Main menu

Background

ကျန်းမာရေးပြုစုစောင့်ရှောက်လုပ်သားမလုံလောက်မှု ဂျပန်ရင်ဆိုင်ရမည်

Tue, 10/06/2020 - 11:22 -- journal_editor

ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (MHLW) က ၂၀၄၀ ပြည့်နှစ်အရောက်တွင် နိုင်ငံ၏သက်ကြီးရွယ်အိုဦးရေ အများဆုံးဖြစ်လာနိုင်သည့်အတွက် ကျန်းမာရေးကဏ္ဍနှင့် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ ဝန်ထမ်းများ အင်အားမလုံမလောက် ဖြစ်လာနိုင်ပါကြောင်း၊ နိုင်ငံ၏လူဦးရေကျဆင်းလာသည်နှင့်အမျှ သက်ကြီးရွယ်အိုများ ပိုမိုများပြားလာသည့်အတွက် အဆိုပါအရေးကိစ္စကိုစိုးရိမ်ဖွယ်ဖြစ်ပါကြောင်း ၎င်းတို့၏ အစီရင်ခံစာမူကြမ်း တွင် သုံးသပ်ဖော်ပြထားပါသည်။

၂၀၄၀ ပြည့်နှစ်တွင် ကျန်းမာရေးကဏ္ဍနှင့် ပြုစုစောင့်ရှောက်ရေးနယ်ပယ်တွင် လုပ်သားအရေအတွက် ၁၀ ဒသမ ၇ သန်း လိုအပ်လာနိုင်ကြောင်း၊  လုပ်သားငါးဦးတွင် တစ်ဦးနှုန်း အဆိုပါနယ်ပယ်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက် နေခြင်းဟု သုံးသပ်ရပါကြောင်း၊ ၂၀၄၀ ပြည့်နှစ်တွင် အသက် ၆၅ နှစ်ရှိသူ အမျိုးသားများ၏ ၄၀ % သည် အသက် ၉၀ နှစ်အထိ အသက်ရှည်ဖွယ်ရာရှိပြီး အမျိုးသမီးများ၏ ၂၀ ရာခိုင်နှုန်းသည် အသက် ၁၀၀ နှစ်အထိ အသက်ရှည်ဖွယ် ရှိပါကြောင်း အဆိုပါအစီရင်ခံစာမူကြမ်းတွင်  ဖော်ပြထားပါသည်။

ထိုအရေးကိစ္စကို  ကိုင်တွယ်ဖြေရှင်းရန် စဉ်ဆက်မပြတ်တိုးတက်စေမည့် လူမှုဖူလုံရေးစနစ်တစ်ခုကို  ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ရန် အဓိကအချက်အနေဖြင့် ၎င်းအစီရင်ခံစာတွင် ထည့်သွင်းထားကြောင်းသိရပါသည်။

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ တိုကျိုမြို့