Main menu

Background

ဂျပန်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ပြင်ဆင်နေ

Tue, 09/03/2019 - 11:56 -- journal_editor

   ဂျပန်အစိုးရသည် ၂၀၃၀ ပြည့်နှစ် အရောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်တို့မှ စွမ်းအင် ၄၄ ရာခိုင်နှုန်း ထုတ်ယူရန် ရည်မှန်းထားသည့် ဆိုလာစွမ်းအင် အသုံးပြုမှုသည် ဂျပန်နိုင်ငံတွင် တိုး တက် များပြားလာသော်လည်း၂၀၁၆ ခုနှစ်၏ ပေါင်းစပ်စွမ်းအင်အချိုးကို လေ့လာကြည့်ပါက ရေအားလျှပ်စစ်ပါဝင်မှု ၈ ရာခိုင်နှုန်းရှိပြီး ဆိုလာနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပါဝင်မှုနှုန်းမှာ ၇ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရ သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှု တိုးတက်လာခြင်းသည် အနာဂတ် ဂျပန် နိုင်ငံ၏ စွမ်းအင်မူဝါဒတွင် မဏ္ဍိုင်တစ်ရပ် အဖြစ် ပါဝင်လာမည် ဖြစ်သည့် အသွင် ဆောင်နေသည်။ ဂျပန်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်း အင်ပုံစံအမျိုးမျိုးရှိသည်ကို တွေ့ရသည်။ ဂျပန်နိုင်ငံသည် ဘူမိအပူစွမ်းအင်နှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် တတိယမြောက် အလားအလာရှိဆုံး နိုင်ငံဖြစ်သော်လည်း စွမ်းအင်ထုတ်လုပ်သည့် နေရာအများစုမှာ စွမ်းအင်ထုတ်လွှ တ်ရေး ကွန်ရက်ခိုင်ခံ့မှုမရှိသည့် တောင်ကုန်း ထူထပ်သည့်နေရာများ ဖြစ်ကြပြီး အမျိုးသားပန်းခြံနေရာများတွင်လည်း သဘာဝကိုထိန်းသိမ်းရမည့် စည်းမျဉ်းများရှိနေခြင်းကြောင့် စွမ်းအင်ထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်း တွင် ကုန်ကျစရိတ်အတန်ပင် များပြားကာ အချိန်ယူဆောင်ရွက်မည် ဖြစ်သည်။ ဂျပန်နိုင်ငံသည် ဇီဝစွမ်းအင်အရန် သိုလှောင်မှုများ ပေါကြွယ်ဝသည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်သော်လည်း ပြည်တွင်းမှ စွမ်းအင်သိုလှောင်မှုတစ်ခု တည်းသည် များပြားလှသည့် ပါဝါထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်ရန် ကုန်ကြမ်း အလုံအလောက်ကို ပံ့ပိုးပေးနိုင် ခြင်းမရှိသည်ကို တွေ့ရသည်။ ဂျပန် နိုင်ငံရှိ အကောင်းဆုံးသော ရေအားလျှပ်စစ် ထုတ်လုပ်သည့် အဓိကေ နရာများသည် ဖော်ထုတ် ဆောင်ရွက်ပြီးဖြစ်သဖြင့် အသစ်အသစ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာ အနည်းငယ်သာ ကျန်ရှိနေသည်။
      ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ အပြည့်အဝအကျိုးခံစားရပြီး ပြည်သူ လူထုအတွက် ကုန်ကျစရိတ်များအားလုံးထိန်းချုပ်နိုင်ရေးသည် ဂျပန်နိုင်ငံ၏ စွမ်းအင်မူဝါဒတွင် အရေးကြီးဆုံးတစ်ခု ဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့်  ပြန် လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပတ်သက်၍ အခြားသောနိုင်ငံများတွင် တွေ့ကြုံရ ခြင်းမရှိသည့် အခြေအနေများဖြစ်ကြသည့် ရာသီဥတုအပြောင်းအလဲများပြီး ကျဉ်းမြောင်းသည့် တောင်ကုန်းဒေသများ၊ (မိုးရာသီနှင့် ပုံမှန်နှင်းကျ သည့် ရာသီဥတုများအပါအဝင်) စသည်တို့ ကို အသေအချာကျော်လွှားရမည်ဖြစ် သည်။ သို့သော် ဂျပန်နိုင်ငံ၏ ဆိုလာ စွမ်းအင် ဈေးနှုန်းမှာအကြမ်းအားဖြင့် လတ္တီကျူ့အားဖြင့် ဂျပန်ထက်ပိုမြင့်မားသည့် ဂျာမနီနိုင်ငံ၏ ဈေးနှုန်း များထက် နှစ်ဆပိုများသည်ကို တွေ့ရသဖြင့် ဂျပန် နိုင်ငံ၏ FIT စနစ်ကို မဆိုင်းမတွ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်သင့်သည်။ ထို FIT စနစ်ကိုပြောင်းလဲရန်နှင့် ဒေသခံမဟုတ်သူများကို ဆိုလာစွမ်း အင်အတွက် လေလံေ ဆာင်ရွက်ခြင်းစနစ်ကို စတင်ကျင့်သုံးရန် ဆွေးနွေးမှုများ ဆောင်ရွက်နေပြီဖြစ်သည်။ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် အဓိကစွမ်းအင် ပံ့ပိုးမှုအရင်း အမြစ် ဖြစ်လာစေရေးအတွက် ဈေးနှုန်း လျှော့ချရေးသည်လည်း အရေးပါသည့် အချက်တစ်ရပ်ဖြစ်နေသည်။
     ဂျပန်နိုင်ငံသည် အခြားနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက စွမ်းအင်ထုတ်လုပ် သည့် လိုင်းများသီးသန့်ဖြစ်နေသည့် ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ ထို့အပြင် ထိုလိုင်းများကိုနိုင်ငံ၏ အရှေ့ပိုင်းတွင် 50 Hz  နှင့်အနောက်ပိုင်းတွင်  60 Hz ဟု လှိုင်းနှုန်းနှစ်ခုဖြင့် ခွဲခြားထားသည်။  တူညီသည့်   လှိုင်းနှုန်းအတွင်းမှာပင် သေးငယ်သည့် လိုင်းများအဖြစ် ထပ်မံ ခွဲခြားထားပြီး ဟော့ကိုင်းဒိုးနှင့် တိုဟိုကူးဒေသအကြား၊ ချူဂိုကူး၊ ကျူးရှုးနှင့် ရှိကိုကူးတို့အကြား   အားနည်း သည့် အပြန်အလှန်  ချိတ်ဆက်မှုများဖြင့် ဆောင်ရွက်သည်။  အဆိုပါ လိုင်းနှုန်း အသေးများတွင် လိုအပ်ချက်နှင့် ပံ့ပိုး မှုအကြားဟန်ချက်ညီမျှမှုကို ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်သည် ဟုသုံးသပ် ကြသည်။ ဂျပန်နိုင်ငံ တွင် ပြန်လည် ပြည့် ဖြိုးမြဲစွမ်းအင်၏ အချိုးနှုန်းကို မြှင့်တင်ဆောင်ရွက်ခြင်းသည် အခြားသော နိုင်ငံများထက် ပိုမိုခက်ခဲစေသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် Pumped-storage hydropower (PSH) ကိုအသုံးပြုခြင်း၊  storage batterie များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်း နှင့် တည်ရှိပြီး ဓာတ်အားထုတ်လွှတ်သည့် လိုင်းများကို အကျိုးရှိရှိအသုံးချခြင်းတို့သည် အဓိကကျသည့် နည်းလမ်းများဖြစ်ကြသည်။ ဂျပန်နိုင်ငံ၏ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ဖန်တီးရေးခရီးလမ်းသည် ချောမွေ့လိမ့်မည် မဟုတ်သော်ငြားလည်း ၎င်းနှင့်စပ်လျဉ်း၍ စီးပွားရေးအခွင့်အလမ်းများကို ပေါ် ပေါက်စေသည်ကို တွေ့ရသည်။

 

ရင်းမြစ်။  The Japan Times owif;pmyg Sumiko Takeuchi
 နန္ဒာဝင်း၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ တိုကျိုမြို့