Main menu

Background

ပြည်ပမှ ပဲစင်းငုံတင်သွင်းခွင့် ကန့်သတ်လိုက်ပြီးနောက်တွင် အိန္ဒိယ၌ပဲဈေးနှုန်း ၂၀ ရာခိုင်နှုန်းခန့်မြင့်တက်လာ

Thu, 08/31/2017 - 14:35 -- journal_editor

      အိန္ဒိယအစိုးရက ပဲစင်းငုံတင်သွင်းမှုအား သြဂုတ် ၅ ရက်က  ကန့်သတ်လိုက်ပြီးနောက်တွင် မွမ်ဘိုင်းလက်ကားဈေးကွက်၌ ပဲဈေးနှုန်းများ ၂၀ ရာခိုင်နှုန်း   မြင့်တက်လာကြောင်း၊ အစောပိုင်းက အိန္ဒိယ၌ ပဲဈေးနှုန်းများမှာ အ စိုးရသတ်မှတ်ထားသည့် Minimum Support Price  ဈေးနှုန်းအောက်သို့ရောက်ရှိကြောင်း၊ မဒ္ဒရာပရာဒေ့ရှ်နှင့်မဟာရာ သျှတ္တရာပြည်နယ်တို့တွင် မတ်ပဲနှင့် ပဲတီစိမ်းများ မကြာမီရိတ်သိမ်းတော့မည်ဖြစ်ရာ ယင်းကာလ မတိုင် မီ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ကုန်သည်များ၊ လယ်သမားများ၊ ကုမ္ပဏီများအနေဖြင့် ယင်းအပြောင်းအလဲသည် ကောင်းမွန်သည့် အနေအထားသို့ ပြောင်းလဲခြင်းဖြစ်သည်ဟု ယူဆကြ ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့်နှ စ်ပတ်ခန့်က  မွမ်ဘိုင်းလက်ကား ဈေးကွက်၌ ပဲစင်းငုံတစ်ကီလိုဂရမ်လျှင် ၃၄ ရူပီး သာရှိခဲ့ပြီး ယခုအခါ  ၄၂ ရူပီးသို့  မြင့်တက်လာခဲ့ ကြောင်း၊ အလားတူူပင် မတ်ပဲနှင့်ပဲတီစိမ်းဈေးနှုန်း မှာလည်းယခင်ထက် ၁၀ ရာခိုင်နှုန်းမြင့် တက်လာ ခဲ့ကြောင်း၊ ပဲနီလေးဈေးနှုန်းမှာမူ ယခင်က ၃၆ ရူပီး ဈေးသာရှိရာမှ   ယခုအခါ ၅၄  ရူပီးဈေးသို့ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်းသိရှိရပါ သည်။
        India Pulses and Grains Association ၏ ဥက္ကဋ္ဌ ဖြစ်သူ Pravin Dongre ကသုံးသပ်ပြောကြား ရာ၌ ပဲစိုက်ပျိုးသည့် အဓိကပြည်နယ်များ၌ မိုး နည်းခြင်း၊မိုးမမှန်လျက်ရှိခြင်းတို့သည် ဈေးနှုန်း မြင့်တက်မှုကို ဖြစ်ေ ပါ်စေသည့် ကုန်သွယ်မှုမူဝါဒ အတွက် ပူပန်စေသည့် အကြောင်းအရာတစ်ရပ်ဖြစ်  ကြောင်း၊ ယခုနှစ်ရာသီအတွက်ပဲစိုက်ပျိုးမည့် ရာသီချိန်မှာလည်း  ကုန်လွန်ခါနီးပြီဖြစ်ရာ မဟာ ရာသျှတ္တရာ၊ မဒ္ဒရာပရာဒေ့ရှ်နှင့် ကာနာတာကာ ပြည်နယ်တို့တွင်လည်း လက်ရှိအနေအထားအရမိုးလုံလုံလောက်လောက် မရရှိကြောင်း၊ သို့ဖြစ်၍ ယင်းသီးနှံများနှင့်စပ်လျဉ်း၍ ရှင်းလင်းသည့် ထင် မြင်ချက်တစ်ခုကို နောက်ထပ် ၁၅ ရက်၊ ရက် ၂၀ ဝန်းကျင်တွင်မှ ၎င်းတို့အေ နဖြင့်ပေးနိုင်လာလိမ့် မည်ဟု ပြောကြားထားကြောင်း သိရှိရပါသည်။ စိုက်ဧကအနေဖြင့် ယခုနှစ် နွေရာသီတွင် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးသည့် ဟက်တာဧက မှာ ၁၃ ဒသမ ၀၇သန်းသာရှိခဲ့ပြီး ယခင် နှစ်ရာသီ ထက် ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် ပြည်နယ် အစိုးရများ၏ မျှော်မှန်းစိုက် ဧက ၁၀ ဒသမ ၅၆ သန်းထက် ကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။
