Main menu

Background

နိုင်ငံခြားကုမ္ပဏီများကို ပြည်တွင်းကုမ္ပဏီများနည်းတူ တန်းတူအခွင့်အရေးပေးသွားမည်ဟု သမ္မတမွန်ဂျေအင်းပြောကြား

Thu, 05/09/2019 - 12:57 -- journal_editor

           တောင်ကိုရီးယားနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်ဆောင် ရွက်လျက်ရှိသော နိုင်ငံခြားကုမ္ပဏီများကို ပြည်တွင်းကုမ္ပဏီ များနှင့် တန်းတူအခွင့်အရေးပေး  ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားကုမ္ပဏီများပင်  ဖြစ်ေ သာ်လည်း တောင်ကိုရီးယားနိုင်ငံ အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပြီဆိုပါက  နိုင်ငံစီးပွားရေးတိုး တက်မှုအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ရာ ၎င်းတို့၏  အောင်မြင်မှုသည်လည်း တောင်ကိုရီးယားနိုင်ငံ၏ တိုး တက်မှုပင်ဖြစ်ကြောင်း မတ် ၂၈ ရက်တွင် အိမ်ပြာတော်၌ကျင်းပ ပြုလုပ်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကုမ္ပဏီများနှင့် တွေ့ဆုံပွဲ၌ တောင်ကိုရီးယား သမ္မတမွန်ဂျေအင်းက ပြောကြားခဲ့သည်။

        အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပေါင်း ၅၉ ခု၊ အမေရိကန်နှင့် ဥရောပကုန်သည်များအသင်းကဲ့သို့ သော  ပြည်ပစီးပွားရေးအဖွဲ့အစည်း ၉ ခု၊ သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူများ တက်ရော က်ခဲ့ကြကာ ယခုကဲ့သို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများနှင့် သမ္မတတို့တွေ့ဆုံပွဲသည် သမ္မတမွန်ဂျေအင်း စတင်တာဝန်ယူခဲ့သည့် ၂၀၁၇ ခုနှစ်မှ ယခုကာလအတွင်း ပထမ ဆုံးအကြိမ်တွေ့ဆုံသည့်  အစည်းအဝေးဖြစ်ကြောင်း လည်း သိရှိရသည်။ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် တောင်ကိုရီးယားနိုင်ငံ စုစု ပေါင်း ပို့ကုန်၏ ၁၉ ရာခိုင်နှုန်းနှင့် အလုပ်အကိုင်ဖန်တီးမှု စုစု ပေါင်း၏ ၇ ရာခိုင်နှုန်းကို ဖန်တီးပေးလျက်ရှိကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းပေါင်း ၁၈၀၀၀ ကျော်မှ တောင်ကိုရီးယား နိုင်ငံအတွင်း အလုပ်အကိုင်ပေါင်း ၇၄၀၀၀၀ ကျော်ကို ဖန်တီးပေး လျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ အရေးပါပုံကိုလည်း သမ္မတက အသိအမှတ်ပြုပြောကြားခဲ့ကြောင်း သိရှိရသည်။
          တောင်ကိုရီးယားနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၉ ဘီလီယံထိ ရောက်ရှိခဲ့ကာ ၂၀၁၇ ခုနှစ်ကထက် ၁၇ ဒသမ ၂ ရာခိုင်နှုန်းပိုမို တိုးတက်ခဲ့ပြီး အမြင့်ဆုံးစံချိန် တင် ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့်နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအခြေခံ သည် ခိုင်မာမှုရှိကာ ကမ္ဘာ့ဆဋ္ဌမမြောက် ပို့ကုန်တင်ပို့နိုင်သည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ကုန်သွယ်မှုပိုငွေပြမှု ၁၀ နှစ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံခြားအရန်ငွေထားရှိနိုင်မှုသည် လည်း အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ အနေဖြင့် ကုန်သွယ်ရေးသဘော တူညီချက်များကိုလည်း နိုင်ငံပေါင်း ၅၂ နိုင်ငံဖြင့် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် နျူ ကလီးယား လုံးဝဖျက်သိမ်းခြင်းကို ဆောင်ရွက်နိုင်မည်ဆိုပါက ကိုရီးယားနှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများစွာ ရှိလာမည်ဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် ပိုမိုဆွဲဆောင်နိုင်သည့် နိုင်ငံတစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း၊ တောင်ကိုရီး ယားနိုင်ငံ၏  နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်သည့်  အဓိကမဟာဗျူဟာ မှာ ၎င်းတို့၏အောင်မြင်မှုအတွက် အပြည့်အဝကူညီထောက်ပံ့ပေးခြင်းပင်ဖြစ် ကြောင်း၊ နိုင်ငံခြားကုမ္ပဏီများ တိုးတက်မှုနှင့်အတူ တောင် ကိုရီးယားစီးပွားရေးသည်လည်း အတူတကွတိုးတက်လျက်ရှိ ကြောင်း၊ နိုင်ငံခြားကုမ္ပဏီများအတွက်  စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေး ဖန်တီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတ မွန်ဂျေအင်းက အဆိုပါေ တွ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရ သည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့။