Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းများကဏ္ဍ၌ ကုန်သွယ်မှုလိုငွေပြမှုပမာဏ မြင့်တက်လာသည့် တရုတ်နိုင်ငံ

Tue, 10/06/2020 - 13:45 -- journal_editor

တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် စာရင်းများအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လ (ပထမခုနစ်လတာ) ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ ကုန်သွယ်မှုပမာဏ၌ ကုန်သွယ်မှု လိုငွေပြမှုပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၂၉ ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက် ၃၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါကာလအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများတင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၁၈ ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၈၉ ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါကာလများအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၁၃၈ ဒသမ ၀၇ ဘီလီယံရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ပြောင်းဖူးစုစုပေါင်း တန်ချိန် ၄ ဒသမ ၅၇ သန်းတင်သွင်းနိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၃၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ဝက်သား စုစုပေါင်းတန်ချိန် ၂ ဒသမ ၅ သန်း တင်သွင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၅၀ ရာခိုင်နှုန်းကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။
source: https://www.globaltimes.cn/content/1200663.shtml