Main menu

Background

ပို့ကုန်တိုးမြှင့်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံခြားကုန်သွယ်မှုမူဝါဒကို အိန္ဒိယအစိုးရက ပြင်ဆင်မည်

Tue, 05/23/2017 - 11:09 -- journal_editor

      ကမ္ဘာ့ဝယ်လိုအား ကျဆင်းနေခြင်းနှင့် ရူပီးငွေဈေးနှုန်း ခိုင်မာ အားကောင်းနေခြင်းတို့၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသည့် အိန္ဒိယ ပို့ကုန်ကဏ္ဍကို အထောက်အကူပြုစေရန်အတွက် အားပေးမြှင့်တင်မှု များပြုလုပ်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှုမူဝါဒအား ပြန်လည်လေ့လာ သုံးသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရက စီစဉ်နေကြောင်း၊ အိန္ဒိယအစိုးရသည် ၂၀၁၅-၂၀၂၀ ခုနှစ်၊ နိုင်ငံခြားကုန်သွယ်မှုမူဝါဒ၏ ငါးနှစ်သက်တမ်းဝက်ကာလ ပြန်လည်သုံးသပ်မှုအား လာမည့် စက်တင်  ဘာ၌ ပြုလုပ်ရမည်ဖြစ်ရာ မူဝါဒပြုပြင်ပြောင်းလဲရေးနှင် စပ်လျဉ်း၍ အကြံÓဏ်များပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်တွန်း မေးမြန်းတောင်းခံထားကြောင်း သိရှိရပါသည်။
၂၀၁၅ ခုနှစ်က စတင်ကြေညာခဲ့သည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုမူဝါဒမှာ ငါးနှစ်တာကာလ ပြည့်မြောက်သည့် ၂၀၂၀ ပြည့် နှစ်တွင် နိုင်ငံ၏စုစုပေါင်းပို့ကုန်ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀၀ သို့ ရောက်ရှိရန် ရည်မှန်းထားရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ အိန္ဒိယနိုင်ငံ၏ သင်္ဘောတင်ပမာဏမှာ  အမေရိကန်ဒေါ်လာ ၂၇၅ ဘီလီယံခန့်သာရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်တွင် မျှော်မှန်း ထားသည့်  နိုင်ငံခြားကုန်သွယ်မှု မူဝါဒ  ရည်မှန်းချက်ကို ပြည့်မီရန် အတွက် ပို့ကုန်ပမာဏ တိုးတက်မှုနှုန်းမှာ နှစ်စဉ် ၁၄ ရာခိုင်နှုန်းဖြင့်  တိုးတက်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်နှင့် အချို့သော  ဖွံ့ဖြိုးပြီးနိုင်ငံများက ကုန်သွယ်မှုတွင် အကာ အကွယ်ပြု မှုများ တိုးတက် လျက်ရှိသည့် ယခုကဲ့သို့ အချိန်မျိုး၌ အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုပမာဏ သည် အဆိုပါနှုန်းထားဖြင့် တိုးတက်မှုရရှိရန်မှာ လွယ်ကူလိမ့်မည်မဟုတ် ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်  စက်မှုဝန်ကြီး နီမလာ စီသာရာမန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
၎င်းင်းက ဆက်လက်ပြောကြားရာ၌ ပို့ကုန်ကဏ္ဍ တိုးတက်ရေး အတွက် ၂၀၁၄ ခုနှစ်မှ လက်ရှိ ကာလအတွင်း အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့ရာ ကမ္ဘာ့ကုန်သွယ်မှုကျဆင်းသည့် အနေအထား၌ ရှိနေသော် လည်း အိန္ဒိယနိုင်ငံအနေဖြင့် ယင်းအခြေအနေအား ဖြတ်ကျော်နိုင်ခဲ့ပြီး ယခုအခါ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း၊"Made in India " အစီအစဉ်သည်လည်း  ပြည်တွင်းပစ္စည်း ပါဝင်မှု ပမာဏများသည့် ထုတ်ကုန်များအား ဆွဲဆောင်မှု မက်လုံး/သက်သာ ခွင့်များ ပိုမိုဖန်တီးပေးခြင်းအားဖြင့် နိုင်ငံပို့ကုန်တိုးတက်ရေးအတွက် အထောက်အကူပြုစေနိုင်ကြောင်း၊ ထို့ပြင် လာမည့်  ဇူလိုင်လတွင် စတင်ကျင့်သုံးနိုင်ရန် ရည်မှန်းထားသည့် ွသသျိ ညေိ ှနမလငခန ွှထေ ဥပဒေနှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် နိုင်ငံခြားကုန်သွယ်မှု မူဝါဒအား ပြုပြင်မွမ်းမံခြင်း များကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ နယူးဒေလီမြို့