Main menu

Background

ပဲအမျိုးအစားအားလုံးအတွက် ပြည်ပတင်ပို့ခွင့်ကန့်သတ်ချက်များအား အိန္ဒိယအစိုးရဖယ်ရှား

Wed, 12/06/2017 - 13:51 -- journal_editor

      အိန္ဒိယနိုင်ငံတွင်  ပြီးခဲ့သည့်နှစ် သီးနှံရာသီ၌ ပဲအမျိုးမျိုးစံချိန်တင်ထုတ် လုပ်နိုင်ခဲ့ခြင်းကြောင့်  အစိုးရကသတ်မှတ်ထားသည့် အနိမ့်ဆုံးအထောက် အကူပြုဈေးနှုန်း (MSP) အောက်ရောက် ရှိသည်အထိ ပဲဈေးနှုန်းများ ကျ ဆင်းလျက်ရှိရာ တောင်သူလယ်သမားများ ဈေးကောင်းရရှိစေရေး သေချာမှုရှိ စေရန် ပဲအမျိုးအစားအားလုံးအတွက် ပို့ကုန်တင်ပို့ခွင့်ကန့်သတ်ချက်များဖယ် ရှားကြောင်းကို နိုဝင်ဘာလ ၁၆ရက် တွင် အိန္ဒိယအစိုးရကထုတ်ပြ န်ကြေညာ ခဲ့ပါသည်။ ကမ္ဘာပေါ်တွင်  ပဲအများဆုံးထုတ်လုပ်ပြီး ပဲအများဆုံးတင်သွင်းသည့်နိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ၂၀၁၆-၁၇ သီးနှံရာသီ၌ ပဲမျိုးစုံတန်ချိန် ၂၂ ဒသမ ၉၅ သန်းအထိစံချိန်တင်ထုတ်လုပ်နိုင်ခဲ့သည့်အပြင် ပြည်ပမှတန်ချိန်ငါးသန်း ခန့် တင်သွင်းခဲ့သည့်အတွက် ပြည်တွင်း ဈေးကွက်၌ ကုန်စည်အလွန်အမင်းပေါ များလာပြီး ဈေးထိုးကျသည့်အနေ အထားတစ်ခုလည်းဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။
       ယခုနှစ်သီးနှံရာသီတွင်လည်း   ပြည်တွင်း၌ပဲမျိုးစုံအထွက်ကောင်းမည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားပြီး အစိုးရလက်ဝယ်တွင်လည်း အရန်ပဲ တန်ချိန် ၁ ဒသမ ၈ သန်းခန့်ရှိနေကြောင်း၊ အိန္ဒိယနိုင်ငံ၏ပြည်တွင်းပဲ လိုအ ပ်ချက်မှာ တစ်နှစ်လျှင်တန်ချိန် ၂၄သန်း ဝန်းကျင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လယ် သမားများအနေဖြင့် ၎င်းတို့၏  ထွက်ကုန်များအတွက် ဈေးကောင်းရရှိပြီး ဈေးကွက်ရွေးချယ်မှုအခွင့်အလမ်း ပိုမို များပြားလာစေရန်အတွက် ပို့ကုန် တင်ပို့ခွင့် ကန့်သတ်ချက်များအား ပဲအမျိုး အစားအားလုံးအပေါ် ဖယ်ရှားပေးရန် စီးပွားရေးရာကော်မတီက အတည်ပြု လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အိန္ဒိယအစိုးရသည်   ပြီးခဲ့သည့် နှစ်လခန့်က ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီ စိမ်း တင်ပို့ခွင့်တားမြစ်ချက်အားဖယ်ရှားခဲ့ သော်လည်း အဆိုပါ ပဲအမျိုးအစားများ သင်္ဘောတင်ခြင်းကိုမူ စိုက်ပျိုးရေး ပို့ကုန်မြှင့်တင်ရေးအဖွဲ့ (APEDA) ၏ ထောက်ခံချက်ဖြင့်သာ တင်ပို့ခွင့်ရှိပြီး ကုလားပဲလုံးဖြူ (kabulichana) နှင့် အော်ဂဲနစ်ပဲများတင်ပို့ခွင့်ကိုလည်း ပမာဏအကန့်အသတ်ဖြင့်သာ ခွင့်ပြုခဲ့ ကြောင်း၊ ယခုကဲ့သို့ ပဲအမျိုးအစားအား လုံးကိုပြည်ပသို့တင်ပို့ခွင့်ပြုလိုက်ခြင်း ကြောင့် လယ်သမားများအား ၎င်းတို့ ထွက်ကုန်များအတွက်  ဈေးေ ကာင်းရရှိ လာစေရန် အထောက်အကူပြုစေနိုင် ပြီး စိုက်ဧကတိုးချဲ့စိုက်ပျိုးလာစေရန် အတွက် အားပေးရာရောက်သည်ဟု သုံးသပ်ပြောကြားထားကြောင်း သိရှိရ ပါသည်။
