Main menu

Background

နယ်စပ်ဖြတ်ကျော်ဉမင်လိုဏ်ခေါင်း အပြီးသတ်သွားပြီဖြစ်သည့် တရုတ်-လာအို မီးရထားလမ်း

Fri, 09/25/2020 - 19:18 -- journal_editor

တရုတ်-လာအိုမီးရထားလမ်းပေါ်ရှိ နယ်စပ်ဖြတ်ကျော်သည့် ဉမင်လိုဏ်ခေါင်း မှာ စက်တင်ဘာလအစောပိုင်းတွင် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍  ရထားလိုင်းတစ်ခုလုံး အတွက် အပြည့်အဝအသုံးပြုနိုင်ရန် အခြေခံအုတ်မြစ်ကို  တည်ဆောက်ပြီးသွားပြီဖြစ်သည်။

ချစ်ကြည်ရေးဉမင်လိုဏ်ခေါင်းဟု ခေါ်တွင်သည့် ၎င်းလိုဏ်ခေါင်းမှာ ကီလို မီတာ (၉.၅၉)ရှှည်လျားပြီး၊ တရုတ်နိုင်ငံဘက်တွင် (၇.၁၇) ကီလိုမီတာနှင့် လာအိုနိုင်ငံ ဘက်တွင် (၂.၄၂)ကီလိုမီတာ ရှည်လျားသည်။

တရုတ်နိုင်ငံ၏ နည်းပညာစံချိန်စံညွှန်းများနှင့် ကိရိယာတန်ဆာပလာများကို အသုံးပြုထားသည့် တရုတ်-လာအိုမီးရထားလမ်းမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းမြို့မှ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျန်းမြို့သို့ ဆက်သွယ်ထားတာ ကီလိုမီတာ (၁)ထောင်ကျော် ရှည်လျားသည်။ 

အဆိုပါရထားလမ်းစီမံကိန်းအား ၂၀၂၁ ခုနှစ်အကုန်တွင် အပြီးသတ်၍ ဖွင့်လှစ် သွားရန် စီစဉ်ထားရှိပြီး ကူမင်းနှင့် ဗီယန်ကျန်းတို့အကြား ခရီးသွားလာချိန်အား ၁၂ နာရီခန့် လျှော့ချပေးသွားနိုင်ကြောင်း သိရသည်။

ရင်းမြစ်၊ Chinadaily (၁၄-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့