်ပြထားပါသည်။   တရုတ်၏  အသက်ကြီး    လူဦးရေများအတွက် အထောက်အကူပြု စက်ရုပ်များ လိုအပ် လာခြင်းနှင့် ကုန်ထုတ်လုပ်မှု စက်ရုံများ ၌ နည်းပညာတိုးတက်လာခြင်းနှင့်လုပ် အားခဈေးကြီးမြင့်ခြင်းကြောင့် လူအား ထက်စက်အားကို  ပို၍အစားထိုးသုံးစွဲ လာကြကြောင်း  ဆက်လက်သုံးသပ်ပြော ကြားထားပါသည်။
တရုတ်နိုင်ငံတွင်    စက်ရုပ်ထုတ် လုပ်သည့် အကြီးဆုံးကုမ္ပဏီ Siasun Robot& Auto-mation Co.,Ltdမှ  ယခုလက်ရှိ အခြေအနေတွင် ၎င်းင်းတို့၏ စက်ရုပ်ထုတ်လုပ်သည့် လုပ်ငန်းသည် အခြားနိုင်ငံများရှိ ကုမ္ပဏီများနှင့် နှိုင်း ယှဉ်ပါက    ကနဦးအဆင့်၌ပင်ရှိနေပြီး   စက်ရုပ်ထုတ်လုပ်သည့် အစိတ်အပိုင်း အများစုကို ပြည်ပမှ တင်သွင်းရကြောင်း၊   အစိုးရမှ စက်ရုပ်ဈေးကွက်တိုးတက်ရန်  အားပေးမြှင့်တင်နေပြီး ထုတ်လုပ်မှုနှင့် နည်းပညာမှာ  နှစ်စဉ်တိုးတက်လာ ကြောင်း၊ အလားအလာရှိသည့် စက်ရုပ် ထုတ်လုပ်သည့် ကုမ္ပဏီများမှ ရှယ်ယာ များဝယ်ယူခြင်းဖြင့် Merger & Acqu- isition ပြုလုပ်ရန်  ညှိနှိုင်းနေကြောင်း   ဖော်ပြထားပါသည်။
 

သန္တာခိုင်၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ ပေကျင်းမြို့