Main menu

Background

ယခုနှစ်အတွင်း သဘာဝဓာတ်ငွေ့ပိုမိုအသုံးပြုရန် မျှော်လင့်ထားသည့် တရုတ်နိုင်ငံ

Fri, 09/25/2020 - 18:51 -- journal_editor

တရုတ်နိုင်ငံ၏ စွမ်းအင်ရင်းမြစ် ဖွံ့ဖြိုးရေးနှင့် တူးဖော်ရေးအားထုတ်ကြိုးပမ်း မှုများကြောင့် ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်သွင်းမှုမှာ  တိုးလာနိုင် ကာ၊ သဘာဝဓာတ်ငွေ့အသုံးပြုမှုမှာလည်း ကုဗပေ (၁၃)ဘီလီယံတိုးမြင့်လာလျက် ကုဗပေ (၃၂၀) ဘီလီယံသို့ ရောက်ရှိနိုင်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးက ထုတ်ပြန်နသည့် အစီရင်ခံစာအရ သိရပါသည် ။

၂၀၁၉ ခုနှစ်အတွင်း အရန်သိုလှောင်ထားရှိမှုနှင့် ထုတ်လုပ်မှုနှစ်ရပ်လုံးတွင် စံချိန်တင်မြင့်မားခဲ့ကာ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုမှာလည်း ယခင် နှစ်ကထက် (၂၅.၇)ရာခိုင်နှုန်းတိုးတက်လာကာ ယွမ်ငွေ (၃၃၅.၅)ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၉.၆ ဘီလီယံခန့်)သို့ ရောက်ရှိခဲ့ပါသည်။

အလားတူကာလအတွင်း အခြားနိုင်ငံများထံမှ တရုတ်နိုင်ငံအတွင်းသို့ သဘာဝ ဓာတ်ငွေ့တင်သွင်းမှုမှာ ကုဗပေ (၁၃၅.၂) ဘီလီယံသို့ရောက်ရှိလာကာ (၆.၉)ရာခိုင်နှုန်းတိုး လာသည်ကို တွေ့ရပါသည်။

၂၀၁၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံက သဘာဝဓာတ်ငွေ့ဈေးကွက်တွင် ဈေးကွက် ဉီးတည်သောပြုပြင်ပြောင်းလဲမှုများဆီသို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ တွန်းအားပေးရာတွင်  အစီအစဉ်တကျဆောင်ရွက်ထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးနှင့် ဖွံ့ဖြိုးရေးဈေးကွက်အား တံခါးဖွင့်ပေးခြင်း၊ ပေါင်းစည်းထားသော နိုင်ငံအဆင့် ကွန်ယက်တည်ဆောက်ရေးကို မြှင့်တင်ခြင်းနှင့်  လေထုညစ်ညမ်းမှု ကာကွယ် ရေးနှင့် ထိန်းချုပ်ရေးတွင်  သဘာဝဓာတ်ငွေ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကို အပြည့်အဝပေးခြင်းတို့ပါဝင်ပါသည်။

၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော လေထုညစ်ညမ်းမှုထိန်းချုပ်ရေး (၃)နှစ် လုပ်ငန်းစီမံချက်အရ တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏ စုစုပေါင်းအခြေခံ စွမ်းအင်အသုံးပြုမှု၌ သဘာဝဓာတ်ငွေ့အသုံးပြုမှုဝေစုအား (၁၀)ရာခိုင်နှုန်းတိုးမြှင့်သွား မည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua (၂၀-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့