Main menu

Background

၂၀၃၅ ခုနှစ်တွင် ကုန်သွယ်မှု၌ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ရန် တရုတ်မျှော်မှန်း

Tue, 01/02/2018 - 14:20 -- journal_editor

        တရုတ်သည် ၂၀၃၅ ခုနှစ်တွင် နိုင်ငံတကာ  ကုန်သွယ်မှု၌  ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံဖြစ်ရန် မျှော် မှန်းထားပြီး ကုန်စည်နှင့် ဝန်ဆောင်မှု တွင် အရည်အသွေး  မြှင့်တင်ခြင်း၊ Inbound/Outbound ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း စသည့်  လက်ရှိပြုပြင် ပြောင်းလဲမှုနှင့် ကုန်သွယ်မှုပုံသဏ္ဌာန် ပြောင်း လဲ မှုများ ကို  ဆက်လက်အရှိန် မြှင့်တင်မည်ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက  ပြော ကြားပါသည်။အဆိုပါ ရည်မှန်း ချက်ပြည့်မီစေ ရန် ၂၀၂၀ ပြည့်နှစ်မတိုင်မီ တရုတ်၏အဓိက ကုန်သွယ်ဖက်နိုင်ငံများနှင့် ပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဖြစ် ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုတွင် ပြည်တွင်း အရင်းအမြစ်များ အား ထိရောက် စွာအသုံးချမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများအား ပြည်ပသို့သွား ရောက် ရင်းနှီးမြှုပ်နှံမှုကိုလည်း ဆက် လက်အားပေးမည်ဖြစ်ကြောင်း သိရပါ သည်။ ၂၀၁၈ ခုနှစ်တွင် International Imports Exhibitionကို ရှန်ဟိုင်း တွင် ကျင်းပပေးမည်ဖြစ်သည့်အပြင်  လာ မည့် ငါးနှစ်အတွင်း နိုင်ငံတကာကုန် သွယ်မှုတွင် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များ ဆက်လက်ချုပ် ဆိုနိုင်ရန်အတွက် အလေးပေးမည်ဖြစ် သည်။
၂၀၂၀ ပြည့်နှစ်တွင် တရုတ်ကို နိုင်ငံတကာကုန်သွယ်မှုတွင် အရေးပါ သည့်နိုင်ငံဖြစ်လာစေရန် ရည်မှန်းထား  သော်လည်း ပြည်တွင်းလုပ်သားခကြီး မြင့်ခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်နွမ်း မှု၊ နည်းပညာအခက်အခဲနှင့် အချို့ နိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ အကာ အကွယ်ပေးမှုဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းရန်လိုအပ်နေကြောင်း ဖော်ပြ ထားပါသည်။ ကုန်သွယ်မှုအင်အားကြီး နိုင်ငံဖြစ်စေရန် အဓိကအားဖြင့် ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီကြီးများ တရုတ်သို့ ဆက်လက်ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် လိုအပ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုတွင် မူဝါဒဖြေလျော့ဆောင်ရွက်မှုများ၊ အခြေခံအဆောက်အအုံ ခိုင်မာမှုနှင့် ခေတ်မီသည့် ကွန်ရက်ဆက်သွယ်မှုများ အား ဂရုပြုရန် ဆက်လက်ဖော်ပြထား ပါသည်။ တရုတ်၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ တရုတ်ယွမ် ၂၅ ဒသမ ၁၄ ထရီ လီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံ) ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း အကောက်ခွန်ဌာနက ထုတ် ပြန်ထားပါသည်။  တရုတ်အနေဖြင့် ကုန်စည်အချို့အပေါ်  အကောက်ခွန် လျှော့ချမှုများ  ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းဖြေလျော့မှုများ၊ Negative List များ ဆက်လက် လျှော့ ချ ပေးမည် ဖြစ်ကြောင်း သိရပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့