Main menu

Background

အိန္ဒိယ၌ တောင်သူလယ်သမား ဆန္ဒပြမှုများဖြစ်ပေါ်ရသည့် အကြောင်းအရင်းများအပေါ် Jawaharlal Nehru University ၏ တွဲဖက်ပါမောက္ခ Himanshu ၏ သုံးသပ်ချက်

Thu, 03/29/2018 - 11:58 -- journal_editor

     ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အိန္ဒိယနိုင်ငံ၊ Marahashtra ပြည်နယ်မှ တောင်သူလယ်သမားလေးသောင်းကျော် တို့ကနာရှစ်မြို့မှမွမ်ဘိုင်းမြို့သို့လမ်းလျှောက်ချီ တက်ဆန္ဒပြမှုပြုလုပ်ခဲ့ရာအစိုးရ အနေဖြင့်ချေးငွေ သက်သာ ခွင့်များ ဖော်ဆောင်ပေးရန်၊ ဆွာမိနသန်ကော်မရှင် ၏ အကြံပြုချက်များအား အကောင် အထည်ဖော်ရန်၊ Forest Rights Act အား အကောင်အထည်ဖော်ရန် တောင်းဆို ချက်များ တောင်းဆိုခဲ့ကြကြောင်း သိရှိရ သည်။ ယင်းကဲ့သို့အိန္ဒိယတောင်သူလယ်သမားများလမ်းမပေါ်ထွက်ကာလိုလားချက်များအားအော်ဟစ်တောင်းဆို မှုလုပ်ဆောင်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ပြီးခဲ့သည့်နှစ်တစ်နှစ် တည်းတွင်ပင် နိုင်ငံအတွင်းရှိ ပြည် နယ် ၁၅ ပြည်နယ်ကျော်မှ တောင်သူလယ်သမား များက လမ်းပေါ်သို့ထွက်ကာ ဆန္ဒပြ မှုများ ပြုလုပ်ခဲ့ကြ ကြောင်းကိုလည်း သိရှိရ သည်။ယင်းတို့အနက် Tamil  Nadu၊ Rajasthan ၊Uttar Pradesh  နှင့်Haryana ပြည်နယ် တို့ တွင်  အင် အား အလုံးအရင်း ဖြင့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကာ၂၀၁၇ခုနှစ်၊ဇွန်တွင်MadhyaPradeshပြည်နယ်၊ Marahashtra ခရိုင်၌ ဆန္ဒ ပြတောင်သူလယ် သမား ခုနစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့မှုဖြစ်ပေါ်ခဲ့ကြောင်း၊ National Crime Records Bureau (NCRB) ၏ အချက် အလက်များအရ ၂၀၁၄ ခုနှစ်တွင် တောင် သူလယ်သမားအရေးအခင်း ၆၂၈ ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ၂၆၈၃ ကြိမ်၊ ၂၀၁၆ ခုနှစ် တွင်၄၈၃၇ကြိမ် ထိရှိခဲ့ပြီး လက်ရှိ အစိုးရလက်ထက်သုံးနှစ်တာကာလအတွင်း ရှစ်ဆခန့်အထိ တိုးလာသည်ဟု Himanshu က သုံးသပ်ရေးသားထားသည်။အိန္ဒိယတောင်သူလယ်သမားများ ဆန္ဒပြရခြင်းကို လေ့လာပါက အစိုးရ အနေဖြင့် တောင်သူ လယ်သမားထု ရင် ဆိုင်ခံစားနေရသည့် ဖိအားများကို လျစ် လျူရှုထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။အိန္ဒိယ၌ ၂၀၁၄ ခုနှစ်တွင် ကုန်ဈေး နှုန်းများ ရုတ်တရက်မြင့်တက်ခဲ့သည့် ဂယက်ကြောင့် စိုက်ပျိုးရေးစရိတ် များ မြင့် တက်ခြင်းနှင့်ကြုံခဲ့ရပြီး ၂၀၁၄ နှင့် ၂၀၁၅ တို့တွင် မိုးခေါင်မှုတို့က အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ ထိုမျှသာမက ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း စိုက်ပျိုးရေး ကဏ္ဍအတွက် အစိုးရ၏ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်မှုမှာ ၁၀ ရာခိုင်နှုန်းရှိခဲ့ သည်။ ထို့ပြင် စိုက်ပျိုးရေးဆိုင်ရာအစိုးရ စီမံချက်များအတွက် အသုံး စရိတ်ကို လည်း  လျှော့ချခဲ့ရာ အချို့သောအစီအစဉ်များ အတွက် ၅၀ ရာခိုင်နှုန်းအထိပင် လျှော့ချ မှုရှိခဲ့ကြောင်း၊ စိုက်ပျိုး