Main menu

Background

တောင်ကိုရီးယားနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ဝမ်ဘီလီယံ ၉၀၀ ကျခံ သုံးစွဲမည်

Thu, 05/26/2016 - 11:11 -- journal_editor

တောင်ကိုရီးယားနိုင်ငံ၏ သိပ္ပံ၊ သတင်းအချက်အလက်နည်းပညာနှင့် အနာဂတ်စီမံကိန်းဝန်ကြီးဌာနက 5G network  အပါအဝင် အလိုအလျောက် ဆောင်ရွက်နိုင်သည့် ကားနှင့်စက်ရုပ် များစသည့် နည်း
ပညာများဖွံ့ဖြိုးတိုး တက်မှုအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ယခုနှစ်တွင် ဝမ် ၉၇၃ ဒသမ ၆ ဘီလီယံကို ကျခံသုံးစွဲ မည်ဖြစ်သည်။ အဆိုပါဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ ခုနှစ်တွင် အဆိုပါ
နည်းပညာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်လာနိုင်မည်ဟု ခန့်မှန်း ခဲ့သည်။ စီမံကိန်းများ အနက် ဝမ် ၁၀၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ  ရင်းနှီးမြှုပ်နှံ မှုသည် အကြီးမားဆုံးသော အစိတ် အပိုင်းတစ်ခုဖြစ
်ပြီး အနာဂတ်မျိုးဆက် အတွက် 5G ကြိုးမဲ့ကွန်ရက်စနစ် ဖွံ့ဖြိုး တိုးတက်စေရေးကို   ဦးတည်ဆောင်ရွက် သွားမည်ဖြစ်သည်။ ကိုရီးယားနိုင်ငံ အနေဖြင့် ၂၀၂၀ ခုနှစ်တွင်5G ကွန်ရက် စနစ်၏ ကူးသန်းရောင်း
ဝယ်ရေး ဝန်ဆောင် မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသည့် ပထမဆုံးသော နိုင်ငံအဖြစ် ဆောင်ရွက် နိုင်ရေးကို ရည်မှန်းချက်ထားရှိခြင်းဖြစ်သည်။
အခြားဦးတည်ဆောင်ရွက်သည့် နယ်ပယ်တစ်ခုမှာ အလိုအလျောက်လုပ် ငန်းဆောင်ရွက်နိုင်သည့် ယာဉ်၊ ယန္တရား များဖြစ်ပြီး ၎င်းင်းသည်အစိုးရသို့ အခြေခံ အဆောက်အအုံဆိုင်ရာနှင့်ဥပဒေပိုင်း ဆိုင်ရာ စိန်
ခေါ်မှုများရှိလာနိုင်သည်။ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနအနေဖြင့် အလိုအလျောက် ဆောင်ရွက်နိုင်သည့် ယာဉ်များကို လုံခြုံ မှုနှင့်ကြိုတင်စမ်းသပ်မှုများအတွက် လို အပ်သည့်ပစ္စည်းများနှင့်
အဝေးပြေးလမ်း များ တည်ဆောက်ခြင်းအတွက် ဝမ် ၅၁ ဒသမ ၈ ဘီလီယံလျာထားပြီး အဆိုပါ ယာဉ်များကို ဈေးကွက်သို့ ဆောလျင်စွာ မိတ်ဆက်ပေးနိုင်ရေး ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြေယာ အခြေခံအဆောက်အအုံနှင့်ပို့ဆောင် ရေးဝန်ကြီးဌာနတို့နှင့်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံအနေဖြင့် နေအပူစွမ်းအင်၊ လေစွမ်းအင်နှင့်လောင် စာစွမ်းအင်ကဲ့သို့သော အရင်းအမြစ်များ ကို ထောက်ပံ့ရန်အတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်နိုင် ရေးကို ဆောင်
ရွက်နေသောကြောင့် ပြန်လည်အသုံးချနိုင်သည့် စွမ်းအင် ကဏ္ဍသည်လည်း ဒုတိယအကြီးမားဆုံး သောကဏ္ဍဖြစ်လာသည်။   လူ့အသိ Óဏ်ကိုတုပ၍ စက်ရုပ်များ ပြုလုပ်ခြင်း တို့သည်လည်း အာရုံစိုက်
ဆောင်ရွက် လာသည့်  လုပ်ငန်းသစ်များဖြစ်လာပြီး ကျန်းမာရေးစောင့် ရှောက်မှုနှင့်လုံခြုံရေး ကဏ္ဍများတွင် အသုံးပြုနိုင်သည့် စက်ရုပ် များကို  တီထွင်ထုတ်လုပ်နိုင်ရေး ပိုမို အာရုံစိုက်  ဆောင်ရွက်လာကြ
သည်။
အာဏာပိုင်များ   အနေဖြင့် ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု သမိုင်း ကြောင်းအရ ထင်ရှားခဲ့သည့် တစ်ပိုင်း လျှပ်ကူးပစ္စည်းကဏ္ဍ   ကဲ့သို့သော လုပ်ငန်းများတွင်လည်း သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်
များ ပိုမိုဆောင်ရွက် နိုင်ရေးအတွက်     ဝမ် ၇၃ ဒသမ ၈ ဘီလီယံ    သုံးစွဲသွားမည်ဖြစ်သည်။ အခြားသောနယ်ပယ်များဖြစ်သည့် အင်တာနက်ဆိုင်ရာပစ္စည်းများ၊ အသုံး ပြုပုံနည်းပညာမြင့်မားသည့်     
ယာဉ် ၊ ယန္တရား များ၊ ဇီဝနည်းပညာထုတ်လုပ်မှု စနစ်များစသည့် နယ်ပယ်များတွင်လည်း ထောက်ပံ့အားပေးမှုများ ပိုမိုဆောင်ရွက် သွားမည်ဖြစ်သည်။
       

  ခင်မျိုးသော်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဆိုးလ်မြို့