Main menu

Background

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြားက Huawei နှင့်Google

Thu, 05/30/2019 - 12:52 -- journal_editor

        တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာသည့် ကာလတွင်  အမေရိကန်၌ ရောင်းချနေသည့် Huawei ဖုန်းများကို ကန့်သတ်ရန် Huawei ကုမ္ပဏီအား နာမည်ပျက်စာရင်းသို့ မေ ၁၆ ရက်က ထည့်သွင်းလိုက်သည်။ အမေရိကန်အစိုးရက တရုတ်နည်းပညာ ကုမ္ပဏီဖြစ်သည့် Huawei အား နာမည်ပျက်စာရင်း ထည့်သွင်းရန်  ကမ္ဘာအနှံ့အပြား စည်းရုံးရေးဆင်း နေသည့်ကာလတွင် Alphabet Inc ၏ Google က လိုင်စင်ဖွင့်ပေးထားသည့် အများပြည်သူအသုံးပြု နိုင်သော အမာထည်များ (hardware)၊ ဆော့ဖ် ဝဲလ်များ (software)နှင့် နည်းပညာဆိုင်ရာ ဝန် ဆောင်မှုများမှအပ ကျန်အမာထည်များ၊ ဆော့ဖ် ဝဲလ်များနှင့် နည်းပညာ ဆိုင်ရာ ဝန်ဆောင်မှုများ လွှဲပြောင်းရန် လိုအပ်နေသည့် Huawei နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းကို ဆိုင်းငံ့ထားကြောင်း မေ ၁၇ ရက်တွင် ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြော ကြားခဲ့သည်။
         သို့ရာတွင် Google apps နှင့် လက်ရှိ Huawei စမတ်ဖုန်းများ ကိုင်ဆောင်ထားသူများမှာ Google မှ ပံ့ပိုးသော app များကို ဆက်လက်အသုံး ပြုနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ ပြုပြင်မွမ်းမံမှုများ (updates) ကို အင်တာ နက်က ရယူသွားနိုင်မည်ဖြစ်ကြောင်း Google ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။ ထိုသို့ဆိုင်းငံ့လိုက်မှုကြောင့် တရုတ်၏ နည်းပညာကုမ္ပဏီကြီးသည် Google ၏ Android operating system သို့ဝင်ရောက် ကာ အချိန်နှင့် တစ်ပြေးညီ ပြုပြင်မွမ်းမံမှုများ (updates)ပြုလုပ်ရန် ဝင်ရောက်နိုင်မှု ချက်ချင်းပျောက်ဆုံးသွား လိမ့်မည်ဖြစ်သောကြောင့်  တရုတ်နိုင်ငံပြင်ပရှိ Huawei ၏ စမတ်ဖုန်းလုပ်ငန်းများအား လုပ်ရ ကိုင်ရ ခက်ခဲသွားေ စနိုင်သည်။ Android အပေါ် အခြေပြု၍ နောက်ထပ်ထုတ်လုပ်မည့် Huawei စမတ်ဖုန်း၏ ပုံစံအသစ်များမှာလည်း Google Play Store နှင့် Gmail အပြင် YouTube apps များ အပါအဝင် လူကြိုက်များသည့် ဝန်ဆောင်မှုများ သို့ ဝင်ရောက်ကြည့်ရှုနိုင်မှု မရှိနိုင်တော့ပါ။
           Huawei ဖုန်းများသည် Android ၏ အများ ပြည်သူအသုံးပြုနိုင်သည်များကိုသာ ရရှိနိုင် တော့မည်ဖြစ်ပြီး Google က မူပိုင်ခွင့်ပြုထားသည့် apps များနှင့် ဝန်ဆောင်မှုများသို့  ဝင်ရောက် အသုံးပြုနိုင်တော့မည် မဟုတ် ပါ။ ထရမ့်အစိုးရသည် မေ ၁၆ ရက်တွင် Huawei နည်းပညာကုမ္ပဏီအား ကုန်သွယ်ရေးနာမည် ပျက်စာရင်းတွင် ထည့်သွင်းခဲ့ပြီး အမေရိကန် မိတ်ဖက်များနှင့် လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီ အတွက် အလွန်အမင်း  အခက်တွေ့ သွားနိုင်ရန် ကန့်သတ်မှုကို ချက်ချင်းပြဋ္ဌာန်းလိုက်ခြင်းဖြစ် သည်။ Huawei သည် တစ်ကမ္ဘာလုံးသို့ ရောင်း ချထောက်ပံ့သည့်ကွင်းဆက်  ရှိနေသောကြောင့် အမေရိကန်အစိုးရ၏ နာမည်ပျက်စာရင်းကြောင့် မည်ရွေ့မည်မျှ  နစ်နာသွားစေသည်ဟူသည်ကို သိရှိခြင်းမရှိသေးပါ။ အမေရိကန်၏ အကူအညီ မရှိဘဲ ဆက်လက်လည်ပတ်ရန် Huawei ၏ စွမ်း ရည် ရှိ၊မရှိကို ကျွမ်းကျင်သူများက မေးခွန်းထုတ် ထားကြသည်။ ဆိုင်းငံ့မှုကြောင့် သက်ရောက် မည့် အထူးပုဝန်ဆောင်မှုများ၏ အသေးစိတ်ကို Google ၌ ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ Huawei ၏ ရှေ့နေ များကလည်း နာမည်ပျက်စာရင်း၏ အကျိုးသက် ရောက်မှုများကို လေ့လာနေဆဲဖြစ်ကာ နှစ်ဖက် လုံးမှ  မှတ်ချက် တစ်စုံတစ်ရာ ချက်ချင်းပြုနိုင်ဦး မည်မဟုတ်ကြောင်း သိရသည်။