ရေးဆိုင်ရာ ချေးငွေ များအနေဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၂၁ ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်ချ ထားပေးခဲ့ သော်လည်း လက်ရှိအစိုးရလက် ထက်တွင် နှစ်စဉ် ၁၂ ရာခိုင်နှုန်းသို့ လျှော့ ချခဲ့ကြောင်း၊ အလုပ်အကိုင် အခွင့် အလမ်းများကျဆင်းနေပြီးကျေးလက်လယ်ယာအလုပ်အကိုင်မဲ့အရေအတွက်မှာလည်းသိသိသာသာတိုးလာနေကြောင်း၊ အကျိုးဆက်အနေဖြင့် ကျေးလက်တောင်သူများ အမှန်ရရှိနေသည့် လုပ်ခလစာမှာလည်း ကျဆင်းလာ ပြီး ကျေးလက်ဝင်ငွေမှာလည်း ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်နေ ကြောင်း၊ သို့ဖြစ်၍ နောက်ဆုံးရလဒ်အနေ ဖြင့် စိုက်ပျိုးရေးကဏ္ဍ၌ ဝင်ငွေနည်းပါးလာ ပြီး ကြွေးမြီမြင့်တက်လာကြောင်း ၎င်းက သုံးသပ်ထားသည်။  ကံမကောင်းစွာပင် ယင်းသို့သောအကျပ်အတည်းအားအစိုးရအနေဖြင့်ကိုင်တွယ်ဖြေရှင်းခဲ့သည့်နည်းလမ်း မှာ စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးအတွက် ရေရှည်ကြည့်ရမည့်နည်းလမ်းအစားရေတိုနည်းကိုအသုံးပြုခဲ့ကြောင်း သိရ သည်။ အစိုးရကအသုံးပြုခဲ့သည့်တစ်ခုတည်းသောဗျူဟာမှာချေးငွေသက်သာခွင့်ပေးခြင်းနည်းလမ်းဖြစ်ခဲ့ပြီး ယင်းဗျူဟာကြောင့် Uttar Pradesh jပြည်နယ်၌ နိုင်ငံရေးအကျိုးအမြတ်ရရှိစေ ခဲ့သည်။သို့ရာတွင် ယင်းလိုလားချက် မှာ UttarPradeshjပြည်နယ်တစ်ခုတည်းတွင်အဆုံးသတ်ထားနိုင်ခြင်းမရှိဘဲBJPပါတီအာဏာရထားသည့်အခြားပြည် နယ်များသို့ပါ ကူးစက် လာခဲ့ကာ နောက်ဆုံးစာရင်းဇယား များအရ လက်ရှိကာလအထိ ပြည်နယ် အမြောက် အများ ၌ချေးငွေသက်သာခွင့်ကြေညာခွင့်ပြုထားသည့်ပမာဏစုစုပေါင်းမှာရူပီးကုဋေ၁၃၀၀၀၀ကျော်ထိရှိခဲ့သည်။ ထိုသို့များပြားလှသည့် ပမာဏသည်ပင် တောင်သူလယ်သမားများကို ကျေနပ်စေ နိုင်ခြင်းမရှိခဲ့ဘဲ ရိုးရိုးရှင်းရှင်း ပင်သုံးသပ်ရ မည်ဆိုပါကယင်းလုပ်ဆောင်ချက်သည်စိုက်ပျိုးရေးကဏ္ဍ၌ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းအားအစားထိုး ဖော်ဆောင်ရမည့် နည်းလမ်းတစ်ခု မဟုတ်သကဲ့သို့ ရင်းနှီး မြှုပ်နှံမှုတွင် အသုံးပြုရမည့် အဖိုးထိုက်တန် လှသည့် ဘဏ္ဍာအရင်းအမြစ်များအား အလဟဿ ပြုန်းတီးစေခဲ့ကြောင်းနှင့်  အစိုးရအနေဖြင့်ကမောက်ကမအခြေအနေ ဖြစ်အောင်ကိုယ်တိုင်ဖန်းတီးခဲ့သည့် အတွက်ကိုယ့်ကိုယ်ကိုသာ လျှင်အပြစ်တင်ရမည် ဟုသုံးသပ်ေြ ပာကြား ခဲ့ ကြောင်း သိရှိရသည်။လတ်တလောအနေအထားများအရတောင်သူလယ်သမားများ၏ဆန္ဒပြမှုများသည်ပြည်နယ်နှင့်ဗဟိုလွှတ် တော် ရွေးကောက်ပွဲများ၌ လက်ရှိတာဝန်ရှိ ပြည်နယ်အစိုးရများ (အများစုမှာ  BJP ပါတီဦးဆောင်သည့် ပြည်နယ် အစိုးရ) အပေါ် ဖိအားဖြစ်ပေါ်စေခဲ့ပြီး ဆန္ဒပြမှုများ မှာလည်း တိုးလာမည့်အလားအလာသာ လျှင်ရှိနေဟု ၎င်းက သုံးသပ် ရေးသားထား သည်။ အဆိုပါအချက်သည် လယ်ယာ ကဏ္ဍ၌ ဖြစ်ပေါ်နေသည့်အကျပ်အတည်းကိုတုံ့ပြန်ဖြေရှင်းသည့်အစိုးရ၏မအောင်မြင်မှုတစ်ခုတည်းသာမဟုတ်ဘဲအစိုးရအပေါ်တောင်သူလယ်သမားများ၏မယုံကြည်မှုကိုလည်းတိုးလာစေကြောင်း၊လတ်တလောဥပမာအနေဖြင့်အစိုးရက

