Main menu

Background

ရွှေ့ပြောင်းအလုပ်သမား ၂၀ ရာခိုင်နှုန်းအများဆုံးခန့်ထားခွင့်သတ်မှတ်ချက်အပေါ် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များစိတ် မသက်မသာဖြစ်လျက်ရှိခြင်း

Thu, 05/24/2018 - 15:25 -- journal_editor

စီးပွားရေးလုပ်ငန်းများအနေဖြင့် စုစုပေါင်းလုပ်သားဦးရေ၏အမြင့်ဆုံး၂၀ ရာခိုင်နှုန်းသာ ရွှေ့ပြောင်း အလုပ်သမား ခန့်ထား ရမည်ဟု ပြဋ္ဌာန်းခဲ့သည့်နိုင်ငံခြား အလုပ်သမားဥပဒေအသစ်အပေါ် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များအတွက် စိတ် မသက်သာစရာဖြစ်စေသည်။ ယင်း ဥပဒေအသစ်ကြောင့် ပြည်တွင်းအလုပ်သမားမလုံလောက်မှုပြဿနာကို ဖြစ် ပေါ်စေပြီး အထူးသဖြင့် SMEs လုပ်ငန်း  များကို ထိခိုက်မည်ဖြစ်သည်။ စုစုပေါင်း လုပ်သားဦးရေ၏ အများဆုံး ၂၀ ရာခိုင် နှုန်းသာ ရွှေ့ပြောင်းအလုပ်သမားများကို ခန့်ထားနိုင်သည်ဟု ကန့်သတ်ထားသည့် ဥပဒေအသစ်သည် ၂၀၁၈ ခုနှစ် ဇူလိုင် လမှစတင်၍ အကျိုးသက်ရောက်မည် ဖြစ်သည်။ ယင်းကဲ့သို့ နိုင်ငံခြားသား အလုပ်သမားကန့်သတ်ချက်သည် လက်မှတ်ရေးထိုးထားသည့် ထိုင်းအစိုးရ ၏နားလည်မှုစာချွန်လွှာနှင့်အညီဖြစ်ပြီး ထိုင်းနိုင်ငံသို့နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့်ရွှေ့ပြောင်းလုပ်သား အားလုံးအတွက်အကျုံးဝင်ကြောင်းသိရှိ ရသည်။

ထိုင်းနိုင်ငံ၌ လွန်ခဲ့သည့်နှစ်များစွာ ကတည်းက အလုပ်သမားလိုအပ်ချက် ပြဿနာဖြင့် ကြုံတွေ့နေရသည့်အခြေ အနေတစ်ခုတွင် စီးပွားရေးလုပ်ငန်းများ ၏ရွှေ့ပြောင်းအလုပ်သမားခန့်ထားရေး ကိုကန့်သတ်သည့် ဥပဒေထုတ်ပြန်ခဲ့ခြင်း အတွက်နားမလည်နိုင်အောင်ဖြစ်ရ          ကြောင်း၊ အရည်အသွေးမပြည့်မီသော ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်း နိုင်ငံ၏စီးပွားရေးကိုများစွာ အထောက် အကူပြုနေကြောင်း၊ ထိုင်းနိုင်ငံတစ်ဝန်း လုံးတွင် အလုပ်သမားလိုအပ်ချက် ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်ခံစားနေ ကြရသဖြင့် ထိုင်းလုပ်ငန်းရှင်များအနေ ဖြင့် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများကို မှီခိုနေရကြောင်း၊ ထိုင်းနိုင်ငံတွင်SMEsစုစုပေါင်းသုံးသန်း ရှိ၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းစုစု ပေါင်း၏ ၉၉ ဒသမ ၇ ရာခိုင်နှုန်းရှိသည့် အပြင် လူဦးရေ ၁၁ သန်းအတွက် အလုပ် အကိုင်များကို ဖန်းတီပေးထားကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားအသုံးပြုမှုကန့် သတ်ချက်သည် SMEsလုပ်ငန်းများကို အထိနာစေမည်ဖြစ်ကြောင်း၊ ထိုင်း  SMEs