         Huawei ဘက်ကလည်း အကယ်၍ Android အသုံးပြုမှုမှ ပိတ်ပင်ခြင်းခံခဲ့ရပါက ၎င်း၏ကိုယ် ပိုင်နည်းပညာ အစီအမံတစ်ရပ်ကို ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ပြင်ဆင်ထားကြောင်း ပြောကြားထားမှုများလည်း ရှိနေ ပြီး ဤနည်းပညာ၏ အချို့ကို  တရုတ်နိုင်ငံတွင် ရောင်းချသည့် ကုန်ပစ္စည်းများတွင် အသုံးပြုထားပြီးဖြစ်သည်။ တရုတ်၏ ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် Huawei တည်ထောင်သူနှင့်  အမှုဆောင် အရာရှိချုပ်ဖြစ်သူ  Ren- Zhengfei ၏ ဂျပန်သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားချက်အရ အမေရိကန်အစိတ်အပိုင်းများပေါ် မှီခိုနေရ မှုကိုလျှော့ချသွားပြီး ဝါရှင်တန်၏ ဖိအားပေးမှုကို ရင်ဆိုင်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ Huawei အနေဖြင့် ပြင်ပဖောက်သည်များ ပေါ် မှီခိုနေရမှုကိုလျှော့ချရန်  ၎င်း၏ကိုယ်ပိုင် အစိတ်အပိုင်းများကို ဆက်လက်ဖွံ့ဖြိုးသွား မည်ဖြစ်ပြီး 5G နည်းပညာတွင် ဦးဆောင်နေမှုကို လျင်မြန်စွာတိုးချဲ့သွားမည်ဟု အမှုဆောင်အရာရှိချုပ် က ထည့်သွင်းပြောကြားခဲ့သည်။ Huawei သည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံဖိုးရှိ အစိတ်အပိုင်းများကို ဝယ်ယူပြီး ၎င်းအနက် အမေ ရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့်တန်ဖိုးရှိ အစိတ်အပိုင်းများကို အမေရိကန်ပြည်ေ ထာင်စုမှ ဝယ်ယူခြင်းဖြစ်သည်။
         အမှုဆောင်အရာရှိချုပ်ဖြစ်သူ အသက် ၇၄ နှစ်ရှိ MrRen သည် ၎င်း၏ ကုမ္ပဏီအပေါ် ဖိအားပေးမှုများတိုးမြင့်လာသဖြင့် မကြာသေးမီလများ အတွင်းကမှ အများပြည်သူရှေ့မှောက်သို့ ပေါ်ထွက်လာခြင်းဖြစ်သည်။ MrRen ၏ စစ်တပ် နောက်ခံနှင့် Huawei ၏ မရှင်းလင်းမှုတို့ကြောင့် အချို့နိုင်ငံများတွင် ၎င်းကုမ္ပဏီမှာ တရုတ်စစ်တပ် နှင့် ထောက်လှမ်းရေးဝန်ဆောင်မှုတို့နှင့် ဆက်နွှယ်မှုရှိကြောင်း သံသယများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ တရုတ်ေ ဈးကွက်တွင်မူ Tencent နှင့် Baidu ကဲ့သို့သော ပြည်တွင်းလုပ်ငန်းပြိုင်များမှ ဖြန့်ချိ သော အခြားနည်းလမ်းဖြင့်  အသုံးပြုနိုင်သည့် mobile apps များရှိပြီး Google mobile apps အများစုကို ပိတ်ပင်ထားသောကြောင့် အကျိုး သက်ရောက်မှု အနည်းငယ်သာရှိရန် မျှော်လင့်ထားသည်။ Huawei ၏ ဒုတိယအကြီးဆုံး ဈေး ကွက်ဖြစ်သည့် ဥရောပတွင်မူ Google ဝန်ဆောင် မှုကို Huawei က လိုင်စင်ယူရသဖြင့် ထိခိုက် နိုင်သည်။ ဥရောပကဲ့သို့ဒေသများ တွင် ဈေးကွက် ဆက်လက်ပြိုင်ဆိုင်နိုင်စေရန် ၎င်း apps များကို ရယူထားရေးမှာ အခရာဖြစ်ကြောင်း CCS Insight ၏ ဒုတိယသုတေသန ဥက္ကဋ္ဌက ပြောကြားသည်။ Huawei အပေါ် အမေရိကန်၏ ပြင်းထန်စွာကန့်ကွက်မှုများြ ပုလုပ်ရန် ပစ်မှတ်ထားမှုသည် လာမည့် 5G မိုဘိုင်းကွန်ရက်များ တည်ဆောက်ရာ တွင် တရုတ်နိုင်ငံအား နေရာမပေးရန် မဟာမိတ် များကို ဆွဲဆောင်မှုပြုရန် အမေရိကန်က ကြိုးပမ်း နေခြင်းလည်းဖြစ်သည်။ အမေရိကန်အစိုးရ အေဂျင်စီများကိုလည်း  Huawei ထံမှ အသုံး အဆောင်များ၊  ကိရိယာများ ဝယ်ယူမှုမပြုရန် တားမြစ်ထားပြီးဖြစ်သည်။ Google ၏ စာရင်းအရ ကမ္ဘာတစ်ဝန်းတွင် လက်ရှိ Android စက်များကို အသုံးပြုနေသူပေါင်း ၂ ဒသမ ၅ ဘီလီယံခန့်ရှိကြောင်းသိရသည်။

 

ရင်းမြစ်။ Reuters / de/ jt နှင့် channelnewsasia.com

ဒေါက်တာရွှေစင်ကို
စီးပွားရေးသံမှူး (နန်နင်းမြို့)