Main menu

Background

စားသုံးသူအငြင်းပွားမှုများအား ထိန်းကျောင်းနိုင်ရေးအတွက် ဟောင်ကောင်နှင့် ကိုရီးယားပူးပေါင်းဆောင်ရွက်

Wed, 06/14/2017 - 09:56 -- journal_editor

          ဟောင်ကောင်နှင့် တောင်ကိုရီးယားရှိ စားသုံးသူစောင့် ကြည့်ရေးအဖွဲ့မှ ဒေသနှစ်ခုစလုံးတွင် ခရီးသွားလုပ်ငန်းနှင့် အွန်လိုင်းမှ ဝယ်ယူခြင်း မြင့်တက်လာသည့်အတွက် စားသုံး သူများအားကာကွယ်ရန် ပူးတွဲသဘောတူ ညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။ ဟောင်ကောင်စားသုံးသူကောင်စီနှင့် ကိုရီးယားစား သုံးသူဆိုင်ရာအေဂျင်စီတို့က အငြင်းပွားမှုများအား ကိုင်တွယ် ဖြေရှင်းရာတွင် ပိုမိုထိရောက်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် နည်းလမ်းြ ဖစ်သည့် ယန္တရားအသစ်တစ်ခု  ထောက်ပံ့ပေးရန်နှင့် အထူးသဖြင့် သတင်းအချက်အလက် ဖလှယ်ခြင်းနှင့် အငြင်းပွားမှုဖြေရှင်းရေးအတွက် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဒေသခံများအနေဖြင့် တောင်ကိုရီးယားတွင် ဝယ်ယူခြင်း (သို့မဟုတ်) အွန်လိုင်းမှ ဝယ်ယူခဲ့သော ပလတ်စတစ် ဆာဂျရီအပါအဝင် ကုန်စည်နှင့်  ဝန်ဆောင်မှုများနှင့်ပတ်သက်၍ မည်သည့်အငြင်းပွားမှုမဆိုရှိခဲ့ပါက ဟောင်ကောင် စားသုံးသူကောင်စီ တွင် ဆက်သွယ်နိုင်ကြောင်း အဆိုပါကောင်စီက အငြင်းပွားမှုအား ကိုရီးယားရှိအေဂျင်စီထံပေး ပို့အကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ ကိုရီးယားအေဂျင်စီက နိုင်ငံအတွင်းရှိ ကုန်သည်များအား ဆက်သွယ်၍ ဆက်လက် ဆောင် ရွက်ပေးသွားမည်ဖြစ်သည်။   
         ခရီးသည်များ၏ ခရီးစဉ်တင်းကျပ်မှု၊ ဘာသာစကား အခက်အခဲနှင့်အခြားအချက်အလက်များကြောင့် စားသုံးသူ အများစုမှာ  တိုင်တန်းမှုများအား ချက်ချင်းဆောင်ရွက်ရန် ခဲယဉ်းကြောင်း၊ မိမိ ဒေသသို့ပြန်ရောက်သည့်တိုင် ရွေးချယ် စရာလမ်းမရှိဘဲ ဝယ်ယူကြရကြောင်း၊ ဟောင်ကောင်ကောင်စီ ၏ ဥက္ကဋ္ဌက ပြောကြားသည်။ ဟောင်ကောင်နှင့်ကိုရီးယားအကြား အွန်လိုင်းမှဈေး ဝယ်ခြင်းမှာ တိုးတက်လာခဲ့သော်လည်း ဘာသာစကား ကွာခြား ခြင်းမှ ယဉ်ကျေးမှု၊ ဥပဒေနှင့် စီးပွားရေးလုပ်ထုံးလုပ်နည်း မတူကွဲပြားမှုများမှာ အဓိကအတားအဆီးများပင်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် အငြင်းပွားမှုများဖြစ်ပွားသည့်အခါ ကျေနပ်သောအဖြေရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြား ခဲ့သည်။ သဘောတူညီချက်အရ စားသုံးသူများအနေဖြင့် မိမိ နေအိမ်ကို ပြန်ရောက်သည့်တိုင်အောင် သက်ဆိုင်ရာ  အေဂျင်စီများမှတစ်ဆင့် အကူအညီတောင်းခံနိုင်ကြောင်း၊ ရရှိ သည့်တိုင်တန်းချက်ကို လက်ခံရရှိသည့် အေဂျင် စီက ပြဿနာ အား ရည်ညွှန်းလျက် စားသုံးသူ အငြင်းပွားမှုအားဖြေရှင်း ပေးရန် တစ်ဖက်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
         ယခုကဲ့သို့ ပြည်ပလုပ်ငန်းများနှင့် စာချုပ်ချုပ်ဆိုခြင်းကို ဟောင်ကောင်တွင် ပထမအကြိမ်အဖြစ် လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး ကိုရီးယားအနေဖြင့် ဂျပန်၊ အမေရိကန်၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူတို့နှင့် အလားတူ လက်မှ တ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ဟောင်ကောင်ကလည်း အလားတူစာချုပ်အား ဂျပန်၊ စင်ကာပူတို့နှင့် နှစ်နှစ်အတွင်း ရေးထိုးနိုင်ရန် မျှော်လင့် ကြောင်း၊ ယမန်နှစ်တွင် တောင်ကိုရီးယားသို့ အလည်အပတ် သွားရောက်သည့် ဟောင်ေ ကာင်နိုင်ငံသားခရီးသည်ပေါင်း ၆၅၀၀၀၀ ဦးရှိပြီး၊ ၂၀၁၅ ခုနှစ်ထက် ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ တောင်ကိုရီးယားမှ ဟောင်ကောင်သို့ လာရောက်သည့် ခရီးသည်ပေါင်းမှာ ၂၀၁၅ ထက် ၁၂ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြော င်း ပြောကြားခဲ့သည်။ ဟောင်ကောင်စားသုံးသူကောင်စီသည် ယမန်နှစ်က ခရီးသည်များထံမှ တိုင်တန်းမှုပေါင်း ၅၁၇ ခုရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ်ထက် ခြောက်ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၎င်းအနက် တိုင်တန်းမှုငါးခုမှာ တောင်ကို ရီးယားခရီးသည်များထံမှဖြစ် ကြောင်း၊ ဟောင်ကောင် စားသုံးသူကောင်စီအနေဖြင့် စားသုံး သူများအား လက်ခံဖြတ်ပိုင်းများ သိမ်းဆည်းထားရန်၊အကြွေးဝယ်ကတ်ဖြင့် ပေးချေမှုမှတ်တမ်းများ၊ ကုန်သည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ ပြဿနာဖြစ်ပေါ် သည့် ကုန်စည်ကို ဓာတ်ပုံရိုက်ထားရန် သတိပေး ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီမှုမှ ကိုရီးယားနိုင်ငံ၏ ဥပဒေနှင့် စားသုံးသူကာကွယ်မှုအကြောင်း မသိရှိသောဟောင်ေ ကာင် ဒေသခံစားသုံးသူများအပေါ်  ထောက်ပံ့ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟောင်ကောင်မြို့