Main menu

Background

ပြည်တွင်းသကြားဈေးနှုန်းထိန်းချုပ်မှုကို ယခုနှစ်အတွင်း ထိုင်းနိုင်ငံ ဖယ်ရှားမည်

Tue, 03/14/2017 - 12:15 -- journal_editor

     ထိုင်းနိုင်ငံသည် ပြည်တွင်းကြံနှင့်သကြားထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ရန် အတွက် နှစ်ပေါင်းသုံးဆယ်ကြာ ကျင့်သုံးလာခဲ့သည့်Quota Subsidies System  နှင့် ပြည်တွင်းသကြား ဈေးနှုန်းထိန်းချုပ်မှုများကို ယခုနှစ် အကုန် တွင် ဖယ်ရှား မည်ဖြစ်သည်။ ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာ ကမ္ဘာ့ဈေးကွက်အတွင်း သကြားဈေး နှုန်းကျဆင်းမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) တွင် ဘရာဇီး နိုင်ငံနှင့်အငြင်းပွားမှုကိုလည်း ရှောင်ရှားရန် ရည် ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဘရာဇီးနိုင်ငံသည် ထိုင်းအစိုးရ၏သကြားထုတ်လုပ်သူများကို ထောက်ပံ့ပေး သည့် အစီအစဉ်များကြောင့် ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းကျဆင်းမှုကို ဖြစ်စေခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တင်ပြထားရာ မတ်လ ၆ မှ ၈ ရက်တွင် နှစ်နိုင်ငံတွေ့ဆုံဖြေရှင်းကြမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံသည် ဘရာဇီးနိုင်ငံပြီးနောက် ကမ္ဘာ့ဒုတိယသကြားအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်သည်။ ဘရာဇီးနိုင်ငံနှင့်အငြင်းပွားမှုအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး နှစ်ပေါင်းသုံးဆယ်ကျော် အသုံးပြုခဲ့သော သကြားစက်ရုံ နှင့်ကြံတောင်သူများ၏ အကျိုးအမြတ်ခွဲဝေမှုစနစ် ၇၀း၃၀ ကို ဖယ်ရှားမည့် အစီ အစဉ်လည်းပါဝင်သည်။ အဆိုပါအကျိုးအမြတ်ခွဲဝေမှုစနစ်ကို ကျင့်သုံးရာ၌ကြံ ထုတ်လုပ်သူများကို အစိုးရကြံနှင့်သကြားရန်ပုံငွေမှ ငွေကြေးထောက်ပံ့ပေးသည့် အစီအစဉ်များ ထားရှိပါသည်။ ထိုင်းနိုင်ငံကြံနှင့်သကြားဘုတ်အဖွဲ့အနေဖြင့် ပြည်တွင်းသကြားထုတ်လုပ်မှုကဏ္ဍကို ပြုပြင်ပြောင်းလဲရာတွင် သကြားဈေးနှုန်း ထိန်းချုပ်မှုကို ဖယ်ရှားပြီး ဈေးနှုန်းအရှင်ထားသည့်စနစ်ကို ယခုနှစ်အောက်တိုဘာ တွင် စတင်ကျင့်သုံးရန် မျှော်မှန်းထားကြောင်း၊ Quota Subsidies System ကို လည်း ယခုနှစ်ကုန်တွင် အဆုံးသတ်မည်ဖြစ်ကြောင်းနှင့် ယင်းသကြားဈေးနှုန်း အရှင်သည် ကြံတောင်သူများဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ် ကြောင်း စက်မှုဝန်ကြီးMr Uttama Savnayana  ကပြောကြားခဲ့ပါသည်။ ထိုင်း နိုင်ငံ၏Quota Subsidies System  တွင် ခွဲတမ်းသုံးမျိုးခွဲခြားထားရာ ပြည်တွင်းသုံး သကြားပမာဏအတွက် ခွဲတမ်း(က)၊ အစိုးရကဏ္ဍမှ ပြည်ပတင်ပို့မှုအတွက် ခွဲတမ်း(ခ)နှင့် ပုဂ္ဂလိကကဏ္ဍမှ ပြည်ပတင်ပို့မှုပမာဏခွဲတမ်း(ဂ) ဟူ၍ ဖြစ်ပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့