Main menu

Background

ထိုင်းအစိုးရအား လျှပ်စစ်မော်တော်ကား ဖွံ့ဖြိုးတိုးတက်ရေးတိုက်တွန်း

Fri, 09/20/2019 - 12:59 -- journal_editor

     ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကား အသင်း Electric vehicle Association of Thailand (EVAT) က အစိုးရအား ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားများ အလျှင်အမြန် တိုးတက်နေမှုနှင့်အတူ ထိုင်းနိုင်ငံ၌ ပြည်တွင်းဈေးကွက် ကို ဖော်ဆောင်နိုင်‌ရေးအတွက် လျှပ်စစ် မော်တော်ကား ဖွံ့ဖြိုးတိုးတက်‌ရေးလမ်းပြမြေပုံ ( road map) ရေးဆွဲရေးနှင့်ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိသည်။ EVAT အနေဖြင့် ထိုင်းနိုင်ငံ အား လျှပ်စစ် မော်တော်ကား လူနေမှုပုံစံပြောင်းလဲရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှင့်မှုကို လျှော့ချနိုင်ရေး ဆောင်ရွက်ရန် လုပ်ငန်း စဉ် ရှစ်ခုကို အဆိုပြုတင်ပြထားပါသည်။ EVAT ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Yossapong Laoonual က ထိုင်း နိုင်ငံအားအတွင်း ပေါက်လောင်သောအင်ဂျင်သုံးကား Internal Combustion Engine car မှ လျှပ်စစ်မော်တော် ကား Electric Vehicle (EV)car ဆီသို့ ကူးပြောင်းရေး နှင့် ထိုင်းနိုင်ငံအား ၂၀၃၆ ခုနှစ်တွင် လျှပ်စစ်မော် တော်ကား ၁ ဒသမ ၂ သန်းနှင့် လျှပ်စစ်ဓာတ် အားဖြည့်station ပေါင်း  ၆၉၀ ဖြင့် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကား ဗဟိုချက် ( EV hub ) ဖြစ်လာစေရေးအတွက် အစိုးရ အနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
     EVATအသင်းက အစိုးရအနေဖြင့် ပထမဆုံး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ လျှပ်စစ်ကားလမ်းပြ မြေပုံအား စတင်မိတ်ဆက်ရေးဆွဲရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား ပေါင်းစပ်ပေးရေးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၌ စီမံချက်နှင့် ရည်ရွယ်ချက်များရှိကြောင်း၊ သို့ရာတွင်ပြီးဆုံးရမည့် သတ်မှတ်အချိန်ကာလ မရှိ ကြောင်းနှင့် ဌာနများအနေဖြင့် လျှပ်စစ်မော်တော်ကား မူဝါဒနှင့် ပတ်သက်၍ သီးခြားစီဆောင်ရွက်နေကြ ကြောင်း၊ EVAT အနေဖြင့် မူဝါဒပိုင်းဆိုင်ရာ ပေါင်းစည်း ကော်မတီဖွဲ့စည်းရန် အဆိုပြုတင်ပြထားကြောင်း၊ အဆိုပါကော်မတီအား ဝန်ကြီးချုပ်မှ ဦးစီးဆောင်ရွက် ရန်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအားလုံးအနေဖြင့် တူညီသောရည်မှန်းချက်ဖြင့် အတူတကွေ ဆာင်ရွက် သွားရန်ဖြစ်ကြောင်း သိရှိရသည်။ ဒုတိယဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ အစိုးရအနေဖြင့် ခွင့်ပြုပေးထားသော လျှပ်စစ်တုတ်တုတ်များနှင့် တက္ကစီကားများအား ရှင်းလင်းလွယ်ကူသော စည်းမျဉ်း၊ စည်းကမ်းများြ ဖင့် ပြန်လည်မှတ်ပုံတင်ရန် အမျိုးမျိုးသောဥပဒေများအား ပြန်လည်ပြင်ဆင်ခြင်း ကို ဆောင်ရွက်သင့်ကြောင်း သိရှိရသည်။
    တတိယလုပ်ငန်းစဉ်အဖြစ် တစ်ဦးချင်းဝင် ငွေခွန်များကို လျှော့ချပေးခြင်းအား ဆောင်ရွက်ရန် နှင့် လျှပ်စစ်မော်တော်ကား အသုံးပြုသူများကို ဘဏ္ဍာ ရေးနှင့်မသက်ဆိုင်သော ဆွဲဆောင်မှုမက်လုံးများပေး ခြင်းတို့ဖြင့် လျှပ်စ စ်မော်တော်ကား သုံးစွဲမှု မြင့်တက်လာရေးအတွက် ရှုထောင့်မျိုးစုံမှ ဆောင်ရွက်သွားရန် ဖြစ်သည်။ လျှပ်စစ်မော်တော်ကားတန်ဖိုးကိုလည်း အများတတ်နိုင်သောတန်ဖိုးဖြစ်သည့် ဘတ်ငွေ  ၇၀၀၀၀၀ မှ ၈၀၀၀၀၀ သာ ဖြစ်သင့်ေ ကြာင်း၊ IC ကား များထက်တန်ဖိုးလျော့နည်းသင့်ကြောင်း EVAT က အဆိုပြုထားသည်။ အစိုးရဌာနများအနေဖြင့် လျှပ်စစ်ဘက်ထရီ မော် တော်ကားများကို ဝယ်ယူသင့်ကြောင်းနှင့် လျှပ်စစ် မော်တော်ကား အသုံးပြုမှုကို ကျယ် ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်သင့်ကြောင်း၊ မိမိတို့အနေဖြင့် အများ ပြည်သူကို အသိပညာပေးသွားမည်ဖြစ်ကြောင်းနှင့် ယာဉ်မောင်းများကိုလည်း လေထုညစ်ညမ်းမှုကို လျှော့ ချရန်နှင့်သဘာဝပတ်ဝန်းကျင်ကို  ကာကွယ်ထိန်း သိမ်းရန် ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှာ နှစ်စဉ်လေထုညစ်ညမ်းမှုကို ခံနေရ ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စတုတ္ထလုပ်ငန်းစဉ်မှာ မော်တော်ဆိုင်ကယ် ထုတ်လုပ်သူများအား ပြည်တွင်း၌ လျှပ်စစ် ကားများ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထူး အခွင့်အရေးများပေး၍ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အကြောင်းမှာ လက်ရှိလျှပ်စစ်မော်တော် ကားမူဝါဒမှာ ကားများ၊ ပစ်ကပ်များ၊ ထရပ်ကားများနှင့် ဘတ်(စ်) ကား များကိုသာ အဓိက ဦးတည်ချက်ထားရှိခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ ကုန်းလမ်းပို့ဆောင်‌ရေးဦးစီးဌာနမှ ပထမ ခြောက်လအတွင်း Plug-in Hybrid နှင့် Hybrid EVs မှတ်ပုံတင်အသစ်ပြုလုပ်သူမှာ ၁၅၃၆၆ စီးရှိ ကြော င်း၊ ၂၀၁၈ခုနှစ်တွင် အဆိုပါ အမျိုးအစား နှစ်ခုစလုံး အတွက် စုစုပေါင်းအစီးရေ ၂၀၃၄၄ ရှိကြောင်း တင်ပြ ခဲ့သည်။ ဘက်ထရီလျှပ်စစ်မော် တော်ကားများအတွက် မှာမူ ဇန်နဝါရီလမှ ဇွန်လ အထိ မှတ်ပုံတင်အသစ် ပြုလုပ်သည့် အစီးရေ ၄၂၀ သာရှိကြောင်း သိရှိရသည်။

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့