Main menu

Background

အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် Good And Services Tax (GST) စနစ်သစ် ပြောင်းလဲကျင့်သုံး

Thu, 09/14/2017 - 15:18 -- journal_editor

အိန္ဒိယနိုင်ငံတွင် လက်ရှိကောက်ခံနေသည့်Goods and Services Tax(GST)  မှာ စားသုံးသူ များမှ ပေးဆောင်ရသည့် သွယ်ဝိုက်ခွန်အဖြစ် ကောက်ခံသည့် အခွန်ဖြစ်သည်။GST အောက် တွင် Value Added Tax, Services Tax, Excise Duty, Customs Duty  စသည်တို့ ပါဝင်ပါတယ်။ လက်ရှိတွင်ဗဟိုအစိုးရက ကောက်ခံသည့် အခွန် များနှင့် ပြည်နယ်အစိုးရက ကောက်ခံသည့် အခွန် ဟူ၍ နှစ်မျိုးရှိရာ ၎င်းင်းတို့မှာ
(က)Central Government  မှကောက်ခံသည့် အခွန်များ
- Income Tax
- Excise Duty or Central VAT
- Service Tax
- Customs Duty
- Central Sales Tax

(ခ) State Government Local Administration  မှကောက်ခံသည့်အခွန်များ
- Sales Tax
- Value Added Tax
- Entertainment Tax
- Road Toll
- Professional Tax
- Stamp Duty
- Luxury Tax
- Octroi Duty
- Capital Gains Tax
- Entry Tax
- Property  Tax  တို့ ဖြစ်ကြပါတယ်။
လက်ရှိ ကျင့်သုံးနေသည့် စနစ်မှာ တူညီသည့် ကုန်စည်အပေါ်တွင် အခွန်နှစ်ကြိမ် ပေးဆောင် နေရသည့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်နေခြင်း ကြောင့် ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် GST  ကောက်ခံမှုပုံစံ ကွဲပြားနေမှုအတွက် ဖျက်သိမ်းရန် အဆိုပြုလာကြရာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ တို့မှ အဆင့်ဆင့် ကောက်ခံနေကြသည့် အခွန် အားလုံးအား ပြန်လည်ညှိနှိုင်းခဲ့ကြပါကြောင်း၊ ကုန်စည် တစ်ခုအပေါ် အစိုးရမှ အခွန် ကောက်ခံ ရာတွင်ကောက်ခံမည့် အခွန်နှုန်းထားနှင့် စုစု ပေါင်း ပမာဏကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
အသစ်ထုတ်ပြန်သညGST  အား အောက် ဖော်ပြပါTax  များဖြင့် စည်းကြပ် ကောက်ခံသွားမှာ ဖြစ်ပါတယ်။
Ä Service Tax
Ä Cesses and surcharges related to supply of goods or services
Ä Central Excise Duty
Ä Excise Duties on medicinal and toilet preparations
Ä Additional Excise Duties on textiles and textile products
Ä Additional Excise Duties on goods of special importance
Ä Additional Customs Duties (CVD)
Ä Special Additional Duty of Customs (SAD)
အောက်ပTax  များမှာGST တွင် ဆက် လက်ပါရှိမှာ ဖြစ်ကြောင်းသိရှိရပါတယ်။
- Central Sales Tax
- State VAT
- Entry Tax
- Purchase Tax
- Entertainment Tax (not levied by local bodies)
- Luxury Tax
- Taxes on advertisements
- State cesses and surcharges
- Taxes on lotteries, betting and gambling

