Main menu

Background

ဗြိတိန်နှင့် ဂျပန် ကုန်သွယ်မှုသဘောတူညီချက် ရရှိခဲ့ခြင်း

Fri, 09/25/2020 - 16:41 -- journal_editor

အီးယူမှ ဗြိတိန်ခွဲထွက်ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံ၏ ပထမဆုံးနှင့် အဓိကသဘောတူညီချက် အဖြစ် ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်ရရှိခဲ့ကြောင်း သိရ သည်။            ဗြိတိန်၏ ကုန်သွယ်ရေးအတွင်းဝန် Liz Truss နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu တို့အကြား ၁၁-၉-၂၀၂၀ ရက်နေ့က ဗီဒီယို call ဖြင့်တွေ့ဆုံမှုတွင် ဗြိတိန်-ဂျပန် စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ယခုသဘောတူညီချက်သည် ဗြိတိန်ခွဲထွက်မှုအလွန် ပထမဆုံး ကုန်သွယ်ရေးသဘော တူညီချက်ဖြစ်သဖြင့် ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အတွက် သမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်း Liz Truss ကပြောကြားခဲ့သည်။

            အီးယူ-ဂျပန် ကုန်သွယ်ရေးသဘောတူညီချက်အပေါ် အခြေခံ၍ ဗြိတိန်-ဂျပန် ကုန်သွယ် မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများကို ပြီးခဲ့သည့် ဇွန်လက စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုသဘောတူညီချက်ကြောင့် ဗြိတိန်၏ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုတွင် စတာလင်ပေါင် ၁၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ သဘောတူညီချက်အရ ဗြိတိန်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ဝက်သားနှင့် အမဲသားတင်ပို့မှုအတွက် အခွန်နှုန်းထားများကို လျှော့ချသွားမည်ဖြစ် သည်။ Stilton ဒိန်ခဲကဲ့သို့သော စားသောက်ကုန်ပစ္စည်းများကိုလည်း သက်သာသောအခွန်နှုန်းဖြင့် တင်ပို့နိုင်မည်ဖြစ်သည်။

            ဗြိတိန်-ဂျပန် ကုန်သွယ်ရေးသဘောတူညီချက်သည် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) တွင် ပူးပေါင်းပါဝင်နိုင်ရေး ဗြိတိန်နိုင်ငံ အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်သည် ဗြိတိန်၏ စီးပွား​ရေးလုပ်ငန်းများအား အာရှပစိဖိတ်ဒေသသို့ ဝင်ပေါက်တစ်ခုသဖွယ်ဖြစ်နိုင်ပြီး၊ ထုတ်လုပ်မှု ကွင်းဆက် အမျိုးမျိုးကွဲပြားနိုင်စေရေးနှင့် ကြံ့ကြံခံနိုင်စွမ်းရှိစေရေးတို့ကို အထောက်အကူပေးနိုင် မည်ဖြစ်ကြောင်း၊ ဗြိတိန်၏ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဂျပန်နိုင်ငံသို့ ပို့ကုန်များ၏ ၉၉ ရာခိုင် နှုန်းအပေါ် အခွန်သက်သာခွင့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း၊ ဗြိတိန်အစိုးရ၏ လေ့လာ သုံးသပ်ချက်များအရ ဗြိတိန်-ဂျပန် ကုန်သွယ်မှုသဘောတူညီချက်သည် ဗြိတိန်နိုင်ငံ၏ စီးပွားရေး ကိုမြှင့်တင်ရာတွင် စတာလင်ပေါင် ၁.၅ ဘီလီယံခန့် အကျိုးပြုနိုင်ပြီး၊ လုပ်သားများ၏ လုပ်ခလစာ အတွက် ကာလရှည်တွင် စတာလင်ပေါင် (၈၀၀) သန်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ် - (Politico နှင့် https://www.gov.uk )

ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့