Main menu

Background

ကြံစိုက်တောင်သူများအတွက် တစ်ကွင်တယ်လျှင် ၅ ဒသမ ၅ ရူပီး ထောက်ပံ့ကြေးပေးရန် အိန္ဒိယအစိုးရ အတည်ပြု

Wed, 05/16/2018 - 10:53 -- journal_editor

         အိန္ဒိယနိုင်ငံ၌ ကြံများစံချိန်တင် ထွက်ရှိခဲ့သည့်အတွက် သကြားဈေးနှုန်း များ သိသိသာသာ ကျဆင်းနေခြင်းကြောင့် သကြားစက်များက ကြံစိုက်တောင်သူများ အားပေးချေရမည့် ကြံဖိုးကြွေးကျန်ပမာဏမှာ ရူပီးကုဋေ ၂၀၀၀၀ ခန့်ထိရှိလာရာယင်းအခြေအနေအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက်  အိန္ဒိယအစိုးရသည် ကြံစိုက် တောင်သူများသို့ တစ်ကွင်တယ်လျှင် ၅ ဒသမ ၅ ရူပီးခန့် (တစ်တန်လျှင် ၅၅ ရူပီးခန့်) ထုတ်လုပ်မှု ထောက်ပံ့ကြေးပေးရန် မေ ၂ ရက်တွင်စီးပွားရေးရာဗဟိုကော်မတီက အတည်ပြုလိုက်ကြောင်း သိရှိရသည်။
ကြံအများဆုံးထုတ်လုပ်သည့် ပြည်နယ်တစ်ခုဖြစ်သည့်Karnataka j ပြည် နယ်၌ မေ ၁၂ ရက်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ယခုဆုံးဖြတ်ချက်သည် ယင်းကာလမတိုင်မီ အချိန်ကိုက်ဖြစ်လာကြောင်း၊ အဆိုပါဆုံးဖြတ်ချက်ကို သကြားလုပ်ငန်းအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Abinash Verma ကထောက်ခံ ကြိုဆိုလိုက်ပြီး ၂၀၁၇-၁၈ ဈေးကွက်ရာသီ အတွင်း သကြားစက်များ၏ ကြိတ်ခွဲနိုင်မှု အခြေအနေကိုအခြေခံ၍ အစိုးရအနေဖြင့် ရူပီးကုဋေ ၁၅၀၀ မှ ၁၆၀၀ထိထောက်ပံ့ ပေးရနိုင်ဖွယ်ရှိသည်ဟု ၎င်းင်းကသုံးသပ်ပြောကြားထားကြောင်း သိရှိရသည်။ကြံစိုက်တောင်သူများသို့ တင်နေသည့်အကြွေများကို သကြားစက်များက ပေးချေနိုင်ရေးနည်းလမ်းများကို ပြီးခဲ့သည့်လက ဝန်ကြီးများအဆင့် တွေ့ဆုံ၍ အလွတ်သဘောဆွေးနွေးခဲ့ကြရာ ထုတ်လုပ်မှုကိုအခြေခံ၍ ထောက်ပံ့ကြေးပေး ခြင်း၊

သကြားတင်သွင်းမှုအပေါ်  အခွန်အခကောက်ခံခြင်း၊ သကြားစက်များ၌ အသုံးပြုရသည့် အီသနောအပေါ်  GST  ခွန်လျှော့ချကောက်ခံခြင်း စသည့် နည်း လမ်းအမျိုးမျိုးကို စဉ်းစားရှာဖွေခဲ့ကြကြောင်း သိရှိရသည်။
ဧပြီ ၁၅ ရက်အထိ လက်ရှိရာသီအတွင်း အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ် မှုမှာ တန်ချိန် ၂၉ ဒသမ ၉၈ သန်းခန့်ထိရှိခဲ့ပြီး အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း၊ သို့ဖြစ်၍ သကြားစက်လုပ်ငန်းရှင်များက ကြံစိုက်တောင်သူများသို့ပေးရမည့် ကြံဖိုး ကြွေးကျန်မှာရူပီးကုဋေ ၂၀၀၀၀ ထိ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၁၆-၁၇ ဈေးကွက်ရာသီတွင် သကြားတန်ချိန် ၂၀ ဒသမ ၃ သန်းထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့သကြား ဒုတိယအများဆုံးထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ နှစ်စဉ်သကြားသုံးစွဲမှု ပမာဏ မှာ တန်ချိန် ၂၅သန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။အိန္ဒိယဗဟိုအစိုးရသည်   ပြည်တွင်းသကြားဈေးနှုန်းများ  ကျဆင်းနေခြင်း ကို ထိန်းညှိနိုင်ရန်အတွက် သကြားတင်သွင်း မှုအပေါ် သွင်းကုန်ခွန် ၁၀၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီးဖြစ်ကာ ယခင်ကောက်ခံနေသည့် ပို့ကုန်ခွန်ကိုလည်း ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်း၊ ထိုမျှသာမက သကြားစက်များအနေဖြင့် သကြားတန်ချိန် နှစ်သန်းခန့်  တင်ပို့ရန်ကိုလည်း  ဗဟိုအစိုးရက တိုက်တွန်းပြောကြားထားကြောင်း၊ ကြံဖိုးေ<ကးကျန်များ ရှင်းလင်းနိုင်ရန်အတွက် ၂၀၁၅-၁၆ ဈေးကွက်ရာသီတွင်ဖော်ဆောင်ခဲ့သည့်အတိုင်း ထုတ်လုပ်မှုကိုလိုက်၍ ကြံစိုက်တောင်သူများအား အစိုးရကIncentives  များ ထောက်ပံ့ဖန်တီးပေးရန် သကြားစက်လုပ်ငန်းရှင်များက တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့