       ပညာရှင်အချို့၏ သုံးသပ်ချက်အရ အစိုးရ က ပဲစင်းငုံတင်သွင်းမှုအား ကန့်သတ်ကုန်စည် အမျိုးအစားအောက်သို့ ထည့်သွင်းသတ်မှတ်လိုက် သည့်အတွက် လက်ရှိတွင်သာမကလာမည့်တစ် လအတွင်း၌လည်း ပြည်တွင်း ပဲေ ဈးနှုန်းများမှာ ဆက်လက်မြင့်မားနိုင်ကြောင်း၊ အခြားအကြောင်း အရင်းတစ်ခုမှာ  နိုင်ငံအတွင်း၌ မုတ်သုံမိုးသည် လည်း ပုံမှန်မရရှိဘဲပွဲတော်များကျင်းပရန်အတွက် ဝယ်လိုအားများလည်း မြင့်တက်လာနိုင်ကြောင်း၊ သို့ရာတွင် လက်ရှိတင်သွင်းထားသည့် တန်ချိန် ၅ ဒသမ ၆၇ သန်းသည်ပင်လျှင် ယခင်နှစ် အလားတူကာလ (ဧပြီမှ သြဂုတ်လတွင်း) ထက် ၁၉ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုများပြားနေပြီဖြစ်ရာ ယင်းပမာဏသည် ပြည်တွင်းစိုက် နွေရာသီပဲသီးနှံ အတွက် စိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့ကြောင်းAngel Commodities  Broking ၏ သုတေသနအဖွဲ့ခေါင်းဆောင် Anuj Guptaက သုံးသပ်ပြောကြားထားပါသည်။ ဒေလီအခြေစိုက်ပဲကုန်သည်တစ်ဦးဖြစ်သည့် SunilBaldeva ကလတ်တလောချမှတ်ခဲ့သည့်  အစိုးရ၏မူဝါဒကြောင့် လယ်သမားများ အနေဖြင့် အနိမ့်ဆုံးအထောက်အကူပြုဈေးနှုန်းသို့   တိုးတက်ရရှိလာနိုင်ကြောင်း၊ ထိုမျှသာမက ဈေးနှုန်းမြင့်တက်လာသည့်အတွက် ရာဂျက်စသန် နှင့် ဂူဂျာ ရတ်ပြည်နယ်တို့တွင် စိုက်ပျိုးရိတ်သိမ်း ချိန်ကာလ တိုတောင်းသည့် ပဲတီစိမ်းသီးနှံများကို ပိုမိုစိုက်ပျိုးလာစေရန်  တွန်းအားဖြစ်လာနိုင်ကြောင်း၊ ထို့ပြင်အစိုးရအနေဖြင့် ပဲတင်သွင်းသူများကိုသာ ပဲတင်ပို့ခွင့်ပေးခြင်းထက်  လုပ်ငန်း ရှင်အားလုံးကို တင်ပို့ခွင့်ပြုပါ က ပဲဈေးနှုန်းပိုမိုမြင့် တက်လာနိုင်ကြောင်း၊ မကြာမီရိတ်သိမ်းမည့်ပဲများအား MSP ဈေးနှုန်းများဖြင့် အစိုးရကဝယ်ယူပေးပါက ပဲဈေးနှုန်းကိုလည်း အထောက်အကူပြု နိုင်ကြောင်း၊ ထိုမျှသာမက အရ န်ပဲတန်ချိန် ၁ ဒသမ ၉ သန်းခန့်အား ထုတ်ရောင်းရန် အစိုးရက ဆုံးဖြတ်ပါကလည်း ပဲဈေးကွက်အပေါ် ရိုက်ခတ်မှု ရှိနိုင်သည်ဟု ၎င်းက  သုံးသပ်ပြောကြားထားပါ သည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ နယူးဒေလီမြို့