ကောက်ခံမည့် အခွန်နှုန်းထားများအား ထုတ်ပြန်ကြေညာနိုင်ရေးအတွကGST Council  အစည်းအဝေးကို ပြုလုပ်၍ ညှိနှိုင်းခဲ့ကြပါကြောင်း၊ ဆွေးနွေးချက်များအရ ကုန်စည်နှင့် ဝန်ဆောင် မှုများအတွက် အခွန်ကောက်ခံရာတွင် အမယ် ပေါင်း ၁၂၁၁ မျိုး အပေါ် ကောက်ခံမည့်အခွန် နှုန်းအား အများဆုံး ၁၈ ရာခိုင်နှုန်းသာ ထားရှိရန် ညှိနှိုင်းထားခဲ့ကြကြောင်း သိရှိရပါတယ်။
အထက်ဖော်ပြပါ ဆောင်ရွက်မှုများအရ အိန္ဒိယနိုင်ငံ အစိုးရသည် လက်ရှိကျင့်သုံးနေသညGST  စနစ်ထက် ပိုမိုကောင်းမွန်သည့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့်GST  စနစ်အား ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှစ၍ ကျင့်သုံးသွားမည် ဖြစ်ပါ ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၏oods and Services Tax (GST)ဆိုင်ရာ အချက်အလက်များအပေါ် လေ့လာ ရာတွင် အောက်ပါအချက်များ တွေ့ရှိရပါတယ်။
GSTစနစ်သစ်၏ Integrated Goods and Services Tax (IGST) တွင် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရမှ ကောက်ခံနေသည့် အခွန်အချို့အား ပေါင်းစပ်ထားပါကြောင်းGST/IGST  တွင် အခွန် နှုန်းထားများကို ၅ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်း၊ ၁၈ ရာခိုင်နှုန်း၊၂၈ ရာခိုင်နှုန်းဟူ၍ လေးမျိုးခွဲခြား သတ်မှတ်ထားပြီး သတ်မှတ်နှုန်းထားများအတိုင်း ကောက်ခံမည့်ပစ္စည်း အမယ်စာရင်းအားHS Code   အရ Chapter /Heading အလိုက် အသေးစိတ် ဖော်ပြထားပြီး မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်း များအပေါ်GST  ကင်းလွတ်ခွင့်ပြုထားပါကြောင်း။
-ပြည်တွင်း၌ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ အပေါ် ယခင်ကောက်ခံနေသည့် သွယ်ဝိုက် အခွန် ၁၇ မျိုးနှင့် အခြားအခွန်ပေါင်း ၂၃  မျိုးတို့ အကျုံးဝင်မည်ဖြစ်ပါကြောင်း။
 GST/ IGST စနစ်တွင် သွင်းကုန် တင် သွင်းသည့် အပိုင်း၌  Basic   Customs Duty, Education Duty, Anti-dumping Duty, Safeguard Dutyကဲ့သို့သော အခွန်အခများကိုမူ အကျိုး သက် ရောက်မှု ရှိမည်မဟုတ်ကြောင်း၊ သို့သော် ယခင် ကောက်ခံနေသည့် Countervaling Duty (CVD)  နှင့်Special Additional Duty (SAD)  များကဲ့သို့ အခွန်အခများမှာ အကျုံးဝင်သွားမည် ဖြစ်ပြီးCVD/ SAD အခွန်(၂) မျိုးအားIGST  အခွန်ဖြင့် အစားထိုး ကောက်ခံသွားမည် ဖြစ်ပါ ကြောင်း။
- သွင်းကုန်တင်သွင်းမှုအတွက် အခြေခံ သွင်းကုန်ခွန်(Basic Customs Duty ) နှင့်အခြား အခွန်များအား ယခင်နှုန်းထားများအတိုင်း ဆက်လက် ကောက်ခံသွားမည် ဖြစ်ပါကြောင်း။
- ပို့ကုန်တင်ပို့မှုအပိုင်း၌ ပို့ကုန် ကုန်စည် များအပေါ် ဆောင်ရွက်မည့် IGSTအောက်၌Export ပြုလုပ်ရန် သဘောတူ ထားသည့် ကုန်စည် များအတွက် အခွန်ပိုင်းဆိုင်ရာ အားလုံးအား Zero Rated  သို့ ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း။
အသစ်ထုတ်ပြန်သည့်GST စနစ်အရ ကောက်ခံမည့် အခွန်နှုန်းထားများ အလိုက် ခွင့်ပြု သွားမည့် ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။
အခွန် ကင်းလွတ်ခွင့်ပြုမည့် ကုန်စည်နှင့် ဝန်ဆောင် မှု ပစ္စည်းများမှာ
