Main menu

Background

ပြည်ပနိုင်ငံများနှင့် ခရီးသွားလာခွင့်များ ပြန်လည်ဖြေလျော့ရန် ဂျပန်အစိုးရပြင်ဆင်ဆောင်ရွက်

Tue, 10/06/2020 - 11:10 -- journal_editor

ဂျပန်အစိုးရသည် အခြားပြည်ပနိုင်ငံ ၁၅၉ ခုနှင့် ခရီးသွားလာမှု ဖြေလျော့ခြင်းကို အောက်တိုဘာလမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံ ၁၅၉ ခု အနက် ကိုရိုနာကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကျဆင်းသွားသည့် နိုင်ငံများဖြစ်ကြသည့် သြစတြေးလျ၊ နယူးဇီလန်နှင့် ဗီယက်နမ်တို့မှ အစပြုကာ ခရီးသွားလာမှုကန့်သတ်ချက်များ ဖြေလျော့ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါဖြေလျော့ပေးမည့် ပြည်ပ ၁၅၉ နိုင်ငံသည် လက်ရှိတွင် သွားလာခွင့်ကန့်သတ်ထားသည့် အဆင့် (၃) တွင် ရပ်တည်နေပြီး အရေးမကြီးသည့် ခရီးသွားလာမှု များကန့်သတ်ခြင်းဖြစ်သည့် အဆင့် (၂) သို့ ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ပခရီးသွားများ ဂျပန်နိုင်ငံသို့ ဝင်ရောက်ရေးအတွက် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ကြမည့်သူများနှင့် ကာလရှည်နေထိုင်သူများအတွက် နယ်စပ်ဂိတ်များအပါအဝင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ရန် ပြင်ဆင်နေပါသည်။

ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်ရရှိသူ ပြည်ပနိုင်ငံသားများအနေဖြင့် ဂျပန်နိုင်ငံသို့ ပြန်လည်ဝင် ရောက်ခွင့်ကို စက်တင်ဘာလဆန်းကတည်းက အထူးသတ်မှတ်ချက်များနှင့် ပြန်လည်ဝင်ရောက် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့