Main menu

Background

ဂျီအိုင်လက်မှတ်ရ ထုတ်ကုန်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချရန် ထိုင်းစီစဉ်

Tue, 09/03/2019 - 11:44 -- journal_editor

      ထိုင်းမူပိုင်ခွင့် ဦးစီးဌာနအနေ ဖြင့် လယ်သ မားများနှင့် ပြည်တွင်းထုတ် လုပ်သူများအား လမ်းကြောင်းအသစ်များ ချဲ့ထွင်နိုင်ရေး ကူညီပေးနိုင်ရန် အလို့ငှာအွန်လိုင်းမှနေ၍ ပထဝီဒေသဆိုင်ရာ အညွှန်း Geographical Indicator (GI) လက်မှတ်ရှိ ထုတ်ကုန်များအား ရောင်းချနိုင်ရန် 7-Eleven  လူသုံးကုန် ပစ္စည်းစတိုးဆိုင်များ၏ လုပ်ငန်းရှင် CP Plc  နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။ ဒီဇင်ဘာလကစ၍ ပထဝီဒေသ ဆိုင် ရာ အညွှန်း Geographical  Indicator (GI) လက်မှတ်ရ ထုတ်ကုန် ၁၀ မျိုးအား ပထမအဆင့်အနေဖြင့် www.shopat 24.com မှ စတင်ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။
    ယင်းကုန်ပစ္စည်း  ၁၀  မျိုးတွင် Thung Kula Rong Hai rice, Sangyod Muang Phatthalung rice, Chiya salted eggs, Pakpanang Tabtimsiam pomelo, Nakornchaisri pomelo နှင့် ChiangMai celadon pottery တို့ ပါဝင် ကြောင်း သိရှိရသည်။GI ဆိုသည်မှာ ကုန်ပစ္စည်းတစ်မျိုး၏ ပင်ရင်းထွက်ရှိရာ နိုင်ငံ၊ ဒေသ၊ မြို့ရွာ၊ နယ်မြေမှ မူလထွက်ရှိသည့် ကုန်ပစ္စည်းဖြစ်ကြောင်းနှင့် ၎င်းတွင် သီးခြားအရည်အသွေးများ၊ သီးခြားနာမည် ဂုဏ် သတင်း သို့မဟုတ် သိသာထင်ရှားသော အသွင်အပြင် လက္ခဏာများ ပါဝင်လျက်ရှိသည့် ကုန် ပစ္စည်းတစ်ခုအတွက် သီးခြား အသိ အမှတ်ပြုလက်မှတ်တစ်ခုပင်ဖြစ်သည်။
     ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် တွင် (GI) ကုန်ပစ္စည်းများ ဝယ်ယူလိုသူ များအနေဖြင့်  www.shopat24.com သို့ ဝင်ရောက်ကာ ၎င်းင်းတို့အလိုရှိရာကို ရွေးချယ်၍ 7-Eleven စတိုးဆိုင်များ တွင် ရယူနိုင်မည်ဖြစ်ကြောင်း၊ 7-Eleven စတိုးဆိုင်များမှာ တစ်နိုင်ငံလုံး၌ ရှိနေ ခြင်းကြောင့် ဝယ်ယူသူများအနေဖြင့် ပိုမို အဆင်ပြေစွာ ဝယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ပြည်နယ်ပေါင်း ၇၁ ခုမှ မှတ်ပုံတင်ထားသော (GI)လက်မှတ်ရ ထုတ်ကုန် အမျိုးအစား စုစု ပေါင်း ၁၁၁ မျိုးရှိကြောင်း၊ ပြည်နယ် ခြောက်ခု မှ ကျန်ရှိသော (GI) လက် မှတ်ရ ထုတ်ကုန်များအနေဖြင့် လတ် တလောဌာန၏ စဉ်းစားမှုတွင်  မပါဝင် သေးကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံအနြေ ဖင့် နိုင်ငံခြား တိုင်းပြည်များတွင် ထုတ်ကုန်ခြောက်မျိုးအား (GI) မှတ်ပုံတင်ထားကြောင်း၊ အီးယူနိုင်ငံများတွင် Thung Kula Rong Hai hom mali rice, Doi Chaang and Doi Tung coffee နှင့် Sangyod Muang Phattha-lung rice တို့ဖြစ်ကြောင်း၊ ဗီယက်နမ်တွင်  Isan indigenous Thai silk yarn  နှင့် အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ တွင် Lamphun brocate Thai silk  တို့ ဖြစ်ကြောင်း သိရှိရသည်။

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့