Main menu

Background

အဖိုးတန် ရွှေ၊ ငွေ၊ သတ္တုများ ရောင်းဝယ်ရေး စတော့အိတ်ချိန်း တည်ထောင်နိုင်ရန် မြန်မာနိုင်ငံအား ဟောင်ကောင်ရှိ Gold Exchange က ကူညီသွားမည်

Tue, 04/25/2017 - 15:06 -- journal_editor

      မြန်မာနိုင်ငံအတွင်း အဖိုးတန် ရွှေ၊ ငွေ၊ သတ္တုများ အရောင်းအဝယ်ပြုလုပ်ရန်အတွက် စတော့အိတ်ချိန်း တည်ထောင်ရာတွင် မြန်မာအစိုးရအား ဟောင်ကောင်ရှိ Gold Exchange က ကူညီသွားမည်ဖြစ်ကြောင်းChinese Gold  & Sliver Exchange Society ဥက္ကဋ္ဌ Cheung ၏ ပြောကြားချက်အရ သိရှိရကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအနေဖြင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ကြိုး စားနေချိန်တွင် Gold Exchange တည်ထောင်ရန်မှာ အချိန်ကောင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက ဆောင်ရွက်လျက် ရှိသော '' One Belt, One Road " စီမံကိန်း၏ လမ်းကြောင်းတစ်လျှောက်တွင် တည်ရှိေ နသည့်အတွက် ဒေသတွင်း ကုန်သွယ်မှု၏ အခြားပုံစံသစ်အဖြစ်နှင့် ကုန်စည်များအတွက် တိုးတက်ဖြစ်ပေါ် နေသော အခွင့်အလမ်းများအား ဆုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
        ဟောင်ကောင် မြန်မာကုန်သည် ကြီးများအသင်းမှတစ်ဆင့် အကြံပေးလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများအား ဝန်ဆောင်မှုကြေးကောက်ခံလျက် မြန်မာနိုင်ငံအား ကူညီပေးရန် ဟောင်ကောင်အိတ်ချိန်းက သဘောတူ ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ စည်းမျဉ်း စည်းကမ်းဆိုင်ရာ တရားဝင် အတည်ပြုချက်ရရှိရန် လိုအပ်ကြောင်း၊ အသင်းအနေဖြင့် Gold Exchange အတွင်း ရှယ်ယာပိုင်ရှင်အဖြစ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့ သို့ ပြုလုပ်ခြင်းသည် ၁၉၁၀ခုနှစ်တွင်စတင် တည်ထောင်ခဲ့သည့် ဟောင်ကောင် အိတ်ချိန်းအနေဖြင့် ၎င်း၏ ဝန်ဆောင်မှုအား ပြည်ပသို့ တိုးချဲ့ရာတွင် ပထမဆုံးအကြိမ် ကြိုးပမ်းမှုဖြစ်ကြောင်း ပြော ကြားခဲ့သည်။
       '' One Belt, One Road " စီမံကိန်းကို ၂၀၁၃  ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား နိုင်ငံပေါင်း ၆၀ အား ချိတ်ဆက်လျက် ကားလမ်းများနှင့် မီးရထားလမ်း အပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ကုန်သွယ်မှုများ တိုးမြှင့်ရန်ဖြစ်သည်။ မြန်မာနိုင်ငံသည်'' One Belt, One Road "စီမံကိန်းတွင် ပါဝင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍနှင့် အခြား အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊  နိုင်ငံတကာ ငွေကြေးရန်ပုံငွေအသင်း၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၁၆ ခုနှစ်တွင် ၈ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ကမ္ဘာတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း အမြင့်ဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့ ကြောင်း ဖော်ပြထားသည်။
        မြန်မာအစိုးရအနေဖြင့် ၂၀၁၅ တွင်  မြန်မာနိုင်ငံတွင် စုစုပေါင်းကုန် သွယ်မှု၏ ၄၀ ရာခိုင်နှုန်းနှင့် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်အစိုးရနှင့် စီးပွားရေးဆက်ဆံမှုတိုးမြှင့်ရန် ဆန္ဒရှိကြောင်း ၊ဟောင်ကောင်၏  အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံရာတွင် အခွင့်အလမ်းများစွာရှိကြောင်း အသင်းဥက္ကဋ္ဌ Albert Oung မှ ပြောကြားခဲ့သည်။ ရွှေဈေးအနေဖြင့် လအနည်းငယ်အတွင်း ၁၀ ရာခိုင်နှုန်းနှင့်  ၁၅ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်နိုင်သေးကြောင်း၊ နိုင်ငံရေးမသေချာမှုများမြင့်တက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူများက အဖိုးတန် ရွှေ ငွေများတွင် ရွှေ့ပြောင်းရင်းနှီးမြှုပ် နှံကြကြောင်း၊ မြန်မာနိုင်ငံတွင် ယခုနှ စ် နောက်ပိုင်းတွင် စတင်နိုင်မည်ဟု ခန့် မှန်းကြောင်း၊ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများအား အမေရိကန်ဒေါ်လာ၊ ဟောင်ကောင်ဒေါ်လာမှ ယွမ်ငွေကြေး အပါအဝင် ငွေကြေးအမျိုးမျိုးဖြင့် ရွှေ ရောင်းဝယ်မှုပြုလုပ်ရန် ပလက်ဖောင်း တစ်ခုဖြစ်ကြောင်း  အသင်းဒုတိယ ဥက္ကဋ္ဌ Jrearz မှ ပြောကြားခဲ့ကြောင်း South China Morning Post  သတင်းစာတွင် ဖော်ပြထားပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ ဟောင်ကောင်မြို့