လုပ်ငန်းများ၏တရားဝင်နှင့်           တရားမဝင်နိုင်ငံခြားသားအလုပ်သမား ခန့်ထားမှုသည် စုစုပေါင်း ၁၀ သန်းရှိမည် ဟုခန့်မှန်းကြောင်း၊ အစောင့်၊ သန့်ရှင်း ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ငါးဖမ်း လုပ်ငန်းများအတွက် ထိုင်းအလုပ်သမား ရရှိရေးသည် အလွန်ခက်ခဲပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားခန့်ထားခွင့် ၂၀ ရာခိုင်နှုန်းကန့်သတ်ချက်သည် ပြည်တွင်း SMEs များအတွက် ကြီးမားသော အခက် အခဲတစ်ခုဖြစ်သည့်အပြင် SMEs ကဏ္ဍတစ်ခုလုံးအတွက်လည်း မဖြစ်နိုင်သည့် ကန့်သတ်ချက်တစ်ခုဖြစ်ကြောင်း  FTI (Federation of Thai Industries)  ဥက္ကဋ္ဌ Mr. Supant Mongkolsuthree ကပြော ကြားခဲ့သည်။ထိုင်းနိုင်ငံရှိအကြီးစားလုပ်ငန်း များ၏ ရွှေ့ပြောင်း အလုပ်သမားခန့်ထားမှုစုစုပေါင်းသည် သုံး- လေးသန်းခန့် သာရှိသည့်အပြင် အလိုအလျောက်ကုန်     ထုတ်လုပ် မှုနှင့် စက်ရုပ်နည်းပညာအသုံး ပြုသူများအတွက် နောက်ထပ် ရင်းနှီးမြှုပ်နှံ နိုင်ကြသဖြင့် ရွှေ့ပြောင်းအလုပ်သမား ကန့်သတ်ချက်သည် အကြီးစားလုပ်ငန်း ကဏ္ဍအပေါ် တွင်အနည်းငယ် သာထိ ခိုက်မည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ် သမား ၂၀ ရာခိုင်နှုန်း ကန့်သတ်ချက်ကို ပြန်လည်စဉ်းစားရန်နှင့် ရွှေ့ပြောင်း အလုပ်သမား ၂၀ ရာခိုင်နှုန်းခန့်ထား ခွင့်ပြု သော ယေဘုယျကန့်သတ်ချက် အား လုပ်ငန်း အမျိုးအစား သို့မဟုတ် အလုပ်အကိုင်အမျိုးအစားဖြင့် အစား ထိုးပြင်ဆင် ပေးရန်အတွက် FTI  က တင် ပြထားကြောင်း Mr. Supant ကဆက် လက်ပြောကြားခဲ့သည်။

ထိုင်းအစိုးရ၏ပြောင်းရွှေ့အလုပ်သမားကန့်သတ်ချက်သည် အသက်ဝင် လာပါက ဟိုတယ်လုပ်ငန်းကိုလည်းထိ  ခိုက်မည်ဖြစ်ရာ အထူးသဖြင့်နိုင်ငံခြား သားအလုပ်သမားများစွာကို ခန့်ထားနေ ရသည့်နယ်စပ်ဒေသရှိ ဟိုတယ်များအပါ အဝင် အသေးစားနှင့်အမှီအခိုမကင်း သည့်ဟိုတယ်များကို အထိနာစေပြီး ထိုင်းအလုပ်သမားအများစုကို ခန့်အပ် ထားသည့်ကြယ်ငါးပွင့်အဆင့် ဟိုတယ် ကြီးများအပေါ် မထိခိုက်နိုင်ကြောင်း၊     ရွှေ့ပြောင်းအလုပ်သမားအများစုအပေါ် မှီခိုနေရသည့်စားသောက်ဆိုင်များနှင့်  စားသောက်ကုန်ရောင်းချသည့်စတိုးဆိုင် များကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များအနေဖြင့် နိုင်ငံ ခြားသား အလုပ်သမားကန့်သတ်ချက် နှင့်အညီ နိုင်ငံခြားအလုပ်သမားအရေ အတွက် ကိုလျှော့ချရမည်ဆိုပါက ဆိုင် ၏ဝန်ဆောင်မှုအဆင့်အတန်းသည် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ THA (Thai Hotels Association) သည် ရွှေ့ ပြောင်းအလုပ်သမားခန့်ထားရေးကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေးရန် ထိုင်းအစိုးရသို့မကြာမီတင်ပြသွား မည်ဖြစ်ကြောင်း THAဥက္ကဋ္ဌ Mr. Supawan Tanomkieatipume က ပြော ကြားခဲ့သည်။

 

 

ကျော်သူရ၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့