Main menu

Background

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်အသစ်အားအိန္ဒိယအစိုးရကထုတ်ပြန်

Fri, 10/02/2020 - 12:40 -- journal_editor

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၁၅-၂၀၂၀နိုင်ငံခြား ကုန်သွယ်မှုမူဝါဒအရ၂၀၁၇ခုနှစ်မှစတင်၍ကန့်သတ်တင်သွင်းကုန်စည်အဖြစ်သတ်မှတ်ထား သည့်မတ်ပဲအား ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁.၅ သိန်း သတ်မှတ်လျက်၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခုသတ်မှတ်ချက် သည်အိန္ဒိယနိုင်ငံအစိုးရ၏ နှစ်နိုင်ငံချင်းသို့မဟုတ်ဒေသဆိုင်ရာအဆင့်လက်မှတ်ရေးထိုးထား သည့်နားလည်မှုစာချွန်လွှာများနှင့်သက်ဆိုင်မှုမရှိကြောင်း၊ ပြည်တွင်းရှိ သွင်းကုန်လုပ်ငန်းရှင် များသို့ တင်သွင်းခွင့်ခွဲတမ်းအား ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT)မှ သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် S.O. 3446 (E)အား ၁-၁၀-၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့သည်။

          အဆိုပါအမိန့်ကြော်ငြာစာအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထပ်မံတင်သွင်း ခွင့်ပြုသည့် မတ်ပဲတန်ချိန် ၁၅၀၀၀၀ အား ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း၌ မတ်ပဲ တင်သွင်းခွင့်ရရှိခဲ့သည့် ပြည်တွင်းလုပ်ငန်းရှင်များသို့ အညီအမျှ ကိုတာခွဲဝေ သတ်မှတ် ပေးလိုက်ကြောင်းနှင့် ၎င်းလုပ်ငန်းရှင်များအနေဖြင့် HS Code အမှတ် 07133110, 0713 9010 နှင့်0713 9090 တို့ အောက်ရှိ မတ်ပဲ {SPP Vigna Mungo (L.) Hepper} များကို သတ်မှတ်ကာလ ၃၁-၃-၂၀၂၁ ရက် နေ့အတွင်း အိန္ဒိယနိုင်ငံရှိဆိပ်ကမ်းများသို့အရောက် တင်သွင်းကြရန်ဖြစ်ကြောင်း အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁-၁၀-၂၀၂၀ နေ့တွင်ပင် အများပြည်သူဆိုင်ရာ အသိပေးချက်အမှတ်၂၂/(၂၀၁၅-၂၀၂၀) အား ထပ်ဆင့် ထုတ်ပြန်ခဲ့ပါသည်။ DGFT အနေဖြင့် မတ်ပဲတန်ချိန် ၁.၅ သိန်းအား သတ်မှတ်ကာ လကျော်လွန်တင်သွင်းရန်အချိန်တိုးမြှင့်တောင်းခံခြင်းကိုလက်ခံဆောင်ရွက်မည်မဟုတ်ကြောင်းသိရှိရပါသည်။

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. Notification No. S.O. 3446 (E) dated 1st October 2020 of Department of Commerce of India

                   2. Public Notice No. 22/ (2015-2020) dated 1st October 2020 of Directorate General of Foreign Trade of India