Main menu

Background

ကွမ်ရှီး - မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေး အခွင့်အလမ်းများ

Mon, 06/10/2019 - 12:27 -- journal_editor

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်နင်းမြို့ရှိ စီးပွားရေးသံမှူး ဒေါက်တာရွှေစင်ကိုသည် မေ ၂၃ ရက်တွင် ကွမ်ရှီး-အာဆီယံစီးပွားရေးနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးရေးဇုန် (Guangxi- ASEAN Economic and Technological Development Zone)၌ ကျင်းပသည့် ကွမ်ရှီး စားသောက်ကုန်ပြုပြင် ထုတ်လုပ်ရေးလုပ်ငန်းများသမဂ္ဂ၏ ပထမအကြိမ် အလုပ်ရုံဆွေး နွေးပွဲသို့ တက်ရောက်ခဲ့ရာ ကွမ်ရှီးကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်း များကို တွေ့ရှိခဲ့သည်။

ကွမ်ရှီး-အာဆီယံ စီးပွားရေးနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးရေးဇုန်
         ကွမ်ရှီး-အာဆီယံ စီးပွားရေးနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးရေး ဇုန်သည် ကွမ်ရှီး Beibu ပင်လယ်ကွေ့စီးပွားရေးဇုန်တွင် ပါဝင်သော အဓိကစက်မှုဇုန် ၁၄ ခုရှိသည့်အနက် ဖွံ့ဖြိုးမှုအလျင်မြန်ဆုံးဇုန် ဖြစ်သည်။ ဇုန်အတွင်း၌ စက်မှုဇုန်၊ ပညာရေးဆိုင်ရာနေရာ၊ယဉ်ကျေး မှု၊ ခရီးသွားနှင့် အပန်းဖြေနေရာတို့အပြင် ခေတ်မီစိုက်ပျိုးရေးသရုပ် ဖော်နေရာလည်းတည်ရှိပြီး အစားအသောက်ပြုပြင် ထုတ်လုပ်ရေး၊ ဇီဝဆေးဝါးနှင့် စက်ပစ္စည်းထုတ်လုပ်ရေး ဟူသော လုပ်ငန်းသုံးရပ် အပေါ် အလေးထားလျက် အကောင်အထည်ဖော်နေသည်။ ၎င်းဖွံ့ဖြိုးရေးဇုန်သည် မြို့ပြတည်ဆောက်ရေးနှင့် စက်မှုလုပ်ငန်းများ အကြား ပေါင်းကူးဆက်နွှယ်၍ မြို့ပြမှတစ်ဆင့် စက်မှုလုပ်ငန်းများ တိုးချဲ့ရန်၊ စက်မှုလုပ်ငန်းမှတစ်ဆင့် မြို့တော်ကို အဆင့်မြှင့်တင်ရန် တည်ဆောက်ထားခြင်းလည်း ဖြစ်သည်။
        ၎င်းဇုန်အတွင်း၌ လည်ပတ်လျက်ရှိသည့် စားသောက်ကုန် ပြုပြင်ထုတ်လုပ်သော လုပ်ငန်းများအနက် ဘီယာ၊ အချိုရည် (သစ် သီးဖျော်ရည်)၊ ပဲနို့၊ ဝက်အူချောင်းစသည့် ကုန်ပစ္စည်းများမှာ တရုတ်နိုင်ငံအတွင်း၌သာမက ပြည်ပနိုင်ငံများတွင်လည်း လူသိများ ကာ အောင်မြင်မှုများ ရလျက်ရှိနေသည်။ ၎င်းင်းလုပ်ငန်းများအနေ ဖြင့် တရုတ်တစ်နိုင်ငံလုံးနှင့် ပို့ကုန်၏ ဝယ်လိုအားကို ပြည့်မီစေရန် ထုတ် လုပ်ဖြန့်ချိရာတွင် ကုန်ကြမ်းလိုအပ်ချက်များ ရှိနေသည်။ အချို့လုပ်ငန်းများမှာ ကုန်ကြမ်းကိုတစ်နှစ်လျှင်တစ်ကြိမ် အများ အပြား ဝယ်ယူပြီး၊ ဆိပ်ကမ်း၌ အသင့်ရောက်ရှိနေသည့် ကုန်ကြမ်းများကို သွားရောက်ဝယ်ယူခြင်းမျိုးဖြစ်သည်။ ကွမ်ရှီး-အာဆီယံဇုန်ရှိ အစားအစာ ပြုပြင်ထုတ်လုပ်သော လုပ်ငန်းများအနက် အလားအလာကောင်းသောလုပ်ငန်းများမှာ ပီလောပီနံမှ ငါးစာထုတ်သည့်လုပ်ငန်း၊ သစ်သီးများကို ရေဓာတ် ထုတ်ယူ၍ ယိုပြုလုပ်သည့်လုပ်ငန်း (ဥပမာ သရက်သီးယို)၊ စည်သွပ်သည့် လုပ်ငန်း၊ အခြောက်ခံ၍ ထုပ်ပိုးရောင်းချသည့်လုပ်ငန်း (ဥပမာ ပိန္နဲသီးခြောက်၊ ဒူးရင်းသီး ခြောက်)၊ သစ်သီးဖျော်ရည်လုပ်ငန်း (ဥပမာ သရက်သီးဖျော်ရည်) စသည်တို့ဖြစ်ကြသည်။ များသောအား ဖြင့် သရက်သီး၊ ဒူးရင်းသီးနှင့် ပိန္နဲသီးများကို ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းပြီး ကုန်ကြမ်းဈေးနှုန်းမြင့်သည်ကို တွေ့ရသည်။

