Main menu

Background

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ၏ နောက်ဆုံးအတည်ပြုသည့်စီမံကိန်းများတွင် တိုယိုတာ၏ ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၉ ဘီလီယံပါဝင်

Thu, 08/24/2017 - 10:38 -- journal_editor

      ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment - BOI) သည် အဆိုပြုလျှောက်ထားလာသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဇူလိုင် ၂၇ ရက်၌ ကျင်းပသည့်အစည်းအဝေးတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဘတ် ၁၂၈ ဘီလီယံတန်ဖိုးရှိ စီမံကိန်းငါးခုကို အတည်ပြုပေးခဲ့ရာ၌ HEVs (Hybrid Electronic Vehicles)ကားလုပ်ငန်းအတွက် တိုယိုတာ၏ ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၉ ဘီလီယံ ပါဝင်ခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသ ည်။ တိုယိုတာသည် နှစ်စဉ် HEVsကားအရေအတွက် အစီး ၇၀၀၀ ကို တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး လိုအပ်သော ကားဘက်ထရီအရေအတွက် အလုံး ၇၀၀၀၀ ကိုလည်း ထုတ်လုပ်လျက်ရှိပါသည်။ထို့နောက်အခြားသော HEVs ကားအစိတ်အပိုင်းပစ္စည်း အရေ အတွက် ၉ ဒသမ ၁ သန်းကိုလည်း နှစ်စဉ်ထုတ်လုပ်လျက်ရှိပါသည်။ ထိုင်း နိုင်ငံတွင် တိုယိုတာ၏ ရင်းနှီးမြှုပ်နှံမှုသည် နှစ်စဉ်ဘတ် ၁၃ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိသည့် ပြည်တွင်းသုံးမော်တော်  ကားအစိတ်အပိုင်းပစ္စည်းဈေးကွက် ကို ကျောထောက်နောက်ခံပြုထားပြီး ယခုတည်ဆောက်မည့်  စက်ရုံအသစ်သည် ချာချောင်ဆာပြည်နယ်ရှိ Gateway City Industrial Estate တွင် တည် ဆောက်မည်ဖြစ်ပါသည်။
       ထိုင်းနိုင်ငံ၌ တိုယိုတာ၏ HEVs ကားများတပ်ဆင်သည့်စက်ရုံကို ၂၀၁၈ ခုနှစ်တွင် စတင်ရန်မျှော်မှန်းထား ကြောင်း၊ထိုင်းနိုင်ငံတွင် HEVs လျှပ်စစ်ကားထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် အခွန်ကင်းလွတ်ခွင့် ငါးနှစ်မှ ရှစ်နှ စ် အထိအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများကို BOI က ခွင့်ပြုခဲ့ သည့် ၂၀၁၇ ခုနှစ် မတ်လနောက်ပိုင်းတွင် တိုယိုတာကားကုမ္ပဏီသည် အဆိုပါအခွင့်အရေးများကို ခံစားခွင့်ရရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ရိုး ရိုး HEVs ၊ PHEVs  (Plug-in Hybrid Electronic Vehicles) နှင့် BHVs (Battery Electronic Vehicles) စသည့် HEVs ကားထုတ်လုပ်မှုများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခံစားခွင့်များပါဝင်ကြောင်းနှင့် ခရီးသည်တင် ကားများ၊ ပစ်ကပ်ကားများနှင့် လိုင်းကားများ ထုတ်လုပ်မှုများအတွက်လည်း မတူညီသော အခွင့်အရေးများရှိပါကြောင်း၊ HEVs ကား ထုတ်လုပ်မှုအတွက် လိုအပ်သောစက်ပစ္စည်းများ တင်သွင်းရန် သွင်းကုန်ခွန်  ကင်းလွတ်ခွင့်ပြု ထား ကြောင်း၊ PHEVs ကား ထုတ်လုပ်မှုအတွက် လိုအပ်သောစက်ပစ္စည်းများ တင်သွင်းရန် သွင်းကုန်ခွန်ကင်းလွတ် ခွင့်ပေးခြင်းနှင့်  အမြတ်ခွန်ကင်းလွတ်ခွင့် သုံးနှစ်ပေးထားသည့်အပြင် အခြားအရေးကြီးသော လျှပ်စစ်ကား အစိတ်အပိုင်းပစ္စည်း ထုတ်လုပ်မှုတစ်ခုချင်းအတွက် နောက်ထပ်တစ်နှစ် အမြတ်ခွန်ကင်းလွတ်ခွင့် ပေးထားသော်လည်း စုစုပေါင်း ခြောက်နှစ်ထက် ပိုမပေးပါ ကြောင်း၊ BEVs ကားထုတ်လုပ်မှုအတွက် အမြတ်ခွန် ကင်းလွတ်ခွင့် ကိုလည်း ငါးနှစ်မှရှစ်နှစ်အထိ ပေးထားပြီး အခြားအရေးကြီးသော လျှပ်စစ်ကားအစိတ်အပိုင်းပစ္စည်း ထုတ်လုပ်မှု တစ်ခုချင်းအတွက် နောက်ထပ်တစ်နှစ် အမြတ်ခွန်ကင်းလွတ်ခွင့် ပေးထားသော်လည်း စုစုပေါင်း ၁၀ နှစ်ထက်ပို မပေးပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများ ရရှိခံစားနိုင်ရန် အတွက် HEVs ထုတ်လုပ်သူများသည် ယခုနှစ်  ဒီဇင်ဘာလ ၂၉ ရက်နောက် ဆုံးထား၍ BOI သို့ တင်ပြကြရန်နှင့် PHEVs ထုတ်လုပ်သူများ သည် ၂၀၁၈ ခုနှစ်ကုန်ထိတင်ပြနိုင် ပါကြောင်း BOI ၏  အတွင်းရေးမှူးချုပ် Mrs.HiranyaSujinai က ပြောကြားပါ သည်။
       ထိုင်းဝန်ကြီးချုပ်  ပရာယုဒ်ချန် အိုချာတက်ရောက်သည့် ဇူလိုင် ၂၇ ရက်တွင် ကျင်းပသည့် BOI အစည်းအဝေးတွင် Triumph မော်တော် ဆိုင်ကယ်ကုမ္ပဏီ၏  ၃ ဒသမ ၃၆ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအဆို ပြုချက်ကို  အတည်ပြုပေးခဲ့ကြောင်း၊ Triumph ကုမ္ပဏီသည် တစ်နှစ်လျှင် စက်စွမ်းအား ၅၀၀ စီစီထက် ကြီးမားသည့် အင်ဂျင်ပါဝင်သော မော်တော်ဆိုင်ကယ်စုစုပေါင်း အစီးရေ ၁၂၀၀၀၀ ကို ထုတ်လုပ်မည်ဖြစ်ကြောင်း၊ Triumph မော်ေ တာ်ဆိုင်ကယ်စက်ရုံကို ချွန်ဘူရီပြည်နယ်ရှိ Amata စက်မှုဇုန်တွင်တည်ထောင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ဘတ် ၃ ဒသမ ၇ဘီလီယံတန်ဖိုးရှိသည့် ပြည်တွင်းထုတ်အစိတ်အပိုင်းပစ္စည်းများကို အသုံးပြုမည်ဖြစ်ပါကြောင်း၊ Trium -ph ကုမ္ပဏီသည် ပြည်တွင်းပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သိပ္ပံနှင့် နည်းပညာရပ်များအတွက် စာတွေ့နှင့် လက်တွေ့ပညာရေးစနစ်ကို ကျင့်သုံးမည့်အစီအစဉ်များလည်း ထားရှိကြောင်း တွေ့ရှိရပါသည်။
 

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့