Main menu

Background

ရောင်းလိုအား မြင့်တက်လာသည့်အတွက် တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းခဲ့

Tue, 10/06/2020 - 13:50 -- journal_editor

ငွေကြေးဖောင်းပွမှု၏ အဓိကအညွှန်းကိန်းဖြစ်သည့် စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ဩဂုတ်လအတွင်း ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တည်ငြိမ်လျက်ရှိကြောင်းတရုတ် နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အစားအသောက် ဈေးနှုန်းများအနက် ဝက်သားရောင်းလိုအားမှာ မြင့်တက် လာသော်လည်း ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လျက်ရှိသည့်အတွက်ဈေးနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ကြက်သားနှင့်ဘဲသားဈေးနှုန်းများမှာမူ ၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် သုည ဒသမ ၉ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံအတွင်း၌ ဖြစ်ပေါ်ခဲ့သည့် ရေကြီးနစ်မြှုပ်မှုများအား ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ သည့်အတွက် ဈေးကွက်အတွင်း အစားအစာရောင်းလိုအားများ ပြန်လည် မြင့်တက်လာခြင်း ကြောင့်ငွေကြေးဖောင်းပွမှုတည်ငြိမ်လာခြင်းဖြစ် ကြောင်း၊ ထုတ်လုပ်မှုနှင့် ဈေးကွက် လိုအပ်ချက်များကြောင့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း(PPI)မှာမူ ဩဂုတ်လအတွင်း၌ ဆက်လက်တိုးတက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ တိုးတက်လာခြင်းသည်နိုင်ငံ့စီးပွားရေးတိုးတက်ကောင်းမွန်လာ ခြင်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်စည်ဈေးနှုန်းများသည် နိုင်ငံတကာဈေးကွက်အတွင်းရှိ ရေနံစိမ်းနှင့်သတ္တုဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်လိုက်ပါမြင့်တက်လျက်ရှိ ကြောင်း၊ ရေကြီးရေလျှံမှုများသည် ဩဂုတ်လကုန်တွင်ပြီးဆုံးသွားပြီ ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ပြီး လာမည့်လများအတွင်း၌ ပြည်တွင်းအစား သောက်ရောင်းလိုအား ပြန်လည်မြင့်တက်လာတော့မည်ဖြစ်သည်ဟု တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရိုမှ ကျွမ်းကျင်သူကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။

Source: https://www.globaltimes.cn/content/1200338.shtml