Main menu

Background

လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာဆွေးနွေးမှုများ ပြန်လည်စတင်ရန်အတွက် အိန္ဒိယနှင့်အီးယူတို့နည်းလမ်းများရှာဖွေ

Mon, 10/23/2017 - 12:53 -- journal_editor

      လာမည့်နိုဝင်ဘာလတွင် အိန္ဒိယ နှင့်အီးယူတို့ အဆိုပြုထားခဲ့သည့် လွတ် လပ်စွာကုန်သွယ်ရေးသဘောတူ စာချုပ် (Free  Trade  Agreement)  ဆိုင်ရာ ဆွေးနွေးမှုများအား ဆင်ခြင်သုံးသပ် ရန်နှင့် ယင်းနှင့်စပ်လျဉ်း၍   မူဘောင် တစ်ခုချမှတ်ဖော်ဆောင်မည့် နည်း လမ်းများကို ရှာဖွေနိုင်ရန်အတွက်  ရပ် တန့်နေသည့် ဆွေးနွေးမှုများအား ပြန် လည်စတင်ရန် စီစဉ်နေကြောင်း၊ အီးယူ ထိပ်တန်းအရာရှိများပါဝင်မည့် ကိုယ် စားလှယ်အဖွဲ့တစ်ဖွဲ့ သည် လာမည့်လ တွင် အိန္ဒိယသို့လာရောက်မည်ဖြစ်ကာ ယခင်ဆွေးနွေးချက်များအား ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်သွား မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြား ထားပါသည်။
       အိန္ဒိယနှင့် အီးယူနိုင်ငံများ အကြား Broadbased Investment and Trade Agreement ဟု တရားဝင်အမည် ပေးထားသည့် သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုများကို ၂၀၀၇ ခုနှစ် ကတည်းကစတင်ခဲ့ကြောင်း၊ အီး ယူ၌ အချိန်အတော်ကြာ စီးပွားကျဆင်းနေ ခြင်းမှအစ  အမေရိကန်နှင့်ချုပ်ဆိုမည့် Transatlantic Trade and Investment Partnership Agreement အပြီးသတ်ရေးကို ဦးစားပေးဆောင်ရွက်ခြင်း၊ အိန္ဒိယ၌စမ်းသပ်စစ်ဆေး ထားသည့် သာမန်အိမ်သုံးဆေးဝါးအမယ်ပေါင်း ၇၀၀ အား တားမြစ်ခြင်းစသည့် အကြောင်းပြချက်မျိုးစုံတို့ဖြင့် အိန္ဒိယ နှင့် အီးယူအကြား ဆွေးနွေးမှုများကို ရပ်ဆိုင်းထားခဲ့ကြောင်း သိရှိရပါသည်။ ထိုမျှသာမက အီးယူအဖွဲ့မှ ဗြိတိန်ထွက်ခွာမည့်အရေးသည်လည်း ဆွေးနွေးပွဲအပေါ်ရိုက်ခတ်သည့် အခြားအကြောင်းအရာတစ်ခုဖြစ်ခဲ့ကြောင်း၊ အီးယူအဖွဲ့မှ ဗြိတိန်ထွက်ခွာပါက အဆိုပါဆွေးနွေးမှု၌ ဂျာမနီက ဦးဆောင်ဦးရွက်ပြုရန် လိုလားနေ ကြောင်း၊ သို့ဖြစ်၍ ဝန်ဆောင်မှုပိုင်းဆိုင် ရာ ဆွေးနွေးမှုများအပေါ် ရန်လိုမှုနည်း လာနိုင်ကြောင်း၊ ယင်းအကြောင်းအရာ သည် ဗြိတိန်၏အချိန်အတော်ကြာ ရပ် တည်ဆောင်ရွက်ခဲ့သည့် အနေအထား ဖြစ်ခဲ့ကြောင်း၊ သို့သော်လည်း မော် တော်ကားကဏ္ဍသည် အိန္ဒိယနှင့် အီးယူ တို့အကြားဆွေးနွေးရာ၌ အရေးပါ သည့် အကြောင်းအရာတစ်ရပ်ဖြစ် လာနိုင်ကြောင်း သိရှိရပါသည်။
        အစောပိုင်းဆွေးနွေးမှုများ၌ အီးယူမှထုတ်လုပ်သည့်ကားများနှင့် အရက်များအပေါ် အိန္ဒိယကသွင်းကုန် ခွန်လျှော့ချပေးရန်နှင့် အိန္ဒိယနှင့်အီးယူ တို့အကြား အချက်အလက်များလွတ် လပ်စွာဖလှယ်စီးဆင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံအား အချက်အလက်လုံခြုံ သည့်နိုင်ငံတစ်နိုင်ငံ ("data-secure" nation) အဖြစ် အသိအမှတ်ပြုရေးတို့ အပေါ် ဆွေးနွေးလျက်ရှိကြောင်း၊ နှစ် ဖက်ဆွေးနွေးမှုများအား ရပ်ဆိုင်းထား ခဲ့သည်မှာ လေးနှစ် ခန့်ကြာမြင့်ြ ပီဖြစ် ကြောင်း၊ ဂျာမနီကလည်း မော်တော် ကား (automobiles) နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုစေပြီး၊ ပြင်သစ်ကလည်း ဝိုင်များအပေါ် သွင်းကုန်ခွန်များ ပိုမို လျှော့ချစေရန်လိုလားလျက်ရှိကြောင်း၊ ဆွေးနွေးမှုများ  နှေးကွေးနေ သည့် အကြောင်းအရာ၌ အီးယူလုပ်သား ဈေးကွက်သို့ အိန္ဒိယကျွမ်းကျင်ပညာ ရှင်များ ဝင်ရောက်ခွင့်မရသည့်အပေါ် အိန္ဒိယ၏စိတ်ဝင်စားမှုလည်း ပါဝင်နေ ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့