Main menu

Background

အာရှပို့ကုန်များ တိုးတက်ကောင်းမွန်နေသော်လည်း အချို့မှာ ကျဆင်းမည့် အလားအလာရှိ

Thu, 05/18/2017 - 14:18 -- journal_editor

     အာရှဒေသ၏   ပို့ကုန်လုပ်ငန်း များသည် တိုးတက်သော နှုန်းထားဖြင့် ဖွံ့ဖြိုးလျက်ရှိကြောင်း၊ ဒေသတွင်း ကုန် ထုတ်လုပ်မှုလုပ်ငန်းမှာ  ဒုတိယသုံးလ ပတ်တွင် အခြေခိုင်မာစွာ  ရပ်တည် နိုင်ပြီဖြစ်သော်လည်း စစ်တမ်းေ ကာက် ယူထားသော နိုင်ငံ ၁၂ နိုင်ငံအနက် နှစ်နိုင်ငံမှာမူ    ခြွင်းချက်အဖြစ်   ရှိနေ ကြောင်း  အေးရှနီကေးသတင်းတွင် ဖော်ပြသည်။အာရှဒေသ ပို့ကုန်လုပ်ငန်းကို တရုတ်(တိုင်ပေ) က ဦးဆောင်လျက် ရှိနေပြီး တရုတ် (တိုင်ေ ပ)  ၏ ဝယ်ယူသူ မန်နေဂျာများ အညွှန်းကိန်းမှာ ဧပြီက ၅၄ ဒသမ ၄ ရှိခဲ့ပြီး ၁၁ လမြောက် မြင့် တက်ခဲ့ခြင်းဖြစ်သည်။   အညွှန်းကိန်း ၅၀  အထက်ဆိုပါက   တိုးတက်လာ သည့်   လက္ခဏာကို   ပြသလျက်ရှိပြီး အညွှန်းကိန်း ၅၀ အောက်   ရောက်ရှိ ပါကစီးပွားရေး ကျဆင်းမည့် လက္ခဏာ ရှိသည်။  တရုတ်(တိုင်ပေ)၏ ဖွံ့ဖြိုးမှု အရှိန်အဟုန်ကို   အားလုံးခြုံငုံကြည့် ပါက  တိုးတက်မှု ခိုင်မာလာသည်ကို တွေ့ရပြီး ကုမ္ပဏီများအနေဖြင့် အလုပ် သမားများ    ပိုမိုခန့်အပ်ပြီး  ဝယ်ယူမှု လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပြသလျက်ရှိ သည်။ကျန်အာရှဒေသများ၏    ကုန် ထုတ်လုပ်မှုမှာ အရှိန်ရလျက်ရှိနေပြီး နီကေး၏  အာဆီယံဒေသ ကုန်ထုတ် လုပ်ငန်းဝယ်ယူသူ   မန်နေဂျာများ၏ အညွှန်းကိန်းမှာ ဧပြီတွင် ၅၁ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး  သုညဒသမ ၂ ရာခိုင် နှုန်း ပိုမိုတိုးတက်ခဲ့ရာ ၃၃ လအတွင်း အမြင့်ဆုံး ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၏    ဧပြီကုန် ထုတ်လုပ်မှုသည်   ၂၀၁၆ ခုနှစ်၊ ဇွန် နောက်ပိုင်း   အမြင့်ဆုံးဖြစ်ခဲ့သည်။ ပြည်တွင်းပြည်ပမှ အမှာစာများ နှစ်နှစ် အတွင်း အမြင့်ဆုံးရောက်ရှိခဲ့သည့် အတွက် ၂၄ လကြာမျှ ကျဆင်းနေခဲ့ သော မလေး ရှားနိုင်ငံ၏  ကုန်ထုတ်လုပ် မှုမှာလည်း ပြန်လည် မြင့်တက်ခဲ့သည်။
''အရောင်းအဝယ်  ဖြစ်ထွန်းလာ စေတဲ့    အဓိကအရင်းအမြစ်တွေက တရုတ်၊ ဥရောပနဲ့  အရှေ့အလယ်ပိုင်း ဒေသတွေဖြစ်ပါတယ်'' ဟု စစ်တမ်း များကို   ပြုစုပေးသူIHS Markit က ပြောသည်။သို့သော်  လည်း  ထိုနှစ်နိုင်ငံ ၏ ပို့ကုန် နာလန်ထူမှုမှာ  ရေတိုမျှသာ ဖြစ် နိုင်မည်ဟု အချို့လေ့လာ ဆန်းစစ်သူ တို့က သုံးသပ်သည်။  ဥပမာအားဖြင့် နိုမူရာ   အင်တာနေရှင်နယ်က  ယခု ပို့ကုန်ဖွံ့ဖြိုးမှုမှာ      တစ်ကျော့ပြန် သံသရာလည်မှုကြောင့်သာ     ဖြစ်ပြီး ဒုတိယ သုံးလပတ်တွင် ပြန်လည်ကျ ဆင်းလာဖွယ်ရှိကြောင်း သုံးသပ်ထား သည်။    ထိုကဲ့သို့သော    အကြောင်း တရားများတွင်     တရုတ်နိုင်ငံက    သို လှောင်လက်ကျန်ပြန်လည်ဖြည့်ဆည်း ခြင်းနှင့် စမတ်ဖုန်းနှင့် ဆက်နွယ်သော အီလက်ထရွန်းနစ်ပစ္စည်းများ ဝယ်ယူမှု  မြင့်မားလာခြင်း   စသည့် အချက်များ ပါဝင်ကြောင်း ဖော်ပြထားသည်။