         "ယခုအခါ အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံ တင်ပို့ခြင်း/တင်သွင်းခြင်းတို့နှင့်စပ် လျဉ်းသည့်မူဝါဒများကို ပြန်လည်လေ့ လာသုံးသပ်ရန် စားနပ်ရိက္ခာဝန်ကြီး ဌာန၊ အတွင်းဝန်ဦးဆောင်သည့် ကော်မတီအား အိန္ဒိယစီးပွားရေးရာ ကက် ဘိနက်ကော်မတီက အခွင့်အာဏာ ပေးအပ်ထားပြီး ပြည်တွင်းထုတ်လုပ်မှု နှင့် လိုအပ်ချက်၊ ပြည်တွင်းနှင့် နိုင်ငံ တကာဈေးနှုန်းများ၊ ကမ္ဘာ့ကုန်သွယ်မှု ပမာဏတို့အပေါ်မူတည်၍ ပို့ကုန်/သွင်းကုန်ပမာဏကန့်သတ်ခြင်း၊ ကြို တင် မှတ်ပုံတင်ခြင်းနှင့် သွင်းကုန်ခွန်နှုန်း ထားပြောင်းလဲခြင်းစသည့် အစီအမံ များကို ချင့်ချိန်သုံးသပ်ဖော်ဆောင်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း" သိရှိရပါသည်။ ယခုကဲ့သို့ ပဲမျိုးစုံတင်ပို့ခွင့်ပြု လိုက်ခြင်းကြောင့် ပြည်တွင်း၌ ပို လျှံနေ သည့်ပဲများအတွက် သင့်တင့်သည့် ဈေးကွက်တစ်ခုရရှိလာစေနိုင်ကြောင်း၊ ထို မျှသာမကနိုင်ငံအတွက် အထောက်အကူပြုစေနိုင်ပြီး ပြည်တွင်းပို့ကုန်လုပ် ငန်းရှင်များအတွက် ဈေးကွက်ပြန်လည် ရရှိလာစေနိုင်မည်ဖြစ်ေ ကြာင်း၊ပြည်တွင်း ပဲထုတ်လုပ်မှုမှာလည်း စဉ်ဆက်မပြတ် တိုးတက်လာမည်ဟု  ခန့်မှန်းထားရာ ပဲမျိုးစုံအတွက် ပြည်ပသွင်းကုန်အပေါ် မှီခိုနေရသည့် အနေအထားမှာလည်း တဖြည်းဖြည်းလျော့ကျလာမည်ဟု သတင်းထုတ်ပြန် ချက်၌   ဖော်ပြထား ကြောင်း သိရှိရပါသည်။
        ထို့ပြင် လတ်တလော ပြုလုပ်လိုက်သည့် ပဲတင်ပို့မှုကန့်သတ်ချက် ဖယ်ရှားခြင်း ဆုံးဖြတ်ချက်သည် ကမ္ဘာ့ကုန်စည်စီးဆင်းမှုနှင့် ပေါင်းစည်းရေးကို ဦးတည်စေမည်ဖြစ်ကာ တောင်သူလယ်သမားများအတွက် ကောင်းမွန် သည့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာအလေ့ အကျင့်ကောင်းများရရှိလာစေနိုင်ပြီး ထုတ်လုပ်မှုပမာဏကိုလည်း တိုးတက် ကောင်းမွန်လာစေနိုင်ကြောင်း၊ အစိုးရအနေဖြင့် ပဲထုတ်လုပ်မှုမြင့်မားစေရေး လုပ်ငန်းစဉ်များစွာကို ချမှတ်ေ ဖာ် ဆောင်ခဲ့ပြီး ပဲတန်ချိန်နှစ်သန်းခန့်ကိုလည်း ဈေးကွက်ပေါက်ဈေး၊ MSP ဈေး နှုန်းတို့အနက်ပိုမြင့်သည့်ဈေးတို့ဖြင့် ဝယ်ယူပေးခဲ့ကြောင်း ဖော်ပြထားပါသည်။ အစိုးရ၏ ယခုဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ India Pulses and Grains Association (IPGA) ဥက္ကဋ္ဌဖြစ်သူ Pravin Dongre က ပဲဈေးကွက်ပျက်နေ ခြင်းကိုလည်း တည့်မတ်လာစေနိုင်ပြီး MSP ဈေးအောက်ရောင်းချနေရသည့် ပဲမျိုးစုံကိုလည်းအထောက်အကူပြုစေ မည်ဖြစ်ကာ ပဲစက်လုပ် ငန်းများကိုလည်း  ပြန်လည်သက်ဝင်လှုပ်ရှားလာ စေမည်ဖြစ်ကြောင်း၊ ထိုမျှသာမက တောင်သူလယ်သမားများအတွက် အကျိုးအမြတ်တိုးတက်ကောင်းမွန်လာ စေနိုင်ပြီး ပဲမျိုးစုံကဏ္ဍ၌ရင်းနှီးမြှုပ်နှံမှု ပိုမိုကြီးမား လာစေ မည့် အလားအလာများရှိကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိကာလတွင် အိန္ဒိယအစိုးရသည် ဈေးပေါသောသွင်းကုန်များကို ထိန်းချုပ်ဟန့်တားထားရန်အတွက် ပဲအမျိုးအစားအချို့အပေါ် သွင်းကုန်ပမာဏကန့်သတ်ချက်များ သတ် မှတ်ထားခဲ့ပြီးဖြစ်ကြောင်း၊၂၀၁၇ -၁၈ သီးနံှရာသီအတွက် ပဲထုတ်လုပ်မှု ပမာဏအား တန်ချိန် ၂၂ ဒသမ ၉သန်း ရှိရန်ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့