ကွမ်ရှီး စားသောက်ကုန်ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများသမဂ္ဂ
       ကွမ်ရှီးစားသောက်ကုန်  ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ သမဂ္ဂကို ၂၀၁၉ ခုနှစ် မတ်လတွင်စတင်ဖွဲ့စည်းခဲ့ပြီး ကွမ်ရှီး-အာဆီယံ ဖွံ့ဖြိုးရေးဇုန်အတွင်းရှိ စားသောက်ကုန် ပြုပြင်ထုတ်လုပ်သော ကုမ္ပဏီပေါင်း ၆၆ ခုပါဝင်ပါ သည်။ စတင်ဖွဲ့စည်းသည်မှာ လပိုင်းမျှ သာရှိသေးသော်လည်း တိုးတက်အောင်မြင်လာမှုများကို သိသာ ထင်ရှားစွာ တွေ့မြင်ရပြီးကြောင်း လုပ်ငန်းရှင်များက မှတ်ချက်ပြု ကြသည်။ ယခင်က ဝူမင်းစီရင်စုဆိုလျှင် လူအများ မသိ ခဲ့ကြသော် လည်း ယခုအခါနန်နင်းပြီးလျှင် ဒုတိယမြို့ပြဖြစ်လာနေပြီဖြစ်ပါ သည်။

သတိပြုရမည့် တရုတ်နိုင်ငံ၏ပြောင်းလဲရွေ့လျားလာသည့် ဝယ်လိုအား
       တရုတ်နိုင်ငံတွင် စားသုံးသူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝရင်း မြစ်များပြုန်းတီးထိခိုက်မည့် ကိစ္စများအပေါ် စိုးရိမ်ပူပန်မှုများ၊ စားသောက်ကုန်စိတ်ချလုံခြုံရမှု ကိစ္စရပ်များအပေါ်များစွာ စိုးရိမ်ပူပန် မှုများဖြစ်လာနေသည်။ ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန် များကို ရွေးချယ်ဝယ်ယူရာတွင်လည်းပါဝင်သော အာဟာရတန်ဖိုး များကိုဖတ်ရှု၍ကျန်းမာရေးနှင့်ညီညွတ်သော အစား အစာများကို ရွေးချယ်လာကြပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ခုနှစ်အကြား  လူ တစ်ဦးချင်း၏ စားသုံးမှုပုံစံမှာ  သစ်သီးဝလံ၊ အသားနှင့် နို့ထွက် ပစ္စည်းများကို ပိုမိုစားသုံးလာကြသည်ကို တွေ့ရသည်။ လူနေမှုအဆင့်အတန်း မြင့် လာပြီး မြို့ပြနေလူဦးရေတိုးတက် လာသည်နှင့်တစ်ပြိုင်နက်တည်းမှာပင် ကိုယ်ပိုင်အချိန် နည်းပါးလာ ကြသည့်အတွက် အလွယ်တကူဝယ်ယူစားသောက်နိုင်သည့် စတိုး ဆိုင်များမှ သွားရည်စာမုန့်များ၊ အသင့်စားအစားအစာ များကို ဝယ်ယူစားသောက်မှုမှာ တရုတ်ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်များ ဖြစ်လာပါသည်။ ထို့ကြောင့်  ပြောင်းလဲလာသော စားသောက်ကုန်ပုံစံအရ လွယ်ကူအဆင်ပြေသော အစားအစာများကို တိုးတက်ထုတ်လုပ်ရောင်းချ ပါက အလားအလာများစွာရှိနေသည်။
         မြို့ပြနှင့် ကျေးလက်နေ လူတန်းစား နှစ်ရပ်ရှိ သည့်အနက် မြို့ပြနေလူတန်းစားမှာ  'များများစား ကောင်းကောင်းစား'ဟူသည့် စားသောက်မှုပုံစံမှ]ကျန်းမာပျော်ရွှင်မှု အတွက် စားကြစို့ဟူသည့် စားသောက်မှုပုံစံသို့ ပြောင်းလဲလာပြီး ကျေးလက်နေ လူတန်းစား၏စားသုံးမှုပုံစံမှာ 'ဈေးနှုန်းပထမ'ဟူ သည့် စားသောက်မှုပုံစံမှ 'အရည်အသွေးနှင့် ဈေးနှုန်းမျှတမှ'ဟူ သည့်စားသောက်မှုပုံစံသို့ ပြောင်းလဲလာနေသည်။ ထို့ကြောင့် စားသောက်ကု န်ပြုပြင်ထုတ်လုပ်ရေး လုပ်ငန်း များအနေဖြင့် ရာနှုန်းပြည့် စက်ကိရိယာများဖြင့် လည်ပတ်ထုတ် လုပ်ရန်၊ ခေတ်မီထုတ်လုပ်မှုနည်းပညာနှင့် စက်ပစ္စည်းများကိုအဆင့် မြှင့်တင်အသုံးပြုကြရန် လိုအပ်နေသည်။