MSPဈေးနှုန်းတိုးမြှင့်ပေးရန်ကြေညာခဲ့ပြီးနောက်ဆွာမိနသန်ကော်မရှင်အစီရင်ခံစာပါကုန်ကျစရိတ်သဘောတရားကိုပြောင်းလဲခြင်းအားဖြင့်၎င်း၏ကတိကဝတ်ကိုအယုံအကြည်မဲ့အောင်ကိုယ်တိုင်ပြုလုပ်ခဲ့ကြောင်း၊သို့ဖြစ်၍တောင်သူလယ်သမားများအ နေဖြင့် အစိုးရ၏ ကတိကဝတ်ကို မယုံကြည်ခဲ့ကြသည်မှာ ထင်ရှားလာကြောင်း ရေးသားချက်အရတွေ့ရသည်    သို့ဖြစ်၍ BJPပါတီ အနေဖြင့် ဖော် ဆောင်ရန်ခက်ခဲသည့် ရွေးချယ်မှုတစ်ခု   နှင့်ရင်ဆိုင်ရလျက်ရှိကြောင်းနှင့်  Uttar Pradesh jပြည်နယ်၌ စတင်ခဲ့သည့် ချေးငွေသက်သာခွင့်အစီအစဉ်အားအခြားပြည်နယ်များတွင်လည်းလိုလား တောင်းဆိုနေ ကြသည်။ တစ်ချိန်တည်းမှာပင် မရှိမဖြစ် လိုအပ်သည့် စိုက်ပျိုးရေးအစီအစဉ်များ အတွက် အသုံး စရိတ် နှင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာခြင်းသည် မကြာမီအချိန် အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်လာ နိုင် ဖွယ ်မရှိသည်ကို ညွှန်းဆိုနေပြီး ထို့ထက် ပို၍ ခက်ခဲပြီးအခြေဆိုးသည် ၂၀၂၂ ခုနှစ် တွင် လယ်သမား များဝင်ငွေ နှစ်ဆတိုးမြင့် လာရေး ကတိကဝတ်ပင်ဖြစ်သည်ဟု Jawaharlal Nehru University ၏ တွဲဖက် ပါမောက္ခဖြစ်သူ  Himanshu က သုံးသပ် ရေးသားထားသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့