Main menu

Background

၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ၈ျပန်နှင့် ဂျာမနီနိုင်ငံတို့ကိုကျော်လွန်ကာ ကမ္ဘာ့တတိယအကြီးဆုံး ဖြစ်လာနိုင်ကြောင်းUSDA က ခန့်မှန်း

Tue, 05/23/2017 - 11:08 -- journal_editor

အိန္ဒိယနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံ ကြီးလေးနိုင်ငံဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ တို့ကို သာလွန်ကာ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဖြစ် လာနိုင်သည့်  အနေအထားတွင်  ကောင်းစွာရှိေ နကြောင်း အမေရိကန်အစိုးရ  အေဂျင်စီတစ်ခု၏ အဆိုအရ သိရှိရပါ သည်။ကမ္ဘာ့ဘဏ်နှင့်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF) တို့က ကောက်ယူစုဆောင်းထားသည့် အချက် အလက်များကို အခြေခံကာအမေရိကန် စိုက်ပျိုးစီးပွားရေး သုတေသနဝန်ဆောင်မှုအဖွဲ့  (USDA) ၏  ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် နှစ်စဉ် ၇ ဒသမ ၄ ရာခိုင်နှုန်း ဖြင့် နှစ်စဉ်ပျမ်းမျှတိုးတက်မည်ဆိုပါက ၂၀၃၀ ပြည့်နှစ်တွGDP  ပမာဏ မှာ အမေရိ ကန်ေ ဒါ်လာ ၆ ဒသမ ၈၄ ထရီလီယံ သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ယင်းပမာဏသည် ဂျပန် နှင့် ဂျာမနီနိုင်ငံတို့၏ စီးပွားရေးပမာဏဖြစ်သည့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၃၇ ထရီလီယံနှင့် ၄ ဒသမ ၃၈ ထရီလီယံတို့ ထက် ပိုမိုကြီးမားလာစေမည်ဖြစ်ကြောင်း၊ ထိုမျှသာမက ပိုမို စိတ်ဝင်စားဖွယ်ကောင်းသည်မှာ   အိန္ဒိယနိုင်ငံ၏   နှစ်စဉ် စီးပွားရေးပမာဏသည် လာမည့် ၁၅ နှစ်အတွင်း ဗြိတိန်နှင့် ပြင်သစ်တို့၏ စီးပွားရေးပမာဏ အမေရိကန်ေ ဒါ်လာ ၃  ဒသမ ၆ ထရီလီယံနှင့် ၃ ဒသမ ၄၄ ထရီလီယံ တို့နှင့်နှိုင်းယှဉ် ပါက  နှစ်ဆနီးပါးခန့် ရှိလာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
IMF  ၏  ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ  ခရစ်စတင်း လားဂတ်က အိန္ဒိယနိုင်ငံအား လင်းလက်နေသည့် ကြယ်တစ် ပွင့်အဖြစ် အကြိမ်ကြိမ်တင်စားပြောဆိုခဲ့ပြီး၊ ၂၀၃၀ ပြည့်နှစ် တွင် ဂျာမနီ၏ စီးပွားရေးကိုကျော်လွန်မည်ဟု  ခန့်မှန်းထား ကြောင်း၊ အိန္ဒိယနိုင်ငံ၏ လျင်မြန်စွာတိုးတက်နေသော လူ ငယ်ဦးရေသည် နိုင်ငံစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် နှင့် သက်တမ်းရင့်နေသည့် ဖွံ့ဖြိုးပြီးနိုင်ငံကြီး၏ စီးပွားရေး အား ကျော်လွန်နိုင်စေရန် အဓိကကျ သည့်  အချက်ဖြစ်ပြီး မိုလ်ဘိုင်းဖုန်း၊ လျှပ်စစ်ပစ္စည်း၊  မော်တော်ကားနှင့် နေအိမ် လိုအပ်ချက်များမှာလည်း နိုင်ငံအတွင်း မြင့်တက်လာမည်ဖြစ် ကြောင်း ပြောကြားပါသည်။
အစိုးရဦးဆောင်သော အတိုင်ပင်ခံအဖွဲ့(think-tank)  အဖွဲ့အစည်းကြီးဖြစ်သည့်Niti Aayog ကလည်း အိန္ဒိယနိုင်ငံ ၏  စီးပွားရေးသည်  အနာဂတ်တွင်  အလွန်လင်းလက် တောက်ပနေပြီး လာမည့် ၁၅ နှစ်အတွင်း နှစ်စဉ် ပျမ်း မျှ ရှစ် ရာခိုင်နှုန်းဖြင့် တိုးတက်နိုင်ကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် အိန္ဒိယနိုင်ငံ၏  စီးပွားရေးပမာဏမှာ  ရူပီးကုဋေ ၁၃၇ သိန်းသာရှိရာမှ ၁၅ နှစ်၊ ၁၆ နှစ်ကြာမြင့်ပါက ရူပီးကုဋေ ၄၆၉ သိန်းအထိ ရှိလာလိမ့်မည်ဟု ဧပြီ ၂၃ ရက်က ခန့်မှန်းပြော ကြားခဲ့ကြောင်း သိရှိရပါသည်။
