Main menu

Background

RCEP နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံ၏ မျှော်လင့်ချက်

Wed, 06/26/2019 - 13:22 -- journal_editor

       ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင် ရွက်မှုမဟာမိတ်အဖွဲ့ Regional Comprehensive Economic Partnership (RCEP) ၏ဆွေး နွေးညှိနှိုင်းမှုများသည် ယခုနှစ်  လွန်ခဲ့သော ခြောက်လအတွင်း အနည်းငယ်မျှသာတိုး တက်မှုရရှိခဲ့ပြီး အားရစရာ မကောင်းခဲ့သော်လည်း ထိုင်းနိုင်ငံအနေဖြင့် နိုဝင်ဘာလတွင် နိုင်ငံ ပေါင်း ၁၆  နိုင်ငံ  ပါဝင်လျက် သမိုင်းဝင်အပြီးသတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအပြင် အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်တို့ပါဝင် ကြောင်း၊ စေ့စပ်ဆွေးနွေးမှုများမှာခုနစ်နှစ်ခန့်ကြာပြီဖြစ်ကြောင်း၊ လေ့လာသူများနှင့် ကျွမ်း ကျင်သူများက ကမ္ဘာ့အကြီးမားဆုံးကုန်သွယ်မှု ဆိုင်ရာအခက်အခဲများကို ေ ဆွးနွေးညှိနှိုင်းမှုများ အဆုံးသတ်စေခြင်းဖြင့် အာဆီယံ၏အချက်အချာကျမှုကို ပြသရာရောက်စေမှာဖြစ်သည်ဟုယုံကြည်ကြောင်း၊ (၃၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး ကို ဇွန် ၂၀ ရက်မှ ၂၃ ရက်အ ထိကျင်းပမှာဖြစ် ကြောင်း သိရှိရသည်။ RCEP ဆိုင်ရာ  ဆွေးနွေးညှိနှိုင်းမှုများ ယခုနှစ်အကုန်တွင် ပြီးဆုံးရန်မှာ ထိုင်းနိုင်ငံအတွက် ယခုနှစ်အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်တစ်ခုဖြစ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စတွင် အာဆီယံကုန်သွယ်မှုဆိုင်ရာတစ်ခုတည်းသော ပြတင်းတစ်ပေါက်စနစ် (Asean Single Window Trade System) ပြီးဆုံးမှုနှင့် အာဆီယံနိုင်ငံများအနေဖြင့် Industry 4.0  သို့ ကူးပြောင်းရေးဆိုင်ရာ ကြေညာချက်များလည်း ပါဝင်သည်။
         ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှာ အမေ ရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ကြောင့် လှုပ်ယမ်းနေခဲ့ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအနေဖြင့်  ယခုနှစ်အကုန်တွင် RCEP စေ့စပ်ဆွေးနွေးမှုများ ပြီးဆုံးရန် တစ်သဘော တည်းဆန္ဒရှိကြောင်း၊ စူပါ ပါဝါ နှစ်နိုင်ငံအငြင်းပွားမှုကြောင့် ထိုင်းနိုင်ငံအနေဖြင့်  တရုတ်သို့ တင်ပို့သည့်ပို့ကုန်များ ယခုနှစ်တွင်တစ်စထက် တစ်စ လျော့နည်းခဲ့ရကြောင်း၊ ယခုနှစ် ပထမ လေးလပတ်အတွင်း  ထိုင်းပို့ကုန်တ င်ပို့မှုမှာ နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၈ ဒသမ ၁ ရာခိုင် နှုန်း ခန့်လျော့ကျခဲ့ကြောင်း၊  ပို့ကုန်တင်ပို့မှု လျော့ကျခြင်းက ဧပြီလတွင်ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၄၅ ဘီလီယံရှိ ကြောင်း၊ RCEP  စေ့စပ်ဆွေးနွေးမှု အဆုံးသတ် ပြီးဆုံးခြင်းဖြင့် ထိုင်းနိုင်ငံ၏ ပို့ကုန်များ ပိုမိုတိုး ချဲ့တင်ပို့နိုင်မှာဖြစ်ကြောင်း၊ အခြားနိုင်ငံများ နှင့်လည်း ပိုမိုလွတ်လပ်စွာ ကုန်သွယ်လာနိုင်မှာဖြစ်ကြောင်း၊ သို့ဖြစ်ရာ RCEP အဆုံးသတ် ရေးမှာ ထိုင်းနိုင်ငံ၏  အာဆီယံ ဥက္ကဋ္ဌတာဝန် ယူနေစဉ်ကာလအတွင်း အဓိကဦးစားပေးကိစ္စ ဖြစ်ကြောင်း၊ ၎င်းမှာ အရေးကြီးဆုံး စိန်ခေါ်မှု လည်းဖြစ်ကြောင်း၊ အောင်မြင်ပါက အကြီးမား ဆုံးအောင်မြင်မှုဖြစ်ကြောင်း၊ ထိုင်းစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ေ ရးဝန်ကြီးဌာနမှ သိရှိ ရသည်။