မြန်မာနိုင်ငံအတွက် အခွင့်အလမ်း
       တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် များစွာကွာဝေးခြင်းမရှိလှပေ။ ကုန်းလမ်းအပြင် တစ်ပတ်လျှင် နှစ်ကြိမ် လေကြောင်းတိုက်ရိုက် ပျံသန်းမှုများလည်းရှိနေပြီဖြစ် သည်။ ယခု ကွမ်ရှီး-အာဆီယံ ဖွံ့ဖြိုးရေးဇုန်ရှိ စားသောက်ကုန်ပြု  ပြင်ထုတ်လုပ်သည့် စက်ရုံများနှင့် ကုမ္ပဏီများမှ ကုန်ကြမ်းလိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးရန် ကနဦးကြိုးပမ်းသွားနိုင်သည်။ ထိုသို့ ချိတ်ဆက်ဆောင် ရွက်ပေးနိုင် ရန်အတွက် ကုန်ကြမ်းများဝယ်ယူတော့မည်ဆိုပါက စီးပွားရေးသံမှူး (နန်နင်းမြို့)ထံ ကြိုတင်၍ အကြောင်းကြားပေးစေလိုပါကြောင်း တောင်းဆိုခဲ့သည်။ မြန်မာ့စိုက်ပျိုးရေးပို့ကုန်များ တရုတ်နိုင်ငံ၏ GACC  စာရင်း တွင် စာရင်းဝင်နိုင်ရေးအတွက် မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားရေးမှာ အဓိကကျလှပါသည်။ GACC စာရင်းဝင်သွားပါက မြန်မာ့သစ်သီးဝလံများကို ကွမ်ရှီး ဈေးကွက်အတွင်း၌ လက်လီလက်ကားရောင်းချသွားနိုင်ရန် ဒုတိယ အဆင့်အနေဖြင့် ဆက်လက်ချိတ်ဆက် ကြိုးစားသွားနိုင်ပါသည်။ ထို့နောက် နှစ်ဖက်စီးပွားရေးလုပ်ငန်းများအချင်းချင်း ကုန်ကြမ်း ပေးကုန်ချောယူ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြန်မာ နိုင်ငံဘက်တွင် တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းဆောင်ရွက်မည့် ရင်းနှီး မြှုပ်နှံမှုများ လာရောက်ပြုလုပ်ခြင်း၊ကွမ်ရှီး-အာဆီယံ ဖွံ့ဖြိုးရေးဇုန် နှင့် မြန်မာနိုင်ငံဘက်မှ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ အကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှု နည်း ပညာနှင့် စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းအတွက် လိုအပ်သည့် သင်တန်းများကို ကွမ်ရှီး-အာဆီယံဇုန်၌လည်းကောင်း၊ မြန်မာနိုင်ငံဘက်ရှိဇုန်၌ လည်းကောင်း ပို့ချစေခြင်းတို့ကို ဆက်လက်ချိတ်ဆက် ပြုလုပ်ပေးသွားနိုင်ေ ကြာင်း ရေးသားဖော်ပြအပ်ပါသည်။

 

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး (နန်နင်းမြို့)