၂၀၃၀ ပြည့်ှနှစ်တွင် အမေရိကန်နိုင်ငံသည်  နှစ်စဉ် စီးပွားရေးပမာဏ (GDP)  အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈ ထရီလီယံဖြင့် ကမ္ဘာ့စီးပွားရေး ထိပ်တန်းခေါင်းဆောင်အဖြစ် ဆက်လက်နေရာယူလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာ တွင် ထိုသို့ တွက်ချက်ခြင်းမှာ ၎င်းင်း၏ ၂၀၁၆ ခုနှစ်က ရရှိထားသောGDP  ပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၇ ထရီ လီယံအား နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၂ ဒသမ ၁ ရာခိုင် နှုန်းဖြင့် အခြေခံ၍တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်ရှိGDP   ပမာဏမှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၄ ထရီလီယံရှိပြီး တိုးတက်မှုနှုန်း ၅ ဒသမ ၃ ရာခိုင်နှုန်းအတိုင်း ဆက်လက်တိုးတက်မည်ဆိုပါ က ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂ ထရီလီယံသို့ ရောက်ရှိမည်ဖြစ်ကာ အမေရိကန်၏  စီးပွားရေးပမာဏနှင့် ကွာဟချက် ကျဉ်းမြောင်းလာမည်ဖြစ်ကြောင်း ခန့်မှန်းထားပါ သည်။
စီမံခန့်ခွဲမှု အကြံပေးအဖွဲ့အစည်းကြီးဖြစ်သည့် Price Water Coopers (PwC) ကလည်း အမေရိကန်နှင့် တရုတ်နိုင်ငံ တို့ပြီးနောက် အိန္ဒိယနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံ တစ် နိုင်ငံအဖြစ် ရောက်ရှိလာနိုင်သည်ဟု ပြီးခဲ့သည့်လက ဖော်ပြ ခဲ့ကြောင်း၊ အဆိုပါအဖွဲ့ကြီးက ထုတ်ဝေသည့် '' The World in 2050 "  အစီရင်ခံစာ၌ Purchasing Power Parity (PPP) အရ တွက်ချက်သည့်GDP  အရ အိန္ဒိယနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၈ ဒသမ ၇ ထရီလီယံသာ ရှိရာမှ ၂၀၄၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ထရီလီယံ ၃၀ သို့ တိုး တက် လာမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၆ ထရီလီယံမှ ၂၈ ဒသမ ၃ ထရီလီယံသို့ တိုးတက်လာလိမ့်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်မူ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ထရီလီယံမှ ၄၇ ဒသမ ၄ ထရီလီယံသို့ မြင့်တက်လာမည်ဖြစ်ပြီး၊ ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
သို့ရာတွင် အမေရိကန်ဒေါ်လာဖြင့် တွက်ချက်သညGDP    အရမူ ၂၀၅၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏GDP  ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၉ ထရီလီယံ၊ အမေရိကန်၏GDP  ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၁ ထရီလီယံတို့ ၏နောက်တွင် အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၈ ထရီလီယံဖြင့်GDP  ပမာဏအရ ကမ္ဘာ့တတိယအများဆုံး အဖြစ် ရှိနေလိမ့်မည်ဟုPwC က ပြောကြားထားကြောင်း သိရှိ ရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့