Main menu

Background

တရုတ်နိုင်ငံထုတ် သံမဏိချောင်းအချို့ တင်သွင်းမှုအပေါ် တန်ပြန်စုပုံခွန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အိန္ဒိယအစိုးရက စတင်ပြုလုပ်မည်

Fri, 10/13/2017 - 14:29 -- journal_editor

           ပြည်တွင်းလုပ်ငန်းရှင်များ၏ တိုင်ကြားချက်များ ကြောင့် တရုတ်နိုင်ငံမှ သံမဏိချောင်းများ တင်သွင်းမှု အပေါ် Anti-dumping ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အိန္ဒိယ အစိုးရက စတင်ပြုလုပ်လျက်ရှိကြောင်း  Press Trust of India ၏ စက်တင်ဘာလ ၂၅ ရက်သတင်းတွင် ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံရှိ JSW Steel၊ Sunflag Iron and Steel၊ Usha Martin နှင့် Gerdau Steel India တို့အပါအဝင် ပြည် တွင်းသံမဏိထုတ်လုပ်သည့် ကုမ္ပဏီခြောက်ခုက တရုတ်နိုင်ငံ မှ တင်သွင်းလာသည့် အဆိုပါကုန်ပစ္စည်းများအပေါ် တန် ပြန်စုပုံခွန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးပါရန်နှင့် အခွန် စည်းကြပ်ကောက်ခံပေးပါရန် DGAD သို့ လျှောက်ထားတင်ပြ ခဲ့ကြသည့် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေး ခဲ့ကြရာ ပုံမှန်အောက်လျော့နည်းသည့်ဈေးဖြင့် တင်သွင်းသည့် အထောက်အထားများကိုလည်း တွေ့ရှိထားသည်ဟုဆိုထား ကြောင်း သိရှိရပါသည်။
        အဆိုပါကုန်ပစ္စည်းများမှာ မော်တော်ကား၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းများ၊ ရထားလမ်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ အပါအဝင် ကဏ္ဍများစွာ၌ အသုံးပြုနေသည့် ပစ္စည်း များဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါစုံစမ်းစစ်ဆေးမှုတွင် DGAD က Dumping ဖြစ်ပေါ်မှု ပကတိအခြေအနေ၊ အတိုင်းအတာ၊ သက်ရောက်မှု ပမာဏတို့ကို စိစစ်ဆုံးဖြတ်ကာ တန်ပြန်စုပုံခွန်စည်းကြပ်ရမည့် အခွန်နှုန်းထား ကို အကြံပြုမည်ဖြစ်ကြောင်း၊ ယင်းအခွန် နှုန်းထားသည် ပြည်တွင်းလုပ်ငန်းရှင်များအပေါ် ထိခိုက်မှု ဖယ်ရှားနိုင်သည်အထိ လုံလောက်သည့်ပမာဏကို သတ်မှတ် မည်ဖြစ်ကြောင်း၊ DGAD က စိစစ်အကြံပြုသည့် အခွန်နှုန်းထား အ တိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်စည်းကြပ် ကောက်ခံလေ့ရှိကြောင်း သိရှိရပါသည်။
        ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အိန္ဒိယမှ တရုတ်သို့ ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံသာ ရှိခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ဝင်ရောက်တင်သွင်းသည့် တရုတ် ကုန် စည်များမှာ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၂၈ ဘီလီယံထိ ရှိခဲ့ကြောင်း၊ တရုတ်သွင်းကုန်များ တိုးမြင့်လာခြင်းနှင့် ပုံမှန် ဈေးနှုန်းအောက် လျော့နည်းသည့် (Dumping) ကုန်ပစ္စည်း များ ဝင်ရောက်လာခြင်းတို့မှာ အိန္ဒိယကုမ္ပဏီများအတွက် အမြဲစိုးရိမ်ပူပန်နေရသည့် ကိစ္စ ရပ်တစ်ခုဖြစ်နေကြောင်း၊ DGAD သည် ဓာတုပစ္စည်းကဲ့သို့သော သွင်းကုန်များစွာအပေါ်တွင်လည်း တန်ပြန်စုပုံခွန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြု လုပ်လျက်ရှိကြောင်း၊ အိန္ဒိယသည် အလယ်အလတ်တန်းလွှာ လူဦးရေများစွာ ရှိနေရာ  ကမ္ဘာ့ထုတ်လုပ်သူများအတွက် ဆွဲဆောင်မှုအလွန်ကောင်းသည့် ဈေးကွက်များအနက် တစ်ခု အဖြစ် တည်ရှိနေကြောင်း ဖော်ပြထားပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့