Main menu

Background

ထိုင်းနိုင်ငံ၏ အရှေ့ပိုင်းစီးပွားရေးစြင်္ကံ (EEC) နှင့် ချိတ်ဆက်ရန် တရုတ်နိုင်ငံက စိတ်အားထက်သန်လျက်ရှိ

Fri, 07/28/2017 - 10:40 -- journal_editor

      တရုတ်နိုင်ငံသည်   ခိုင်မာသောsupply chain   ကွန်ရက် တည်ဆောက် ရန်အတွက် ၎င်းင်း၏ ကူမင်းအထူးစီးပွား ရေးဇုန်ကို ထိုင်းနိုင်ငံ၏   အရှေ့ပိုင်း စီးပွားရေးစြင်္ကံ   (Eastern Economic Corridor – EEC)   နှင့်  ချိတ်ဆက်ရန် စိတ်အားထက်သန်လျက်ရှိရာ   ရှေ့လာ မည့်   ဇူလိုင်လတွင်  တရုတ်ကိုယ်စား လှယ်အဖွဲ့သည်    ထိုင်းနိုင်ငံသို့   လာ ရောက်၍ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍    အထူးစီးပွားရေးဇုန်အချင်းချင်း    ချိတ်ဆက်မည့် အသေးစိတ်   အစီအစဉ်များကိုဆွေး နွေးရန်ရှိကြောင်း သိရှိရပါသည်။
ကူမင်း အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံတွင်   အကြီးဆုံးနှင့်ရင်းနှီး မြှုပ်နှံရန်နေရာ  အသစ်တစ်ခု   ဖြစ်ပါ သည်။ ထို့အပြင်  ယင်းစက်မှုဇုန်သည် စတုရန်းမီတာ  ၁၅၀  ကျယ်ဝန်းသည့် အဆင့်မြင့် နည်းပညာများကို မြှင့်တင်ပေးမည့်ဇုန်တစ်ခုလည်းဖြစ်ပါသည်။ထိုင်းအစိုးရသည်    အရှေ့ပိုင်း စီးပွားရေးစြင်္ကံကို  နိုင်ငံအတွင်း အခြား ပြည်နယ်များ၊   ကမ္ဘာ့နိုင်ငံများနှင့်ချိတ် ဆက်ပေးနိုင်ရန်အတွက် ရေနက်ဆိပ် ကမ်းများ၊  လေဆိပ်များနှင့်   အမြန် ရထားလမ်းများ တည်ဆောက်ရေးတွင် အမြောက်အများရင်းနှီးမြှုပ်နှံလျက်ရှိ ခြင်းနှင့်အတူ    အရှေ့ပိုင်းစီးပွားရေး စြင်္ကံသည်     တိုင်းပြည်ကို    အလယ် အလတ် အဆင့်ဝင်ငွေရှိသောနိုင်ငံတစ် နိုင်ငံအဖြစ်မှ  ကျော်လွှားနိုင်ရန်နှင့် နည်းပညာနှင့်    ဆန်းသစ်တီထွင်မှုရှိ သော     စတုတ္ထစက်မှုတော်လှန်ရေးThailand 4 .0ကို ရောက်ရှိ ရန် အတွက် အစိုးရကအလေးထား၍    မြှင့်တင် ဆောင်ရွက်လျက်ရှိသော ထင်ရှားသည့် အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏   အရှေ့ပိုင်းစီးပွား ရေးစြင်္ကံသည်    လရောင်ပြည်နယ်၊ ချွန်ဘူရီပြည်နယ်နှင့်    ချန်ချူံဆာပြည် နယ်    စသည့်ပြည်နယ်သုံးခုပါဝင်ပြီး မြေဧရိယာရိုင်      ၃၀၀၀ (တစ်ရိုင်= ဝ.၃၉၅ ဧက) ကျယ်ဝန်းပါသည်။
ရှေ့လာမည့်     ငါးနှစ်အတွင်း အစိုးရနှင့်  ပုဂ္ဂလိက   ရင်းနှီးမြှုပ်နှံမှု အသစ်မှ  စုစုပေါင်း ဘတ် ၁ ဒသမ ၅ ထရီလီယံရရှိရန် မျှော်မှန်းထားပါသည်။ အရှေ့ပိုင်း စီးပွားရေးစြင်္ကံတွင် အစိုးရ ၏  ဦးစားပေး  စက်မှုလုပ်ငန်းများမှာNext-generation  cars,    Smart electronics, Affluent, Medical and wellness tourism, Agriculture and biotechnology, Food, Robotics for industry, Logistics and aviation, Biofuels and biochemical, Digital  နှင့် Medical servicesတို့    ဖြစ်ကြပါ သည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် ထိုင်း နိုင်ငံကိုဒေသတွင်းပူပေါင်းဆောင်ရွက် မှုအချက်အချာနိုင်ငံ    ဖြစ်လာစေရန် အတွက်ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နှံမှု  အခြေခံအဆောက်အဦများ   တည် ဆောက်ရန်  အဆင်သင့်ရှိပြီးအရှေ့ပိုင်း စီးပွားရေးစြင်္ကံကို       တရုတ်နိုင်ငံ၏  ကူမင်း အထူးစီးပွားရေးဇုန်နှင့်  ချိတ် ဆက်ရန်အလေးထားကြောင်း၊ အာဆီယံ နိုင်ငံအားလုံးသည် တိုးတက်ကောင်း မွန်သည့် အခြေခံအဆောက်အဦများ ကို အသုံးပြုနိုင်ရန်နှင့်   နှစ်နိုင်ငံ  ကုန် သွယ်ရေးသာမက   နိုင်ငံများစွာနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း များကိုလည်း     ကျင့်သုံးသင့်ကြောင်း၊ ထိုင်းနိုင်ငံသည် ပင်လယ်ရေနက်ဆိပ် ကမ်းတည်ဆောက်ခြင်း၊    ဥတပါအို လေဆိပ်အဆင့်မြှင့်တင်ခြင်း   စသည့် အခြေခံအဆောက်အဦးဆိုင်ရာ   တိကျ  သော စီမံချက်များရှိပြီးဖြစ်သည့် အပြင် တရုတ်နိုင်ငံ၏  One Belt, One Road  ရပ်ဝန်းနှင့် ပိုးလမ်းမကိုချိတ်ဆက်မည့်မီးရထားလမ်း        စီမံကိန်းများတွင်
အမြောက်အမြား ရင်းနှီးမြှုပ်နှံရန် စီမံ  ထားရှိကြောင်း EEC ရုံး၏အတွင်းရေး မှူးချုပ် Mr. KanitSangsuhan  က ပြော ကြားပါသည်။
အာဆီယံဒေသနှင့်  တရုတ်နိုင်ငံ အကြားတွင်     စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှုများစွာ    ရှိထားပြီးဖြစ် သဖြင့် ယခုအချိန်တွင် အဆိုပါပူးပေါင်း ဆောင်ရွက်မှုများသည်    ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို  ရရှိမည်ဟု  ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့  (WTO)၏  အတွင်းရေး မှူးချုပ်ဟောင်း    Mr. Supachai Panitchpakdiက  ပြောကြားပါသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့