      RCEP ဆွေးနွေးမှုများ အောင်မြင်ပါက သမိုင်းတွင် အကြီးမားဆုံးနိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက် ဖြစ်လာမှာဖြစ်ကြောင်း၊ RCEP အဖွဲ့ဝင်များအားလုံး၏ GDP စုစုပေါင်း မှာ ကမ္ဘာလုံးဆိုင်ရာGDP ၏ ၂၈ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ RCEP နိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံရှိကြောင်း၊ ထိုင်းနိုင်ငံမှ RCEP  နိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှာ စုစုေ ပါင်း တင်ပို့မှု၏ ၅၈ ရာခိုင်နှုန်းရှိကြောင်း၊ မနှစ်က စင်ကာပူအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူနေစဉ်အတွင်း RCEP အခန်း (၂၀)အနက် ၇ ခန်းကို သဘောတူညီချက်ရခဲ့ကာ ပြီးစီးခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ကျန် အခန်း  ၁၃ ခန်းကို ပြီးစီးအောင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်ခြောက်လအတွင်း အခန်း(၁)ခန်းမှ  မပြီးစီးခဲ့ကြောင်း၊ သို့ရာတွင်တိုးတက်မှုများရှိကြောင်း၊  ကုန်စည်နှင့် ဝန် ဆောင် မှုကုန်သွယ်ရေး၊ ယှဉ်ပြိုင် မှုနှင့် ရင်းနှီး မြှုပ်နှံမှုတို့တွင် တိုးတက်မှုများရှိခဲ့ကြောင်း၊ အချို့နိုင်ငံများအနေဖြင့် ဆုံးဖြတ်ရန်ကျန်နေကြောင်း၊ RCEP  ဒေသတွင်းနိုင်ငံတချို့ရှိ ရွေး ကောက်ပွဲများကလည်း  စေ့စပ်ဆွေးနွေးမှုများ ကို နှောင့်နှေးစေ ခဲ့ကြောင်း၊ ထိုင်းနှင့်အင်ဒိုနီးရှားတွင် မတ်လနှင့်ဧပြီလများတွင်လည်းကောင်း၊ အိန္ဒိယတွင်အထွေထွေရွေးကောက်ပွဲအပြီး ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အထိကျင်းပခဲ့ကြောင်း၊ ရွေးကောက်ပွဲများကြောင့် RCEP နိုင်ငံများအနေဖြင့်  စေ့စပ်ေ ဆွးနွေးမှုများအတွက်  အသစ်ဖွဲ့စည်းပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်များကို စောင့်ဆိုင်းနေရ ကြောင်း၊ တချို့နိုင်ငံများအနေဖြင့်  တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် FTA ချုပ်ဆို လုပ်ကိုင်ကြ ခြင်းမရှိကြောင်းလည်း သိရှိရသည်။
ပို့ကုန်များအတွက် ပင်ရင်းနိုင်ငံဆိုင်ရာကိစ္စမှာ အချိန်ပိုမိုလိုအပ်မည်ဖြစ်ကြောင်း၊RCEP ဆွေးနွေးမှုများအတွက် ယခုနှစ် နိုဝင်ဘာလတွင် ပြီးဆုံးရန်ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ လက်မှတ်ရေးထိုးနိုင်မှုကို ၂၀၂၀ ပြည့်နှစ်တွင် ရေးထိုးနိုင်မည်ဟု မျှော်လင့် ကြောင်း၊ လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံများ အနေဖြင့် သက်ဆိုင်ရာပါလီမန်သို့ တင်ပြအတည်ပြုချက်ရယူရန် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် RCEP အသက်ဝင်လာနိုင်မည်ဖြစ် ကြောင်း၊ RCEP ပြီးဆုံးမှုက ထိုင်းနိုင်ငံအနေ ဖြင့် ပို့ကုန်များအတွက်သာမကဘဲ ထိုင်းနိုင်ငံ အနေဖြင့် အာဆီယံ၏ အချက်အချာကျမှုကို လည်း ဖော်ဆောင်ပြသရာရောက်ကြောင်း၊ နှစ် နိုင်ငံကုန်သွယ်မှုများ ခေတ်စားနေချိန် အာဆီယံ အနေဖြင့် ပို့ကုန်အပေါ် မှီခိုသောဒေသဖြစ်ပြီး နိုင်ငံစုံ လွတ်လပ်သောကုန်သွယ်မှုအပေါ် ရပ်တည်လျက်ရှိကြောင်း၊ ယခုနှစ်အကုန်တွင် RCEP ကိုဖော်ဆောင်နိုင်ခြင်းဖြင့် ထိုင်းနိုင်ငံ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာက  Supply Chain တွင်ပိုမိုနေရာရရှိလာမှာဖြစ်ကြောင်း၊ လာမည့် နှစ်များတွင် ကုန်သွယ်မှုဆိုင်ရာ မသေမချာ မရေမရာမှုများအပေါ်တွင်လည်း ပိုမိုကိုင်တွယ် ဖြေရှင်းလာနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

 

Source:The Nation
လွင်မျိုးဇော်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။