လတ်ဆတ်သော အသား၊ ငါး၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ ပျားရည်၊ ဟင်းသီးဟင်းရွက်၊ စား သောက်ကုန်များ၊ သတင်းစာနှင့် စာရေး ကိရိယာ၊ လူသားဆံပင်၊ ကလေးရုပ်ပုံနှင့် ပုံဆွဲ စာအုပ်များ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ စသည် တို့ဖြစ်ပါတယ်။
၅ ရာခိုင်နှုန်း ကောက်ခံမည့် ကုန်စည်နှင့် ဝန် ဆောင်မှုပစ္စည်းများမှာ
ငါးအသားလွှာများ၊ အသင့်စား စားသောက် ကုန်များ၊ နို့မှုန်၊ အေးခဲ အသီးအရွက်များ၊ ကော်ဖီ၊ လက်ဖက်၊ ဟင်းခတ် အမွှေးအကြိုင်များ၊ ဆေးဝါး များ၊ အသက်ကယ်လှေများ၊ သီဟိုဠ်စေ့၊ ဇီဝဓာတ် ငွေ့၊ ရူပီး ၁၀၀၀ အောက် တန်ဖိုးရှိ အဝတ်အထည် များ၊ ရူပီး၅၀၀ အောက် တန်ဖိုးရှိ ဖိနပ်များ၊ သယ် ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ် ငန်းများ၊ အသေးစား စားသောက်ဆိုင်များနှင့်အထည် အချို့ လုပ်ငန်းများ စသည်တို့ဖြစ်ပါတယ်။    
၁၂ ရာခိုင်နှုန်း ကောက်ခံမည့် ကုန်စည်နှင့် ဝန် ဆောင်မှု ပစ္စည်းများမှာ -
အေးခဲအသားများ၊ အသင့်စား သစ်သီး ခြောက်များ၊ တိရစ္ဆာန်ထွက်  အဆီနှင့်အစာသွပ် ဗူးများ၊ သစ်သီးဖျော်ရည်များ၊ သွားတိုက်ဆေးမှုန့်၊ အပ်ချုပ်စက်များ၊ ထီး၊ ဖုန်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ထီလုပ်ငန်း၊ လေယာဉ် လက်မှတ် ရောင်းဝယ်ရေးလုပ်ငန်းများ စသည်တို့ ဖြစ်ပါတယ်။
၁၈ ရာခိုင်နှုန်း ကောက်ခံမည့် ကုန်စည်နှင့် ဝန် ဆောင်မှု ပစ္စည်းများမှာ -
Trademarks / Software အရွက်နှင့် ပြုလုပ် ထားသောမုန့်များ၊ ရေသန့်၊Tissue စသည့် လူသုံး ကုန် ပစ္စည်းများ၊ အလူမီနီယံပစ္စည်းများ၊ ကတ္တား များ၊ ဝါးဖြင့် ပြုလုပ်ထားသော ပရိဘောဂ ပစ္စည်း များ၊CCTV ? Printers များ၊ လျှပ်စစTransformer များ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများIT  လုပ်ငန်းများ၊ ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ ကြယ်ငါးပွင့် ဟိုတယ်ရှိ စားသောက် ဆိုင်များ စသည်တို့ ဖြစ်ပါတယ်။
၂၈ ရာခိုင်နှုန်း ကောက်ခံမည့် ကုန်စည်နှင့် ဝန် ဆောင်မှု ပစ္စည်းများမှာ
ခေါင်းလျှော်ရည်များ၊ ရေပူစက်များ၊ ေ<က ပြားများ၊ အဝတ်လျှော်စက်များ၊ ငွေထုတ် စက်များ၊ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် ကိုယ်ပိုင်သုံး လေယာဉ်များ၊ ပုဂ္ဂလိက ထီလုပ်ငန်း များ၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်များ၊ ရုပ်ရှင်ရုံ များ၊ အလောင်းအစားပြိုင်ပွဲ ကလပ်များ စသည် တို့ဖြစ်ပါတယ်။
အထက် ဖော်ပြပါ လေ့လာတွေ့ရှိချက်များ အရ အိန္ဒိယနိုင်ငံ၏ အသစ်ထုတ်ပြန် လိုက်သည့် GST စနစ်မှာ ပြည်တွင်းထုတ်ကုန် လုပ်ငန်းရှင်များ အတွက် အားသာချက်များစွာရှိသည့်အပြင် ပြည်ပ သို့ တင်ပို့သည့် လုပ်ငန်းရှင်များအတွက်လည်း အခွန်နှုန်းထားများ လျှော့ချပေးခြင်းဖြင့် ပြည်တွင်း ထွက်ကုန်ပစ္စည်းများအပေါ် ပိုမိုဖွံ့ဖြိုး တိုးတက် အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  တူညီသည့် လုပ်ငန်းအပေါ်တွင်Multiple taxation ကောက်ခံ မှုအား လျှော့ချနိုင်ခြင်းဖြင့် ပြည်တွင်း စားသုံးသူ များအတွက် အခွန်ထမ်းဆောင်မှု ဝန်ထုပ်ဝန်ပိုး အား လျော့ကျသွားစေနိုင်ပါကြောင်း၊ အခွန် ကောက်ခံမှုနှင့် ပေးဆောင်မှုအပိုင်းတွင် ပိုမို လွယ် ကူစွာ ဆောင်ရွက်လာနိုင်ပါကြောင်း လေ့လာ သုံး သပ်တင်ပြလိုက်ရပါတယ်။

မင်းအောင်အေး